လူထုတော်လှန်ရေးတပ် PRA မှာ အပတ်စဉ် ၆ စစ်သင်တန်းဆင်း
စစ်ရေး သတင်း
1 min read
44

လူထုတော်လှန်ရေးတပ် PRA မှာ အပတ်စဉ် ၆ စစ်သင်တန်းဆင်း

စက်တင်ဘာ ၄ - ၂၀၂၄
0

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတပ်ဖွဲ့က အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ အခမ်းအနားတွင် စစ်ကြောင်းလိုက်ချီတက်အလေးပြုခြင်း၊ ဂုဏ်ပြုမိန့်ခွန်းဖတ်ကြားခြင်းနှင့် ထူးချွန်စစ်သည်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အစီအစဉ်များပါဝင်ခဲ့သည်။ ယခု အပတ်စဉ် (၆) သင်တန်းသည် ရာသီဥတုဆိုးဝါးခြင်း၊ ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ခံရခြင်း စသည့် အခက်အခဲများဖြင့် စီစဉ်ခဲ့ရသည့် သင်တန်းလည်းဖြစ်သည်ဟု PRA က ဆိုသည်။ သင်တန်းဆင်းရဲဘော်များသည် မကြာမီအချိန်အတွင်း PRA-Magway ၏ ဌာနအသီးသီးတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြမည်ဖြစ်ပြီး PRA-Magway သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့ကို အစဉ်ဦးထိပ်ထားလျှက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုဖြစ်သည်။

Continue Reading
MNDAA, TNLA နှင့် AA ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ဟု ကြေညာခြင်းမှာ တရားမဝင်ဟု NUG ထုတ်ပြန်
စစ်ရေး သတင်း
1 min read
40

MNDAA, TNLA နှင့် AA ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ဟု ကြေညာခြင်းမှာ တရားမဝင်ဟု NUG ထုတ်ပြန်

စက်တင်ဘာ ၄ - ၂၀၂၄
0

မြန်မာပြည်သူများက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်/စစ်အုပ်စု) က တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ကို အကြမ်းဖက်ဖွဲ့များဖြစ်သည်ဟု စက်တင်ဘာလ ၂ ရက်နေ့က ကြေညာခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်မှာ တရားမဝင်ကြောင်းနှင့် MNDAA, TNLA နှင့် AA တို့ လက်နက်ကိုင်အဖွဲ့အစည်းများမှာ အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်အသိပေးခဲ့သည်။ “မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ်

Continue Reading
ပေါက်တောက မွတ်ဆလင် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများနှင့် စားနပ်ရိက္ခာပြတ်လပ်နေ
ကျန်းမာရေး သတင်း
1 min read
42

ပေါက်တောက မွတ်ဆလင် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများနှင့် စားနပ်ရိက္ခာပြတ်လပ်နေ

စက်တင်ဘာ ၄ - ၂၀၂၄
0

ရခိုင်ပြည် ပေါက်တောမြို့နယ်တွင်ရှိသော မွတ်ဆလင်များနေထိုင်ကြသည့် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများမရှိခြင်းနှင့် စားနပ်ရိက္ခာများ ပြတ်လပ်သွား၍ ဒုက္ခသည် ၃ ပုံ ၂ ပုံက အငတ်ဘေးကို ရင်ဆိုင်နေရသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။ ဒုက္ခသည်စခန်း ၅ ခုမှာ ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရွဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့ဖြစ်ပြီး မွတ်ဆလင်ဒုက္ခသည် အရေအတွက် ၃၀,၀၀၀ (သုံးသောင်း) ကျော်ရှိကြောင်း အမည်မဖော်လိုသည့် အသက် ၅၀ ကျော်အရွယ် စခန်းတာဝန်ခံတစ်ဦးက ပြောသည်။ ” ၂၀၂၃ နိုဝင်ဘာ တိုက်ပွဲစဖြစ်ကတည်းက ရိက္ခာတွေ ထောက်ပံ့ကြေးမရတော့ဘူး။ WFP က နှစ်လစာပဲ ထောက်ပံ့ပေးခဲ့ပြီးတော့

Continue Reading
တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် ကရင်နီ IEC ထုတ်ပြန်
နိုင်ငံရေး သတင်း
1 min read
34

တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် ကရင်နီ IEC ထုတ်ပြန်

စက်တင်ဘာ ၄ - ၂၀၂၄
0

ကရင်နီပြည် (ကယား) မှာ ပြည်သူလူထု လူမှုဘဝလုံခြုံပြီး မျှတစွာ ရှင်သန်ရပ်တည်ခွင့်ရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေး အရေးပေါ်သတိပေးချက် တစ်စောင်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်သည်။ ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်း၍ ကရင်နီပြည်အတွက် တရားဥပဒေစိုးမိုးရေးစီမံချက် တစ်ရပ်ကို ချမှတ်ထားကြောင်း IEC က ယနေ့ စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုများအနေဖြင့် အထူးစီမံ တားမြစ်သည့် လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် IEC က သတိပေးထားသည်။ IEC ၏ အထူးတားမြစ်ချက်မှာ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်း၊

Continue Reading
တော်လှန်ရေးတပ်ဖွဲ့များကို လိုအပ်သလို တုန့်ပြန်မည်ဟု မင်းအောင်လှိုင်ပြော
စစ်ရေး သတင်း
1 min read
48

တော်လှန်ရေးတပ်ဖွဲ့များကို လိုအပ်သလို တုန့်ပြန်မည်ဟု မင်းအောင်လှိုင်ပြော

စက်တင်ဘာ ၄ - ၂၀၂၄
0

သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ တော်လှန်ရေးအင်အားစုများ၊ တပ်ဖွဲ့များကို လိုအပ်သလို တုန့်ပြန်တိုက်ခိုက်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရှောက်ရှိခဲ့ပြီး ရှမ်းပြည်နယ်စစ်ကောင်စီအဖွဲ့နှင့်တွေ့ဆုံစဉ် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ “လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေး ကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်” ဟု ပြောဆိုခဲ့သည်။ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များသည် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေကြပြီး မြန်မာစစ်တပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အရပ်သားပြည်သူလူထုအနေဖြင့် ဘေးကင်းလုံခြုံရေးကို သတိပြုကြရန်ဟု စစ်ခေါင်းဆောင်က

Continue Reading
ဖားကန့်မှာ စစ်ကောင်စီနှင့် KIA တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
36

ဖားကန့်မှာ စစ်ကောင်စီနှင့် KIA တိုက်ပွဲပြင်းထန်နေ

စက်တင်ဘာ ၄ - ၂၀၂၄
0

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးတွင် ယနေ့ မွန်းလွဲပိုင်းမှစတင်၍ စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။ ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ ဖားကန့်မြို့မှ အင်အား ၁၀၀ ကျော်ဖြင့် ကျန်ဂပ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KIA ၊ PDF ပူးပေါင်းတပ်များက ၀ိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားနေချိန် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး လက်ရှိအချိန်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း KIA စစ်ရေးသတင်းမြစ်က ဆိုသည်။ “ဖားကန့်ကနေ ကျန်ဂပ်ဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀

Continue Reading