အယ်ဒီတာ့အာဘော်
အယ်ဒီတာ့အာဘော်
0 min read
29

အယ်ဒီတာ့အာဘော်

စက်တင်ဘာ ၁၁ - ၂၀၂၄
0

Continue Reading
ရခိုင်အပါအဝင် ဒေသ ၆ ခုကို ကူညီပံ့ပို့ပေးမည်ဟု ICRC ပြော
သတင်း
1 min read
81

ရခိုင်အပါအဝင် ဒေသ ၆ ခုကို ကူညီပံ့ပို့ပေးမည်ဟု ICRC ပြော

စက်တင်ဘာ ၁၁ - ၂၀၂၄
0

ခက်ခဲသည့် စိန်ခေါ်မှုများရှိနေသော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ဘေးဖြစ်ရန် အလွယ်ကူဆုံးရပ်ရွာလူထုများ အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင် ချင်း၊ ကယားနှင့် ကရင်ပြည်နယ်တို့ကို ကူညီပံ့ပိုးပေးသွားမည်ဟု ICRC က ထုတ်ပြန်သည်။ အဆိုပါ နေရာဒေသက ပဋိပက္ခဒဏ်ခံနေရသည့် ပြည်သူလူထုထံသို့ သွားရောက်ပံ့ပိုးကူညီနိုင်ရန် သန္နိဋ္ဌန်ချထားကြောင်း ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ICRC ဥက္ကဌက ဆိုသည်။ ICRC ဥက္ကဋ္ဌ Mirjana Spoljaric က “မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ဆိုတဲ့ အိုင်စီအာရ်စီရဲ့ သန္နိဋ္ဌန်က မဆုတ်မနစ် ဆက်လက်တည်ရှိနေမှာပါ။ ပဋိပက္ခနဲ့ အခြားသော အကြမ်းဖက်မှုအခြေအနေများကြောင့် အကြောက်တရားတွေနဲ့ နေထိုင်နေကြရပါတယ်။ အသက်မွေး

Continue Reading
ရခိုင်က စစ်ရှောင်အများစု အငတ်ဘေးဖြင့် ရင်ဆိုင်လာရ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
0 min read
67

ရခိုင်က စစ်ရှောင်အများစု အငတ်ဘေးဖြင့် ရင်ဆိုင်လာရ

စက်တင်ဘာ ၁၁ - ၂၀၂၄
1

ရခိုင်ပြည်မှာ လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဒုက္ခသည် ၆ သိန်းကျော်ရှိပြီး လက်ရှိတွင် ဒုက္ခသည်များမှာ အငတ်ဘေးဖြင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။ စစ်တွေမြို့နယ်က စစ်ကောင်စီ နှင်ထုတ်ခဲ့သည့် ပလ္လင်ပြင်၊ အောင်တိုင်၊ ဝါဘိုနှင့် အမြင့်ကျွန်းအပါအဝင် တခြားကျေးရွာ အများအပြားက ဒေသခံများမှာ စစ်ရှောင်နေပြီး စားဝတ်နေရေး အလွန်ခက်ခဲနေသည်ဟု သိရသည်။ ပုဏ္ဏားကျွန်းမြို့က ဒေသခံပြည်သူများမှာ အလုံးစုံ မြို့ထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ကျွဲထိုး၊ သလူမော်၊ ခမောင်းတော၊ အောင်ဇေယျနှင့် တခြားကျေးရွာအချို့တွင် စစ်ရှောင်နေကြပြီး စားနပ်ရိက္ခာ ပြတ်တောက်နေပြီဟု ရွာသားများက ပြောသည်။ ပေါက်တောမြို့နယ်တွင်လည်း တောင်ဦးမော်၊ သဲခုံ၊ ကြိမ်ခွေမော်အပါအဝင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ဂွမြို့နယ်တို့တွင်

Continue Reading
စစ်ကောင်စီ ဗုံးကြောင့် ဒဏ်ရာရ စစ်သုံ့ပန်းများကို AA က ဆေးကုပေး
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
76

စစ်ကောင်စီ ဗုံးကြောင့် ဒဏ်ရာရ စစ်သုံ့ပန်းများကို AA က ဆေးကုပေး

စက်တင်ဘာ ၁၁ - ၂၀၂၄
1

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ခေတ္တထိန်းသိမ်းထားသည့် လေးမိုင် နခခ-၂ တပ်စခန်းကို အာဏာသိမ်း စစ်ကောင်စီက စက်တင်ဘာလ ၉ ရက် ည ၉ နာရီခွဲတွင် ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ AA ၏ အကျဉ်းစခန်း နခခ-၂ တပ်စခန်းမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးများနှင့် အကျဉ်းသားများအား ထိန်းသိမ်းထားသည့် စခန်းဖြစ်သည်။ စစ်ကောင်စီ ဗုံးကြောင့် နေရာ၌ စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးသွားပြီး အများအပြား ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြပြီး ဒဏ်ရာရသူများအားလုံးကို အာရက္ခတပ်တော် AA က ဆေးကုသပေးနေကြောင်း သိရသည်။ မောင်တောမြို့သိမ်းတိုက်ပွဲမှာ

Continue Reading
မြဝတီနှင့် တာချီလိတ်မှာ ရေကြီးနေ
ဓါတ်ပုံသတင်း မိုးလေဝသ သတင်း
1 min read
34

မြဝတီနှင့် တာချီလိတ်မှာ ရေကြီးနေ

စက်တင်ဘာ ၁၁ - ၂၀၂၄
1

မြဝတီမြို့နယ်၊ တာချီလိတ် အပါအဝင် ကျိုင်းတုံမြို့နယ်၊ ဟိုပုံးနှင့် ကျောက်ဆည်မြို့တို့တွင် တောင်ကျချောင်းရေနှင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာ၍ ရေကြီးရေလျှံဖြစ်ပွားနေကြောင်း သိရသည်။ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင် ယမန်နေ့မှစတင်ကာ သောင်ရင်းမြစ်ရေ မြင့်တက်လာရာမှ မြ၀တီမြို့နယ်တွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး အဆိုပါရေကြီးမှုသည် ဒုတိယအကြိမ်မြောက်ရေကြီးမှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အနိမ့်ပိုင်းရပ်ကွက်များအားလုံး ရေတက်နေပြီး အချိန်မီပြောင်းရွှေ့ထားနိုင်ကြောင်း မြဝတီအခြေစိုက် ရေဘေးကူညီရေး ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။ “ရေက တက်တယ်ဆိုပေမယ့် လူတွေက အတွေ့အကြုံရှိထားတော့ Alert ဖြစ်တယ်။ သိပ်မကြာသေးခင်က ရေကြီးထားတာဆိုတော့ အနိမ့်ပိုင်းက ပြည်သူတွေလည်း ကိုယ့်ဟာကိုယ် ကြိုရှောင်ကြတယ်။ ရေကြီးတာတော့ နှစ်ကြိမ်ဆိုတော့ ကယ်ဆယ်ရေးသမားတွေလည်း လုပ်စရာရှိတာကို ဆက်တိုက် လုပ်သွားကြတယ်” ဟု

Continue Reading
စစ်ကောင်စီ နေ့စဉ်ကျူးလွန်နေသော စစ်ဇရာဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပေးပို့မည်ဟု ညီနောင်မဟာမိတ်ပြော
စစ်ရေး သတင်း
0 min read
38

စစ်ကောင်စီ နေ့စဉ်ကျူးလွန်နေသော စစ်ဇရာဝတ်မှု မှတ်တမ်းများကို နိုင်ငံတကာသို့ ပေးပို့မည်ဟု ညီနောင်မဟာမိတ်ပြော

စက်တင်ဘာ ၁၁ - ၂၀၂၄
0

အာဏာလက်လွှတ်ရန် နီးကပ်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များကို မှတ်တမ်းတင်ထားကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောသည်။ ထိုမှတ်တမ်းများကို အိမ်နီးနားချင်းနိုင်ငံများနှင့် အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြန်နိုင်ငံအနှံ့အပြား၌ လှည့်ပတ်၍ စစ်ရှုံးနေသော စစ်ကောင်စီသည် ၎င်းတို့၏ တပ်ရင်း၊ တပ်မ၊ စကခ၊ ဒကစ၊ ရမခ အစရှိသော စစ်တိုင်းဌာနချုပ်များ၊ ရဲတပ်ရင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းများ အပါအဝင် ၎င်းတို့ထိန်းချုပ်ထားသော မြို့၊ ရွာ အမြောက်အမြားတို့ကို နေ့စဉ်နီးပါး လက်လွှတ်ဆုံးရှုံးလျက် ရှိနေသည်။ ထိုကြောင့် ညီနောင်သုံးဖွဲ့

Continue Reading