မောင်တောမြို့ ဩဂုတ် ၅ ရက်ဖြစ်စဉ်အပေါ် AA ၏ သုတေသန ထုတ်ပြန်ချက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
159

မောင်တောမြို့ ဩဂုတ် ၅ ရက်ဖြစ်စဉ်အပေါ် AA ၏ သုတေသန ထုတ်ပြန်ချက်

ဩဂုတ် ၂၃ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောမြို့မှာ ၂၀၂၄ ဩဂုတ်လ ၅ ရက်နေ့က AA တိုက်ခိုက်မှုကြောင့် မွတ်ဆလင် ရာနှင့်ချီ သေဆုံးသွားသည်အပေါ် ULA/AA က ခွဲခြမ်းစိတ်ဖြာ အစီရင်ခံစာတစ်စောင်ကို ဩဂုတ် ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။ အဆိုပါ အစီရင်ခံစာကို AA ပြောခွင့်ရ ဦးခိုင်သုခ တယ်လီဂရမ်ကတစ်ဆင့် ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် တရားဝင်ထုတ်ပြန်ထားသည်။

Continue Reading
နောင်ချိုမြို့ကို စစ်ကောင်စီက အင်အားထပ်ဖြည့် TNLA နှင့် တိုက်ပွဲဖြစ်ပွား
စစ်ရေး သတင်း
1 min read
67

နောင်ချိုမြို့ကို စစ်ကောင်စီက အင်အားထပ်ဖြည့် TNLA နှင့် တိုက်ပွဲဖြစ်ပွား

ဩဂုတ် ၂၃ - ၂၀၂၄
0

Western News| ဩဂုတ် ၂၁(သတင်းတို) ရှမ်းပြည် မြောက်ပိုင်းက နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက အင်အားထပ်ဖြည့်ပြီး တအောင်းတပ် TNLA ကို ပြန်လည်တိုက်ခိုက်နေ၍ သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်၂၁ ရက် TNLA ၏ ထုတ်ပြန်ချက်တွင် နံနက် ၉ နာရီ ၅ မိနစ်ကစပြီး စစ်ကောင်စီတပ် ၉၀၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ နောင်ချိုမြို့သည် တအောင်းတပ် TNLA ထိန်းချုပ်ထားသော မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီက ပြန်လည်ရရှိရေး အင်အားအလုံးအရင်း ဖြည့်တင်းကာ

Continue Reading
မျောက်ကျောက် ရောဂါရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
ကျန်းမာရေး သတင်း
1 min read
190

မျောက်ကျောက် ရောဂါရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ

ဩဂုတ် ၂၃ - ၂၀၂၄
0

(WHO က မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါဟု သတိပေးထား) ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည့် မျောက်ကျောက်ရောဂါ (Monkeypox-Mpox) ရှိသူ ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိကြောင်း ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက်က ထိုင်းရောဂါထိန်းချုပ်ရေးဌာန DDC က အတည်ပြုထုတ်ပြန်ထားသည်။ မျောက်ရောဂါ၏ နောက်ဆုံးမျိုးကွဲဖြစ်သည့် Mpox 1b ဗိုင်းရပ်စ်ရှိသူ နိုင်ငံခြားသားတစ်ဦးထံ စတင်တွေ့ရှိကြောင်း ထိုင်း DDC က ဆိုသည်။ Mpox ရှိသူ နိုင်ငံခြားသားမှာ ဩဂုတ်လ ၁၄ ရက်နေ့က အာဖရိကတိုက်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသော ဥရောပနိုင်ငံသားဖြစ်ပြီး လူနာအား စမ်းသပ်မှုများဆက်လုပ်နေကာ တွေ့ရှိချက်များကို ချက်ခြင်းသတင်းထုတ်ပြန်သွားမည်ဟု ထိုင်း DDC က ပြောသည်။ မျောက်ကျောက်ရောဂါ

Continue Reading
ပအိုဝ်းအမျိုးသားတပ် PNA မှာ စစ်အင်အား ၁ သောင်း သင်တန်းဆင်း
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
125

ပအိုဝ်းအမျိုးသားတပ် PNA မှာ စစ်အင်အား ၁ သောင်း သင်တန်းဆင်း

ဩဂုတ် ၂၃ - ၂၀၂၄
2

(ဓါတ်ပုံသတင်း) ပအိုဝ်းအမျိုးသားတပ်မတော် PNA/PNO နှင့် နောင်တရားမြို့ ဒေသခံပြည်သူများ ပူးပေါင်းပြီး အမှတ်စဉ် (၁) စစ်သင်တန်းပြုလုပ်ကာ စစ်အင်အား ၁ သောင်းဖြင့် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း PNA က ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အပါအဝင် နောင်တရားမြို့က ဒေသခံပြည်သူများမှာ အမှတ်စဉ် (၁) စစ်အင်အား တစ်သောင်းဖြင့် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို ပအိုဝ်းအမျိုးသားတပ်မတော် (PNA) စစ်ဦးစီးချုပ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဝင်များ၊ စန္တာႏခမ်း စစ်ဒေသမှူးများနှင့် ပြည်သူလူထုများတက်ရောက်ခဲ့ကြောင်း သိရသည်။

Continue Reading
မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ၊ ဘယ်လိုရှောင်ရှားနိုင်မလဲ
ကျန်းမာရေး ရုပ်သံ သတင်း
1 min read
103

မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ၊ ဘယ်လိုရှောင်ရှားနိုင်မလဲ

ဩဂုတ် ၂၂ - ၂၀၂၄
0

မျောက်ကျောက်ရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး တိရစ္ဆာန်ကတစ်ဆင့် လူကို ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါတယ်။WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါလို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးကြေညာထားပါတယ်။

Continue Reading
အမ်းနှင့် မောင်တောက စစ်ကောင်စီတပ်သားများ လစာမရသည်မှာ ၂ လ ရှိနေပြီဟုပြော
စစ်ရေး သတင်း
1 min read
108

အမ်းနှင့် မောင်တောက စစ်ကောင်စီတပ်သားများ လစာမရသည်မှာ ၂ လ ရှိနေပြီဟုပြော

ဩဂုတ် ၂၂ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မိမိတို့၏သတ်မှတ်လစာအား မရရှိကြသည်မှာ ၂ လအထိ ရှိနေပြီဟု စစ်တပ်အသိုင်းဝန်းထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇွန်နှင့် ဇူလိုင်လအတွက် သတ်မှတ်လစာများကို မရရှိသေးခြင်းဖြစ်ပြီး လမ်းကြောင်းအဆင်မပြေ၍ ငွေမရောက်သည့်အကြောင်းပြချက်ပေးနေကြောင်း စစ်တပ်အသိုင်းဝန်းမှ အမ်းမှာတာဝန်ကျ အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။ “လစာမရတာ ၂ လရှိပြီ။ ငွေပို့ဖို့ လမ်းကြောင်းတွေ အဆင်မပြေတာကြောင့်လို့တော့ သိရတယ်။ တခြားတော့လည်း မသိဘူး။ ရတော့ရမယ်ပေါ့။ အဲ့လိုမျိုးပဲ” ဟု ပြောသည်။ လစာမရကြသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အမ်းမြို့ဒေသခံပြည်သူများအား စစ်ဆေးရေးတင်းကျပ်မှု ပိုလုပ်ကာ ငွေတောင်းခံနေသည်ဟု အသက် ၂၈ နှစ်အရွယ် အမ်းဒေသခံ အမျိုးသမီးတစ်ဦးက

Continue Reading
ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို
စီးပွားရေး သတင်း
1 min read
175

ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို

ဩဂုတ် ၂၂ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့အနီးက မြန်မာ့ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော မြေဧက ၃၁၀ ကျော် ကျယ်ဝန်းသည့် ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားပြီဟု ဒေသခံများက ပြောသည်။ တိုက်ပွဲမှာ ဂွမြို့အနီးသို့ ကပ်လာနေ၍ လုပ်ငန်းဆောင်ရွက်မှု အားလုံးရပ်တန့်သွားပြီး အလုပ်သမားများလည်း တစ်ယောက်မှ မရှိတော့ကြောင်း လုပ်ငန်းခွင့်အတွင်းမှ စစ်ရှောင်လာသူတစ်ဦးက ဆိုသည်။ ” စက်ပစ္စည်းတွေကတော့ ရှိနေသေးတယ်။ အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေက မရှိတော့ဘူး။ မိုးရာသီကာလဆိုတော့ အပြင်ပိုင်းသိပ်မလုပ်ဖြစ်ဘူး။ အတွင်းပိုင်းတွေ အဓိက ဦးစားပေးလုပ်နေကြတာ။ ကျနော်က ရွှေရတီဟိုတယ် တည်ဆောက်မှုလုပ်ငန်းခွင်ထဲပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော် နှစ်ပတ်လောက်ကနေ မရှိတော့တာ။ ဂွမှာလည်း တစ်ယောက်မှမရှိတော့ဘူးလေ။ တိုက်ပွဲကလည်း အရမ်းကပ်လာတော့ အားလုံး စစ်ရှောင်ကြတာပေါ့။ ” ဟု

Continue Reading
TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့
ဓါတ်ပုံသတင်း သတင်း
1 min read
114

TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့

ဩဂုတ် ၂၁ - ၂၀၂၄
0

(ဓါတ်ပုံသတင်း) တအောင်းတပ် TNLA သိမ်းပိုက်ထားသော မန္တလေးတိုင်းထဲက မိုးကုတ်မြို့မှာ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ပုံမှန်လည်ပတ်နေပြီဟု TNLA က ယမန်နေ့ ဩဂုတ်လ ၂၀ ရက်က ထုတ်ပြန်သည်။ ပတ္တမြားမြေဟု တင်စားကြသော မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီထံမှ တအောင်းတပ် TNLA က အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ TNLA က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်၍ ဒေသခံပြည်သူများမှာလည်း သွားလာလှုပ်ရှားမှုရှိနေကြပြီဟု TNLA က ဆိုသည်။

Continue Reading
သိမ်းထား စခန်းများ၊ မြို့များ ပြန်မပေးရရေး NUG သေချာပြင်ဆင်
စစ်ရေး
1 min read
84

သိမ်းထား စခန်းများ၊ မြို့များ ပြန်မပေးရရေး NUG သေချာပြင်ဆင်

ဩဂုတ် ၂၁ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းယူထားသော စခန်းများ၊ မြို့များ ပြန်မပေးရရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးများအတွင်း ဆွေးနွေးနေကြကြောင်း သိရသည်။ ဩဂုတ် ၂၀ ရက် နံနက်က NUG အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သိမ်းထားစခန်းများ၊ မြို့များကို ဆက်လက်ထိန်းသိမ်းရေး စနစ်တကျပြင်ဆင်ကြရန် ထည့်သွင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ “စစ်ရေးအရ အောင်မြင်မှုတွေဖြစ်တဲ့ စခန်းတွေသိမ်းနိုင်၊ မြို့တွေ သိမ်းနိုင်ပြီးတဲ့ နောက်မှာ ဆက်လက် ထိန်းထားဖို့နဲ့ အုပ်ချုပ်‌ရေး ယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ကိစ္စရပ်တွေအတွက် စနစ်တကျ ပြင်ဆင်ကြဖို့ လိုအပ်သလို ရှေ့မြို့တွေမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို လည်း ကောင်းမွန်တဲ့ သင်ခန်းစာတွေအဖြစ် ပြန်လည်အသုံးချနိုင်ဖို့လည်း အရေးကြီးကြောင်း မှာကြားလိုပါတယ်။”

Continue Reading
မြန်မာမှာ လူ ၁၉ သန်းနီးပါး အရေးပေါ်အကူအညီလိုအပ်
သတင်း
1 min read
85

မြန်မာမှာ လူ ၁၉ သန်းနီးပါး အရေးပေါ်အကူအညီလိုအပ်

ဩဂုတ် ၂၁ - ၂၀၂၄
0

မြန်မာနိုင်ငံမှာ စစ်ရှောင်များအပါအဝင် အရပ်သားပြည်သူ လူ ၁၉ သန်းနီးပါး (၁၈.၆ သန်း) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကုလက ယမန်နေ့ ဩဂုတ် ၁၉ တွင် ထုတ်ပြန်ထားသည်။ လူ ၁၉ သန်းနီးပါးထဲက ၆ သန်းမှာ ကလေးငယ်များဖြစ်ပြီး ကျယ်ပြန့်သော ပဋိပက္ခများနှင့် ဆိုးရွားသော သဘာဝဘေးအန္တရာယ်များ၏ နာကျင်စေသည့် အကျိုးဆက်များကို ရင်ဆိုင်နေရသည်ဟု ကုလအဖွဲ့ UNOCHA မြန်မာက ဆိုသည်။ ဆိုးရွားသော အကျပ်အတည်းမှုများကြောင့် လူများစွာ အသက်ရှင်သန်ရေး အလွန်ခက်ခဲနေကြပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အသက်ကယ်ဆယ်ရေး အကူအညီများ လိုအပ်နေကြောင်းနှင့် ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်း UNOCHA က

Continue Reading