မွတ်ဆလင်များ နေရပ်ပြန်ရေး AA နှင့် ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို အကြံပြု
စစ်ရေး နိုင်ငံရေး သတင်း
1 min read
40

မွတ်ဆလင်များ နေရပ်ပြန်ရေး AA နှင့် ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို အကြံပြု

စက်တင်ဘာ ၃ - ၂၀၂၄
0

(ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲများကြောင့် မွတ်ဆလင် ၈,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံ) ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံရန်ရောက်သွားကြသည့် မွတ်ဆလင်များကို နေရပ်ပြန်ပို့နိုင်ရေး အာရက္ခတပ်တော် AA နှင့် ဆွေးနွေးရေးလမ်းကြောင်းတစ်ခု ဖန်တီးရန် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကို အကြံပြုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးက ဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး Md Touhid Hossain ကို မွတ်ဆလင်အရေးနှင့်ပတ်သက်၍ သတင်းထောက်များမှ မေးမြန်းရာတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ Touhid က “မွတ်ဆလင်တွေ နေရပ်ပြန်ရေး လွယ်ကူချောမွေ့စေဖို့ ရခိုင်ပြည်နယ်မှာ လက်ရှိ ထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု လိုအပ်ကြောင်း

Continue Reading
မြန်မာအပါအဝင် နိုင်ငံ ၆ ခုကို ပါ့စ်ပို့အတုလုပ်ပေးသူ ၁၃ ဦးအား မလေးရှားဖမ်းဆီး
ကျန်းမာရေး သတင်း
1 min read
55

မြန်မာအပါအဝင် နိုင်ငံ ၆ ခုကို ပါ့စ်ပို့အတုလုပ်ပေးသူ ၁၃ ဦးအား မလေးရှားဖမ်းဆီး

စက်တင်ဘာ ၃ - ၂၀၂၄
0

မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၆ ခုကို ပါ့စ်ပို့အတု လုပ်ပေးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦးနှင့် မလေးရှားနိုင်ငံသား ၁ စုစုပေါင်း ၁၃ ဦးပါ မှောင်ခိုအဖွဲ့ကို မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ မှောင်ခိုအဖွဲ့များနှင့် မှောင်ခိုလုပ်သူများအား ဖမ်းဆီးရန် နှစ်ပတ်ကြာ အထူးစစ်ဆင်ရေးပြုလုပ်ပြီးနောက် ပါ့စ်ပို့အတုလုပ်ပေးသည့်အဖွဲ့ကို ဩဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဩဂုတ်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကွာလာလမ်ပူမြို့ အနည်းဆုံး ၄ နေရာဖြစ်သည့် ဘန်ဒါမန်ဂျာရာ၊ ဂျာလန်မီဒန်တွမ်ကူ၊ ဂျာလန်တိုင်နမ်နှင့် ဂျာလန်ချရက်စ်တို့တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၁၃

Continue Reading
လှိုင်သာယာ စက်မှုဇုံထဲက အလုပ်သမား ၈၀,၀၀၀ ၏ ကိုယ်ရေး အချက်အလက်များကို စစ်ကောင်စီ ကောက်ယူနေဟု NUG ပြော
စီးပွားရေး သတင်း
1 min read
36

လှိုင်သာယာ စက်မှုဇုံထဲက အလုပ်သမား ၈၀,၀၀၀ ၏ ကိုယ်ရေး အချက်အလက်များကို စစ်ကောင်စီ ကောက်ယူနေဟု NUG ပြော

စက်တင်ဘာ ၃ - ၂၀၂၄
0

ရန်ကုန်တိုင်းဒေသ လှိုင်သာယာ စက်မှုဇုံထဲက စက်ရုံအလုပ်သမား ၈ သောင်း (၈၀,၀၀၀) ၏ ကိုယ်ရေးအချက်အလက်များကို အာဏာသိမ်း စစ်ကောင်စီက ကောက်ယူနေသည့်အတွက် ပြည်သူများမှာ နေ့စဉ် ထိတ်ထိတ်လန့်လန့် နေနေရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်သည့် NUG အစိုးရအဖွဲ့အတွင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုံထဲက စက်ရုံအလုပ်သမား (၈၀၀၀၀) ကျော်ရဲ့ ကိုယ်ရေး အချက်အလက်တွေကိုလည်း စစ်အုပ်စုဟာ ကောက်ယူနေတယ်ဆိုလို့ ပြည်သူတွေလည်း နေ့စဥ် ထိတ်ထိတ်လန့်လန့် နေနေရတာမျိုးလည်း ကြားသိရပါတယ်။ ပိုဆိုးတာက အခုဆိုရင် ပြည်သူ့ လုံခြုံရေးအဖွဲ့အတွက်ဆိုပြီး

Continue Reading
ဘူးသီးတောင်၊ မောင်တောဟာ ရခိုင်ရဲ့ ဘိုးဘွားပိုင်မြေဖြစ်တယ် အင်္ဂါဂြိုဟ်က လာပြောရင်လည်း သိမ်းမှာပဲ
စစ်ရေး အင်တာဗျူး
1 min read
75

ဘူးသီးတောင်၊ မောင်တောဟာ ရခိုင်ရဲ့ ဘိုးဘွားပိုင်မြေဖြစ်တယ် အင်္ဂါဂြိုဟ်က လာပြောရင်လည်း သိမ်းမှာပဲ

စက်တင်ဘာ ၃ - ၂၀၂၄
0

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောဆိုချက်ထဲက ကောက်နုတ်ချက်အချို့ အာရက္ခတပ်တော် AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဧရာဝတီသတင်းဌာန တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်းအစီအစဉ်မှာ ဘူးသီးတောင်၊ မောင်တောသည် ရခိုင်၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး အင်္ဂါဂြိုဟ်က လာပြောလျှင်လည်း သိမ်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေက ရခိုင်ပြည် မောင်တောမြို့ နတ်မြစ်ကမ်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စစ်ရှောင်ရန် စောင့်ဆိုင်းနေသည့် မွတ်ဆလင် လူအုပ်ကို အာရက္ခတပ်တော် AA က ဒရုန်းနှင့်ပစ်ခတ်သည်ဟု ဖြစ်စဉ်ထဲပါ မွတ်ဆလင်အချို့နှင့် ပြည်ပရောက် မွတ်ဆလင်တက်ကြွလှုပ်ရှားသူအချို့က စွပ်စွဲပြောဆိုထားကြသည်။ အဆိုပါစွပ်စွဲပြောဆိုချက်များကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုလို တုန့်ပြန်ပြောဆိုထားသည်။ “တကယ်လို့များဗျာ၊ ကျနော်တို့က

Continue Reading
ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင်ကို ကျပ် ၅ သောင်းအထိ ဈေးကြီးနေလို့ ကျောင်းသားတွေအခက်ကြုံနေ
ပညာရေး ရုပ်သံ သတင်း
1 min read
469

ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင်ကို ကျပ် ၅ သောင်းအထိ ဈေးကြီးနေလို့ ကျောင်းသားတွေအခက်ကြုံနေ

စက်တင်ဘာ ၃ - ၂၀၂၄
1

Continue Reading
စစ်ကောင်စီနှင့် ပူးပေါင်းသည့် နိုင်ငံရေးပါတီ ၅၁ ခုရှိလာ
နိုင်ငံရေး သတင်း
1 min read
114

စစ်ကောင်စီနှင့် ပူးပေါင်းသည့် နိုင်ငံရေးပါတီ ၅၁ ခုရှိလာ

စက်တင်ဘာ ၃ - ၂၀၂၄
0

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့အထိ စစ်ကောင်စီက ခွင့်ပြုထားခြင်းနှင့် မြန်မာ့နိုင်ငံရေးအား စစ်ကောင်စီနှင့်အတူပူးပေါင်းနေသော နိုင်ငံရေးပါတီ ၅၁ ခုရှိပြီဖြစ်သည်။ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ စာအရင်းအရ ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၇ ခုရှိသည့်အနက် ၅၁ ခုကို စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၃ ခုနှင့် တည်ထောင်ပြီးမှ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခု စုစုပေါင်း ၁၁ ပါတီကို အာဏာသိမ်း စစ်ကောင်စီက ငြင်းပယ်ခဲ့သည်။ ယင်းငြင်းပယ်မှုထဲတွင် ရခိုင်က အင်အားအကြီးဆုံးပါတီဖြစ်သော

Continue Reading
ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင် ကျပ် ၅ သောင်းအထိ ဈေးကြီးနေ၍ ကျောင်းသားများအခက်ကြုံနေ
စီးပွားရေး ပညာရေး သတင်း
1 min read
115

ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင် ကျပ် ၅ သောင်းအထိ ဈေးကြီးနေ၍ ကျောင်းသားများအခက်ကြုံနေ

စက်တင်ဘာ ၃ - ၂၀၂၄
0

ရခိုင်ပြည်က မြို့ ၈ မြို့ဖြစ်သည့် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော ဒေသတို့တွင် ကျောင်းသုံး ဗလာစာအုပ် တစ်ဒါဇင်ကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ဈေးကြီးနေ၍ ကျောင်းသားကျောင်းသူများမှာ စာအုပ်မဝယ်နိုင်သည့် အခက်အခဲကို ကြုံတွေ့နေရသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။ အဆိုပါဒေသက မိဘများမှာ ကလေးငယ်များအား ကျောင်းဆက်လက်ထားရန် ခက်ခဲနေကြောင်းနှင့် အိမ်တစ်အိမ်တွင် ကျောင်းတက်ရမည့်အရွယ် ၂ ဦးကနေ ၃ ဦးအထိရှိနေသော်လည်း စာရေးကိရိယာများဈေးကြီး၍ ကလေးငယ် တစ်ဦးကိုသာ ကျောင်းထားပေးနိုင်တော့သည်ဟု အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “ဒီနှစ်တစ်ယောက်က Grade-

Continue Reading