မောင်တောကို စစ်ကောင်စီ ဗုံးကြဲ၍ AA ဖမ်းထားသော စစ်သုံ့ပန်း ၅၀ ကျော် သေဆုံး
စစ်ရေး သတင်း
1 min read
90

မောင်တောကို စစ်ကောင်စီ ဗုံးကြဲ၍ AA ဖမ်းထားသော စစ်သုံ့ပန်း ၅၀ ကျော် သေဆုံး

စက်တင်ဘာ ၁၀ - ၂၀၂၄
0

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်ကို ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အာရက္ခတပ်တော် AA ထိန်းသိမ်းထားသော စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးသွားကြောင်း AA က ယနေ့ စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်သည်။ စစ်သုံ့ပန်းများနှင့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များအား AA က ခေတ္တထိန်းသိမ်းထားသော မောင်တော လေးမိုင် နခခ – ၂ စခန်းကို ယမန်နေ့ ည ၉ နာရီခွဲအချိန်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ သေဆုံးသူထဲတွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊ ARSA ၊ RSO တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းပေး မွတ်ဆလင်

Continue Reading
လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမှာ အရပ်သား ၁၀ ဦးနှင့် စစ်သုံ့ပန်း ၇ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
74

လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမှာ အရပ်သား ၁၀ ဦးနှင့် စစ်သုံ့ပန်း ၇ ဦးသေဆုံး

စက်တင်ဘာ ၁၀ - ၂၀၂၄
0

(သေဆုံးသူများထဲ AA အကျဉ်းစခန်းထိန်းသိမ်းရေး တာဝန်ရှိသူများလည်း ပါဝင်) ရခိုင်ပြည် ပေါက်တောမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့၍ ဒေသခံအရပ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၇ ဦး သေဆုံးသွားကြောင်း AA က ယမန်နေ့ စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်သည်။ စစ်သုံ့ပန်းများနှင့် ကျေးရွာသားများအား ဆေးကုသပေးနေသော ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာကို စက်တင်ဘာလ ၈ ရက် ညနေ ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၀ ဦးနှင့် စစ်သုံ့ပန်း ၇ ဦးသေဆုံးခဲ့ကာ ၁၀ ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ သေဆုံးသွားသော

Continue Reading
AA ကို အင်အား ၁,၀၀၀ ခန့်နှင့် တိုက်ခိုက်ခဲ့ဟု RSO နိုင်ငံရေးဌာနပြော
စစ်ရေး သတင်း
1 min read
138

AA ကို အင်အား ၁,၀၀၀ ခန့်နှင့် တိုက်ခိုက်ခဲ့ဟု RSO နိုင်ငံရေးဌာနပြော

စက်တင်ဘာ ၁၀ - ၂၀၂၄
0

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော ဒေသမှာ အာရက္ခတပ်တော် AA ကို အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဟု မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RSO နိုင်ငံရေးဌာနက ပြောသည်။ RSO နိုင်ငံရေးဌာနအကြီးအကဲ ဦးကိုကိုလင်း အမည်ရှိသူနှင့် ရိုက်တာသတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြခဲ့သည်။ RSO မှာ အင်အား ၆,၀၀၀ ခန့်ရှိသည့်အနက်မှ အင်အား ၁,၀၀၀ ခန့်ဖြင့် AA ကို တိုက်ခိုက်ခဲ့သော်လည်း ပြန်လည် ဆုတ်ပေးလိုက်ရသည်ဟု RSO နိုင်ငံရေးအကြီးအကဲ ဦးကိုကိုလင်းက ဆိုသည်။ “ဒီနှစ်အစောပိုင်းမှာ မောင်တောဒေသကို ကာကွယ်ဖို့

Continue Reading
စစ်ကောင်စီက ဂျီနီဗာကွန်ဗင်းရှင်းနှင့်ညီဟု မင်းအောင်လှိုင်က ICRC ကို ဗြောင်လိမ်
စစ်ရေး သတင်း
1 min read
51

စစ်ကောင်စီက ဂျီနီဗာကွန်ဗင်းရှင်းနှင့်ညီဟု မင်းအောင်လှိုင်က ICRC ကို ဗြောင်လိမ်

စက်တင်ဘာ ၁၀ - ၂၀၂၄
0

(ရခိုင်မှာ နှစ်ရက်အတွင်း စစ်ကောင်စီ ဗုံးကြဲ၍ လူ ၈၀ ခန့်သေဆုံး) အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေကြောင်း ICRC ဥက္ကဌ ကို ဗြောင်လိမ်နေသည်။ ICRC ဥက္ကဌ Ms.Mirijana Spoiljarc Egger နှင့် စစ်ကောင်စီ (မြန်မာစစ်တပ်) ခေါင်းဆောင် မင်းအောင်လှိုင်တို့ ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ယင်းကဲ့သို့ ဗြောင်လိမ်ခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာစစ်တပ်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် မသက်ဆိုင်သူများထံသို့ မရောက်ရှိစေရေး စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန်

Continue Reading
ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်
စီးပွားရေး သတင်း
0 min read
47

ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်

စက်တင်ဘာ ၁၀ - ၂၀၂၄
0

ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ တပြည်နယ်လုံးအတိုင်းတာဖြင့် ဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်ကြောင်း ရခိုင်တောင်သူလယ်သမားများသမဂ္ဂက ပြောသည်။ ယခု ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများ စျေးအဆမတန်မြင့်တက်ခြင်းနှင့် တိုက်ပွဲများကြောင့် ရခိုင်လယ်သမားအများစုမှာ လယ်ယာမြေများအား လျော့ချထွန်ယက်ခဲ့ကြသည်။ ထိုကဲ့သို့ လျော့ချလုပ်ကိုင်မှုူကြောင့် လယ်သမားများမှာ နစ်နာရသလို ပြည်သူများမှာလည်း စားနပ်ရိက္ခာဖုံလုံမှုအတွက် စိန်ခေါ်မှုရှိလာနိုင်သည်ဟု ရခိုင်တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။ “ဒီနှစ် လယ်ယာမြေဧက ၆ သိန်းသာ စိုက်ပျိုးနိုင်ပါတယ်။ တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ပေါ့လေ။ စိုက်ပျိုးဧက လျော့ပါးတာကြောင့်တော့ လယ်သမားတွေမှာရော၊ ပြည်သူတွေမှာရော အဓိက စိန်ခေါ်မှုတွေရှိလာနိုင်တယ်။ နောက်နှစ်တွေမှာ စားနပ်ရိက္ခာဖုံလုံဖို့ပါ။” ဟု ပြောသည်။ လက်ရှိ စိုက်ပျိုးထားသည့် လယ်ယာမြေဧကများမှာလည်း

Continue Reading
စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နေအိမ်ပေါင်း တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရ
စစ်ရေး သတင်း
1 min read
38

စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နေအိမ်ပေါင်း တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရ

စက်တင်ဘာ ၁၀ - ၂၀၂၄
0

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် ပျက်စီးခဲ့ရသည်ဟု Data for Myanmar က ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်ပေါင်း ၂၁,၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီး အိမ်ခြေ ၁,၀၀၀ နှင့် ၅,၀၀၀ ကြား ပျက်စီးဆုံးရှုံးခဲ့ရသည့် မြို့နယ်များမှာ ကောလင်း၊ ကလေး၊ ဘူးသီးတောင်၊ မြင်းခြံနှင့် မုံရွာမြို့နယ်များက ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်နီပြည်၊ ပဲခူးတိုင်း (အနောက်ဘက်ခြမ်း) တနင်္သာရီ၊ ရခိုင်ပြည်နှင့် ရှမ်းပြည်

Continue Reading