ရခိုင်နဲ့ မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှား ရေးသားသူတွေကို AA သတိပေး
ဘူးသီးတောင်၊ မောင်တောဒေသက အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်နဲ့ မွတ်ဆလင်ကြား သတင်းတု၊ သတင်းမှားတွေနဲ့ စွပ်စွဲပြောဆိုရေးသားသူတွေကို အာရက္ခတပ်တော် AA က သတိပေးနေပါတယ်။ မောင်တော မြို့သိမ်းတိုက်ပွဲအခြေအနေကို နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့ဟာ သတင်းတု၊ သတင်းမှားတွေနဲ့ စွပ်စွဲပြောဆို ရေးသားနေကြတာကို ဆက်တိုက်တွေ့နေရတယ်လို့ AA က မနေ့က ထုတ်ပြန်ပါတယ်။
AA က မောင်တောမြို့ထဲ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ မောင်တောမြို့ထဲက အဆင့်ဆင့်ခုခံနေတဲ့ကြားက စစ်ကောင်စီတပ်စခန်း ၃ ခုကို AA က သိမ်းပိုက်
မောင်တောက တပ်စခန်း ၃ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီမှ မြို့ထဲကနေ အဆင့်ဆင့်ခုခံနေ
ရခိုင်ပြည် မောင်တောမြို့ မြောက်ဘက်ရှိ စစ်ကောင်စီ၏ ဟော်ရီတူလာရွာ တပ်စခန်းနှင့် တောင်ဘက်ရှိ မောင်နီရွာရဲစခန်း၊ ၃ မိုင်တပ်စခန်းတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြသည်။ မောင်တောမြို့အနီးအနားက စစ်ကောင်စီတပ်စခန်းများနှင့် ဌာနချုပ်အချို့ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့သိမ်းတိုက်ပွဲအား ဩဂုတ်လ ၄ ရက်နေ့တွင် AA က စတင်ခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့တွင်ပင် မောင်နီရွာရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ကာ ဩဂုတ်လ ၆ ရက်တွင် ဟော်ရီတူလာတပ်စခန်းနှင့် ဩဂုတ်လ ၉ ရက်နေ့တွင် မောင်တော ၃ မိုင်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။ မောင်တောမြို့ကို နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီး မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုအား
စစ်ကောင်စီ ပစ်ခတ်၍ ကျိန္တလီမြို့မှာ အရပ်သား ၁၁ ဦးသေ၊ ၁၁ ဦးဒဏ်ရာရ
ရခိုင်ပြည် ဂွမြို့နယ် ကျန္တလီမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း ဗုံးဆက်တိုက်ကြဲချနေ၍ ယမန်နေ့က အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။ ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများနှင့် ဗုံးများမှာ ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။ ကျိန္တလီစစ်ရှောင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ” မနေ့က ကျိန္တလီမြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ အကြိမ်ရေက မနည်းဘူး။
ဝမ်းရောဂါကြောင့် သေဆုံးသူ ၅ ဦးရှိလာ၍ မောင်တောက စစ်ရှောင် ၂၀,၀၀၀ အတွက် ဆေးဝါးအကူအညီလိုနေဟု အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာကို AA အကူအညီတောင်း
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောဒေသတွင် ဝမ်းပျက်ဝမ်းလျှော့ရောဂါကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာနေ၍ စစ်ရှောင် ၂၀,၀၀၀ အတွက် ဆေးဝါးများ အရေးတကြီးလိုအပ်နေသည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန် အကူအညီတောင်းခံထားသည်။ မောင်တောဒေသတွင် ဝမ်းပျက်ဝမ်းလျှော့ ရောဂါဖြစ်ပွားမှု တိုးလာခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များက ဆေးဝါးကူညီပေးကြရန် ULA/AA မှ ဖွဲ့စည်းထားသော အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တစ်ဆင့် AA က အကူအညီတောင်းခံနေသည်။ “ယခုအချိန်တွင် မောင်တောဒေသမှ တိုက်ပွဲရှောင်ပြည်သူများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိသောကြောင့် ထိုသူများအတွက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်သက်ဆိုင်သော ဆေးဝါးများအပြင် အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်သောဆေးဝါးများမှာ အရေးတကြီးလိုအပ်လျက်ရှိနေပါသည်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ မောင်တောဒေသက
တိုက်ပွဲမရှိဘဲ တောင်ကုတ်ကို စစ်ကောင်စီ ဗုံးကြဲနေ
(မိုးပညာဒါန ပရဟိတကျောင်း ထိခိုက်ပျက်စီး) ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ အာဏာသိမ်း စစ်ကောင်စီသည် တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့် ဝေးသည့် မိုးတောင်တန်းကို ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၃ နာရီကျော်အချိန်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မိုးတောင်တန်းကို ဗုံး ၅ လုံးထက်မနည်း ကြဲချခဲ့ပြီး မိုးတောင်ပေါ်ရှိ မိုးပညာဒါန ပရဟိတ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားကြောင်း အမည်မဖော်လိုသည့် အသက် ၄၅ နှစ်အရွယ် မြို့ခံတစ်ဦးက ပြောသည်။ ” ဒီနေ့ နံနက်ပေါ့ အာရုဏ်ပေါ့နော် ၃ နာရီ ၁၅ မိနစ်မှာ ၁ လုံးကြဲတယ်။ ၁၉
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ
(ထိုင်းဝန်ကြီးချုပ်သမိုင်း အသက်အငယ်ဆုံးဟုဆို) ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး အသက် ၃၇ နှစ်အရွယ်ရှိPaetongtarn Shinawatra (ပေထောင်တန် ရှင်နာဝပ်ထရာ) သည် ထိုင်းဝန်ကြီးချုပ်ဖြစ်လာကြောင်း သိရသည်။ အာဏာရညွန့်ပေါင်းပါတီများက ဝန်ကြီးချုပ်လောင်းအဖြစ် Paetongtarn ကို လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ Paetongtarn မှာ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည်။ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် ဝန်ကြီးချုပ် Srettha Thavisin ကို ရာထူးမှ ဖယ်ရှားပြီးနောက် ထိုင်း ဝန်ကြီးချုပ်အသစ်နေရာ သက်ဆင်သမီးကို အာဏာရ ညွန့်ပေါင်းပါတီများက အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ Paetongtarn Shinawatra သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်ပြီး အသက်
တိုက်ပွဲ ဂွမြို့အထိရောက်လာ၍ မြို့ခံအားလုံး ဧရာဝတီဘက် တိမ်းရှောင်
ရခိုင်ပြည် ဂွမြို့အထိ အာရက္ခတပ်တော် AA ထိုးစစ် ရောက်ရှိလာပြီး အာဏာသိမ်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၀ ရက်နေ့က ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ဒေသခံများပြောပြချက်အရ ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီဟု ပြောဆိုကြသည်။ အသက် ၃၅ နှစ်အရွယ် ဂွမြို့ပေါ်ဒေသခံ အမျိုးသားတစ်ဦးက ” ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီလို့ ပြောလို့ရပါတယ်။ ကျိန္တလီမြို့မှာ စစ်ကောင်စီ မရှိတော့ပါဘူး။
ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝှမ်း မြို့ကြီးများတွင် ကျန်းမာရေးဝန်ဆောင်မှု ရပ်ဆိုင်း
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ အလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် နိုင်ငံတစ်ဝှမ်းမြို့ကြီးများတွင် အရေးပေါ်ဌာနများမှလွဲ၍ ကျန်းမာရေးဝန်ဆောင်မှုများ အားလုံးကို ဆိုင်းငံ့ထားကြောင်း သိရသည်။ ကာလကတ္တားမြို့က အစိုးရဆေးရုံတစ်ရုံတွင် အသက် ၃၁ နှစ်အရွယ် အလုပ်သင်ဆရာဝန်တစ်ဦး ဩဂုတ်လ ၉ ရက်နေ့က အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရ၍ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ညတွင်းချင်း ကာလကတ္တားမြို့က ဆရာဝန်များ ဆန္ဒထုတ်ဖော်ကြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူသတ်မှုကျူးလွန်သည့် တရားခံအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။ ဆရာဝန်များ၏ ဆန္ဒပြမှုမှာ ဩဂုတ်လ ၁၂ ရက်တွင် ပိုမိုကြီးထွားလာကာ ကာလကတ္တားမြို့နှင့် အနောက်ဘန်ဂယ်ပြည်နယ် မြို့များတွင် ထောင်နှင့်ချီသော ဆရာဝန်များ၊ သူနာပြုများက လမ်းလျှောက်ဆန္ဒပြလာကြသည်။ ဆရာဝန်များ