သံတွဲ မောင်ရွှေလေးရေတပ်ကို AA အပြီးသတ်သိမ်းပိုက်
စစ်ရေး သတင်း
1 min read
92

သံတွဲ မောင်ရွှေလေးရေတပ်ကို AA အပြီးသတ်သိမ်းပိုက်

စက်တင်ဘာ ၆ - ၂၀၂၄
0

သံတွဲမြို့နယ် မောင်ရွှေလေးရွာနှင့် ကွင်းဝိုင်းကျေးရွာကြားရှိ မောင်ရွှေလေး ရေတပ်အမည်ရှိသော စစ်ကောင်စီ ရေတပ်စခန်းအား အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ယနေ့ စက်တင်ဘာလ ၆ ရက် ညတွင် AA က ထုတ်ပြန်သည်။ မောင်ရွှေလေးရေတပ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ကာ တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စက်တင်ဘာလ ၅ ရက် ညနေ ၆ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ဆိုသည်။ မောင်ရွှေလေးရေတပ်သည် သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage

Continue Reading
ပြည်ပရောက်အလုပ်သမားများထံမှ စစ်ကောင်စီက ငွေညှစ်နေ
စီးပွားရေး သတင်း
1 min read
49

ပြည်ပရောက်အလုပ်သမားများထံမှ စစ်ကောင်စီက ငွေညှစ်နေ

စက်တင်ဘာ ၆ - ၂၀၂၄
0

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာထဲက အာဏာသိမ်း စစ်ကောင်စီက ငွေညှစ်နေကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ လုပ်လစာ၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်များမှတစ်ဆင့် တရားဝင်ငွေလွှဲပြောင်းပေးရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်များ မကြာခဏ ထုတ်ပြန်ကာ တင်းကျပ်စွာ သတိပေးနေသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် သို့မဟုတ် ၃ လလျှင်တစ်ကြိမ် ၃ လစာစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးရမည်ဟု ဆိုသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်ငွေလွှဲခြင်းမပြုပါက ပါ့စ်ပို့သက်တမ်း မတိုးပေးခြင်း၊ အလုပ်သမားကတ်မထုတ်ပေးခြင်းနှင့် ပြည်ပသို့ အလုပ်ထွက်လုပ်ခွင့် အချိန်ကာလ ပိတ်ပင်မည်ဟု

Continue Reading
စစ်တွေမှာ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ
စစ်ရေး သတင်း
1 min read
47

စစ်တွေမှာ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ

စက်တင်ဘာ ၆ - ၂၀၂၄
0

ရခိုင်ပြည် စစ်တွေမြို့တွင် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်က စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း မြို့ခံများက ပြောသည်။ လက်နက်ကြီးပစ်ခတ်မှုမှာ မွန်းလွဲပိုင်း ၁၀ နာရီ ၄၀ ခန့်ကစ၍ ပစ်ခတ်နေပြီး နေ့လယ် ၁ နာရီခန့်အချိန်တွင် ရပ်တန့်သွားကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “စစ်တွေမြို့ပတ်လည်မှာရှိနေတဲ့ ရေတပ်၊ တပ်ရင်းတွေ၊ ရဲစခန်းတွေ၊ ပွိုင့် စတဲ့ နေရာပတ်ပတ်လည်ကနေ ပစ်တာပါ။ အမြောက်၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ကြတယ်။ ပစ်တာက တော်တော်ကို ကြောက်စရာကောင်းတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများမှာ စုစုပေါင်း အလုံးရေ ၂၀ ကျော်ဖြစ်ပြီး ပေါက်တောမြို့နယ်ဘက်သို့ ကျရောက်မှုရှိခဲ့ကြောင်း ပေါက်တော

Continue Reading
စစ်ကောင်စီ ဗုံးကြောင့် နမ့်ခမ်းမြို့မှာ အရပ်သား ၁၁ ဦးသေ၊ ၁၁ ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
41

စစ်ကောင်စီ ဗုံးကြောင့် နမ့်ခမ်းမြို့မှာ အရပ်သား ၁၁ ဦးသေ၊ ၁၁ ဒဏ်ရာရ

စက်တင်ဘာ ၆ - ၂၀၂၄
0

ရှမ်းမြောက် တအောင်းဒေသ နမ့်ခမ်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၁၁ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ စက်တင်ဘာလ ၆ ရက် နံနက် ၁ နာရီခွဲကျော်အချိန်က နမ့်ခမ်းမြို့ကို လူအများအပြားသေစေနိုင်သည့် ဖျက်အားပြင်းလက်နက် ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ ဗုံးနှစ်လုံးမှာ နမ့်ခမ်းမြို့ ညဈေးအနီးက ပြည်သူနေအိမ်များနှင့် ကျားဖြူခမ်းမအနီးသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ သေဆုံးခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ဗုံးများကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသား ၅ ဦး၊

Continue Reading