မီဇိုရမ်ဝန်ကြီးချုပ်က AA နှင့် မိတ်ဆွေဖွဲ့မည်ဟုဆို
စီးပွားရေး နိုင်ငံရေး သတင်း
1 min read
88

မီဇိုရမ်ဝန်ကြီးချုပ်က AA နှင့် မိတ်ဆွေဖွဲ့မည်ဟုဆို

စက်တင်ဘာ ၅ - ၂၀၂၄
0

(မိတ်ဆွေမဖွဲ့ပါက အချင်းချင်းပြဿနာကြား စစ်ကောင်စီက ဝမ်းသာမည်ဟုပြော) အာရက္ခတပ်တော် AA နှင့် မိတ်ဆွေဖွဲ့ရမည်ဟု အမေရိကန်ကို ရောက်ရှိနေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ချင်းလူထုနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်မှာ ချင်းလူထုနှင့် မီဇိုရမ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာတို့ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ဆုံကြစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ချင်းသတင်းဌာန ခိုနူးမ်သုန် ဖော်ပြသည်။ စစ်တွေရေနက်ဆိပ်ကမ်း ကုလားတန်ဘက်စုံသုံးစီမံကိန်းနှင့် ပတ်သက်၍ တက်ရော်ကလာသူများက မေးမြန်းရာမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က AA နှင့် မိတ်ဆွေဖွဲ့မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အာရက္ခတပ်တော် AA နဲ့ ကျနော်တို့ ပြဿနာဖြစ်ရင် သူတို့က အင်အားပိုကောင်းတယ်၊ သူတို့မှာ အင်အားတော်တော် များတယ်။ ဒါကြောင့်

Continue Reading
ရခိုင်က စစ်ရှောင်ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေ
စစ်ရေး ပညာရေး သတင်း
1 min read
38

ရခိုင်က စစ်ရှောင်ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေ

စက်တင်ဘာ ၅ - ၂၀၂၄
0

ရခိုင်ပြည် လွတ်မြောက်နယ်များတွင် စစ်ရှောင်ကလေးငယ်များ အရေအတွက်ကို အတိအကျ မသိရသော်လည်း ထောင်နှင့်ချီသော ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြကြောင်း စုံစမ်းသိရသည်။ ရခိုင်က လွတ်မြောက်နယ်များတွင် စစ်ကောင်စီ လေကြောင်းအန္တရာယ်ကြောင့် ပညာသင်ကြားရေးကို စာသင်ကျောင်းများ၌ ဖွင့်လှစ်သင်ကြားခြင်းကို ယာယီရပ်ဆိုင်းကာ ကျူရှင်ပုံစံမျိုး အုပ်စုလိုက်ခွဲ၍ နေရာသတ်မှတ်ကာ သင်ကြားပေးနေကြသည်။ ထိုသို့ သင်ကြားမှုပုံစံမှာ ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးပါသော အုပ်စုတစ်စုကို ဆရာ၊ ဆရာမ အနည်းဆုံး ၆ ဦးက သင်ကြားရပြီး ကျောင်းသား၊ ကျောင်းသားသူများက လစဉ် အခကြေးငွေပေးရသည်။ ရခိုင်ကျောင်းဆရာအသိုင်းအဝိုင်းထဲက တစ်ဦးက ” စစ်ကောင်စီ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်ပေမယ့် ကလေးတွေအတွက် ပညာသင်လို့ရအောင် ကျူရှင်ပုံစံမျိုး

Continue Reading
မြဝတီက ကျားဖြန့်လုပ်ငန်းမှာ ပါဝင်မှုသံသယဖြင့် မလေးရှားဝန်ကြီးဟောင်းကို စုံစမ်းစစ်ဆေး
စီးပွားရေး သတင်း
1 min read
34

မြဝတီက ကျားဖြန့်လုပ်ငန်းမှာ ပါဝင်မှုသံသယဖြင့် မလေးရှားဝန်ကြီးဟောင်းကို စုံစမ်းစစ်ဆေး

စက်တင်ဘာ ၅ - ၂၀၂၄
0

ကရင်ပြည်နယ်၊ မြဝတီမြို့က အွန်လိုင်းကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်သံသယရှိနေသော မလေးရှားဒုဝန်ကြီးဟောင်း မာရှိတာ အီဗရာဟင် အမျိုးသမီးကို မလားရှားအစိုးရက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)/ကရင်အမျိုးသားတပ်မတော် (KNA) နှင့် ဆက်နွှယ်နေသည့် Dongmei ကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ ပါဝင်ပတ်သက်ခြင်းနှင့် BGF နယ်မြေထဲ သူမနေထိုင်နေ၍ မလေးရှားရဲတပ်ဖွဲ့နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မတို့က စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။ မလေးရှားဒုဝန်ကြီးဟောင်းက မာရှီတာအီဗရာဟင်က မြ၀တီမြို့ Dongmei အွန်လိုင်းကျားဖြန့် ဗဟိုဌာန အုတ်မြစ်ချအခမ်းအနားကို တက်ရောက်ခဲ့၍ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်သည်ဟု သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ မာရှီတာအီဗရာဟင်က အဆိုပါ အခမ်းအနားကို မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားချက်အရ ဧည့်သည်တစ်ဦးအနေဖြင့် တက်ရောက်ဓါတ်ပုံရိုက်ခြင်းသာဖြစ်ပြီး သူမအနေဖြင့် တရားမဝင်လုပ်ငန်းများတွင် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။ ဆက်လက်ပြီး မလေးရှားဒုဝန်ကြီးက

Continue Reading
စစ်ကောင်စီကို ပြည်သူလူထု၏ ရန်သူဟု NUG ကြေညာ
နိုင်ငံရေး သတင်း
1 min read
37

စစ်ကောင်စီကို ပြည်သူလူထု၏ ရန်သူဟု NUG ကြေညာ

စက်တင်ဘာ ၅ - ၂၀၂၄
0

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ စစ်ကောင်စီ (အကြမ်းဖက်စစ်အုပ်စု) သည် တိုင်းပြည်နှင့် ပြည်လူထု၏ ရန်သူဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ စက်တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ စစ်ကောင်စီသည် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်မှုတို့ကို ကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနှင့် စစ်ရှောင်စခန်းနေ အရပ်သားပြည်လူထုအား လက်နက်ကြီး၊ လက်နက်ငယ်များစုံ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် စစ်ရာဇဝတ်များကျူးလွန်နေသည်ဟု NUG က ဆိုသည်။ ဆိုးရွားပြင်းထန်စွာကျူးလွန်နေသော ရာဇဝတ်မှုများသည် နိုင်ငံတကာစစ်ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး၊ ကြီးလေးသော စစ်ရာဇဝတ်မှုများအဖြစ် နိုင်ငံတကာ တရားရုံးများနှင့် စစ်ခုံရုံးများတွင် အရေးယူ၍ ထိုက်သင့်သည့်ပြစ်ဒဏ်များကို ချမှတ်ရမည့် စစ်ရာဇဝတ်မှုကြီးများ

Continue Reading
ကယားကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင်ပြော
သတင်း
1 min read
31

ကယားကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင်ပြော

စက်တင်ဘာ ၅ - ၂၀၂၄
0

တော်လှန်ရေးတပ်ဖွဲ့များဖြင့် စစ်ရေးပြင်းထန်နေသော ကရင်နီဒေသ (ကယား) ကို ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေး ဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များဖြင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ လွိုင်ကော်မြို့နှင့် ဆက်စပ်နေရာများတွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော မြို့နှင့် စခန်းများအား ပြန်လည်တိုက်ခိုက် သိမ်းပိုက်ကာ ပုံမှန်အခြေအနေသို့ ရောက်အောင် သွားမည်ဟု မင်းအောင်လှိုင်က ပြောဆိုထားခြင်းဖြစ်သည်။ ၂၀၂၄ သန်းခေါင်စာရင်းကိုလည်း ကယားပြည်နယ်အတွင်း ကောက်ယူသွားမည်ဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ အာဏာသိမ်း စစ်ခေါင်းဆောင်

Continue Reading
စစ်တွေမြို့အနီး ကျေးရွာများတွင် အင်အားရာနှင့်ချီ စစ်ကောင်စီ တပ်စွဲထား
စစ်ရေး သတင်း
1 min read
32

စစ်တွေမြို့အနီး ကျေးရွာများတွင် အင်အားရာနှင့်ချီ စစ်ကောင်စီ တပ်စွဲထား

စက်တင်ဘာ ၅ - ၂၀၂၄
0

ပြီးခဲ့သည့် ဇွန်လ ပထမအပတ်အတွင်း ရခိုင်ပြည် စစ်တွေမြို့အနီးရှိ ကျေးရွာ ၁၂ ရွာထက်မနည်းမှ ပြည်သူများကို အာဏာသိမ်း စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်ခဲ့သည်။ စစ်တွေမြို့အနီးက နှင်ထုတ်ခံခဲ့ရသည့် ကျေးရွာများမှာ ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာများဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိ အဆိုပါကျေးရွာများအတွင်း အဆောက်အဦးအမြင့်၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စစ်ကောင်စီက တပ်ဖွဲ့ဝင်များ ရာနှင့်ချီ နေရာယူတပ်စွဲထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Continue Reading
TNLA က စစ်ကောင်စီ၏ သံချပ်ကာများကို အသုံးပြုတိုက်ခိုက်
စစ်ရေး သတင်း
1 min read
40

TNLA က စစ်ကောင်စီ၏ သံချပ်ကာများကို အသုံးပြုတိုက်ခိုက်

စက်တင်ဘာ ၅ - ၂၀၂၄
0

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များဖြစ်သည့် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ တပ်များကို တိုက်ခိုက်သိမ်းပိုက်ရေး တိုက်ပွဲတွင် TNLA က စစ်ကောင်စီတပ်၏ သံချပ်ကာများကို အသုံးပြုနေပြီး လက်နက်နှင့်အလောင်းများ သိမ်းဆည်းရရှိသည့် မှတ်တမ်းများကို ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သည်။ တောင်ခမ်းတွင် အမြောက်တပ်ရင်း ၄ ခုရှိသည့်အနက်မှ အမြောက်တပ် ၄၀၆ နှင့် အမြောက်တပ် ၂၀၆ တို့ကို သြဂုတ်လ ၂၈ ရက်နေ့တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိသော အမြောက်တပ် ၃၅၄ နှင့် အမြောက်တပ် ၉၀၂ တပ်တို့ကို သိမ်းပိုက်နိုင်ရေး

Continue Reading