AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့နှင့်နီးသည့် မာန်အောင်ဒေသမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာ
စစ်ရေး သတင်း
1 min read
261

AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့နှင့်နီးသည့် မာန်အောင်ဒေသမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာ

စက်တင်ဘာ ၂ - ၂၀၂၄
0

(မာန်အောင်ကျွန်းကို စစ်ကောင်စီက အင်တာနက် စတင်ဖြတ်တောက်ထား) အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့ မြစ်ကမ်းနှင့်နီးသည့် မာန်အောင်ဘက်ခြမ်းတွင် အာဏာသိမ်း စစ်ကောင်စီက ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ရမ်းဗြဲမြစ်ကမ်းနှင့်နီးသော မာန်အောင်မြို့နယ် အစွန်အဖျားရှိ ကျေးရွာများနှင့် ပင်လယ်ကမ်းအနီးကို ရာချီပါသော အင်အားများဖြင့် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု အမည်မဖော်လိုသည့် မာန်အောင်ဒေသခံ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ “မြို့အစွန်ကျေးရွာတွေမှာ အဓိကခြေချ လှုပ်ရှားလာကြတာတွေတွေ့ရပါတယ်။ အရင်က တပ်ဖွဲ့တစ်ခုပဲချထားတဲ့နေရာမှာ ၂ ခုကနေ ၃ ခုအထိချထားလာတယ်။ ပြီးတော့ ကျေးရွာတွေတွင်းမှာ နေရာယူထားလာကြတယ်။ တပ်စခန်းမချတဲ့ ကျေးရွာတွေဆိုရင်လည်း မကြာမကြာကင်းလှည့်ပြီး သွားလာကြတာတွေ လုပ်လာတယ်” ဟုပြောသည်။

Continue Reading