ရခိုင်က ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားလည်ပတ်မှု ခက်ခဲနေကြ
ရုပ်သံ
1 min read
145

ရခိုင်က ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားလည်ပတ်မှု ခက်ခဲနေကြ

စက်တင်ဘာ ၁၂ - ၂၀၂၄
1

Continue Reading
မွတ်ဆလင်ဒုက္ခသည်များအား တတိယနိုင်ငံများတွင် ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်တောင်းဆို
သတင်း
1 min read
78

မွတ်ဆလင်ဒုက္ခသည်များအား တတိယနိုင်ငံများတွင် ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်တောင်းဆို

စက်တင်ဘာ ၁၂ - ၂၀၂၄
0

တောင်အာရှနိုင်ငံမှ မွတ်ဆလင်များကို အမြန်ခြေရာခံကာ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားပေးရန် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအကြီးအကဲ အကြံပေးအရာရှိချုပ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်က တောင်းဆိုသည်။ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) မှ တာဝန်ရှိသူများနှင့် ဒါကာမြို့ရှိ ၎င်း၏ရုံးတွင် တွေ့ဆုံပြီးနောက် အကြံပေးအရာရှိချုပ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရနှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် မကြာသေးမီလများအတွင်းက မွတ်ဆလင် ၈,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ အသစ်ရောက်ရှိလာသည့် မွတ်ဆလင်များနှင့် ယခင်ရောက်ရှိနေသည့် မွတ်ဆလင် စုစုပေါင်း တစ်သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ စခန်းများတွင် နေထိုင်နေပြီး အများစုမှာ ၂၀၁၇ ခုနှစ်အတွင်းက မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရသော သူများဖြစ်ကြသည်။ မွတ်ဆလင်ဒုက္ခသည်များ

Continue Reading
လားရှိုးမှာ မြို့ပြယာဉ်ထိန်းသိမ်းရေး အရေးကြီးလာဟု MNDAA ပြော
သတင်း
1 min read
34

လားရှိုးမှာ မြို့ပြယာဉ်ထိန်းသိမ်းရေး အရေးကြီးလာဟု MNDAA ပြော

စက်တင်ဘာ ၁၂ - ၂၀၂၄
0

ရှမ်းမြောက်ဒေသ လားရှိုးမြို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု တိုးလာနေ၍ မြို့ပြယာဉ်ထိန်းသိမ်းရေးမှာ အရေးကြီးသော အလုပ်ဖြစ်လာဟု ကိုးကန့်တပ် MNDAA ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ပြောသည်။ “လားရှိုးမြို့ဒေသခံပြည်သူများ နေရပ်ပြန်ကြသဖြင့် လူနှင့်ယာဉ်စီးရေများ တိုးပွားလာကာ မြို့ပြယာဉ်ထိန်း သိမ်းရေးသည် အရေးကြီးသော အလုပ်ဖြစ်လာသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ယာဉ်ထိန်းရဲအဖွဲ့ လားရှိုးမြို့သို့ ဝင်ရောက်လာချိန်မှစ၍ ယာဉ်မတော်တဆမှု ၁၀ မှုကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းသိရသည်။ ၎င်းတို့တွင် အများစုမှာ အရှိန်လွန်ခြင်း၊ ယာဉ်များ တခြားယာဉ်ကြော လမ်းနေရာယူမောင်းခြင်းနှင့် ယာဉ်မောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ယာဉ်ထိန်းရဲအဖွဲ့သည်

Continue Reading
ရခိုင်ကို Unitary State System ဖြင့် အုပ်ချုပ်မည်ဟု AA စစ်ဦးစီးချုပ်ပြော
နိုင်ငံရေး သတင်း
1 min read
120

ရခိုင်ကို Unitary State System ဖြင့် အုပ်ချုပ်မည်ဟု AA စစ်ဦးစီးချုပ်ပြော

စက်တင်ဘာ ၁၂ - ၂၀၂၄
0

ရခိုင်ပြည်ကို တစ်ပြည်ထောင်စနစ် Unitary State System ဖြင့် အုပ်ချုပ်သွားမည်ဟု အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် (တပ်မှူးချုပ်) ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာန အင်တာဗျူးတွင် ပြောဆိုထားသည်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို The Diplomat သတင်းဌာနမှ အွန်လိုင်းက အင်တာဗျူးထားပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ဖော်ပြခဲ့သည်။ အစောပိုင်းမှာ ဗဟိုချုပ်ကိုင်မှုဖြင့် တစ်ပြည်ထောင်အစိုးရကို ထူထောင်ပြီး နောက်ပိုင်းတွင် အစိုးရအလွှာအသီးသီးထံ ခွဲဝေသွားနိုင်ခြေရှိကြောင်း ဗိုလ်ချုပ်က ပြောသည်။ “ULA က ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်တဲ့ တစ်ပြည်ထောင်စနစ် (Unitary State System) တစ်ရပ် ရှိပါလိမ့်မယ်။

Continue Reading
ရခိုင်တောင်ပိုင်း တကျော့ပြန် ရေစတင်ကြီးနေ
မိုးလေဝသ သတင်း
0 min read
76

ရခိုင်တောင်ပိုင်း တကျော့ပြန် ရေစတင်ကြီးနေ

စက်တင်ဘာ ၁၂ - ၂၀၂၄
0

ဇူလိုင်လမှာ ရေကြီးခဲ့သည့် ရခိုင်ပြည် တောင်ပိုင်းဒေသက သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် ရမ်းဗြဲဒေသတို့တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး တကျော့ပြန် ရေစတင်ကြီးနေပြီဟု ဒေသခံများထံမှ သိရသည်။ သံတွဲမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်လာကာ သံတွဲမြို့ပေါ်က ရပ်ကွက်အချို့နှင့် အနီးအနားကျေးရွာအချို့မှာ ရေကြီးနေပြီဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ “သံတွဲမြို့လယ်ချောင်းက ရေတွေ အနိမ့်ပိုင်းရပ်ကွက်တွေ ဝင်ပြီး ရေပြန်ကြီးနေပြီ။ တချို့နေအိမ်တွေဆို နစ်မြုပ်သွားပြီ။ လေယာဉ်ကြောက်ရမလား၊ ရေမြုပ်တာ ရွှေ့ရမလား။ တော်တော်လေးကို ဒုက္ခရောက်နေကြပါပြီ။” ဟု ပြောသည်။ အလားတူ တောင်ကုတ်မြို့တွင်လည်း မိုးသည်း၍ ချောင်းရေမြင့်တက်လာကာ မြို့ပေါ်ရပ်ကွက်အချို့နှင့် အနီးအနားကျေးရွာများသို့ ရေဝင်ရောက်နေပြီး နေအိမ်အချို့ နစ်မြုပ်နေကြသည်။ တောင်ကုတ်ဒေသခံတစ်ဦးက

Continue Reading
ရခိုင်မှာ မိုးသည်း၍ ရေကြီးပြီး လေပြင်းတိုက်ခတ်လာနိုင်
မိုးလေဝသ သတင်း
1 min read
53

ရခိုင်မှာ မိုးသည်း၍ ရေကြီးပြီး လေပြင်းတိုက်ခတ်လာနိုင်

စက်တင်ဘာ ၁၂ - ၂၀၂၄
0

ရခိုင်ပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးကာ လေပြင်းမုန်တိုင်း တိုက်ခတ်နိုင်ကြောင်း စစ်ကောင်စီ မိုးဇလ နှင့် တစ်သီးပုဂ္ဂလ မိုးလေဝသပညာရှင်များက ခန့်မှန်း ပြောဆိုထားကြသည်။ စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မိုးသည်းထန်ပြီး ရေကြီးနိုင်သလို လေပွေလေပြင်းများ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။ မြန်မာအလယ်ပိုင်းနှင့် အနောက်မြောက်ဘက်မှာ ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်းနှင့် လေပြင်းမုန်တိုင်းမှာ ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဘက်သို့ ရောက်သွားနိုင်ကြောင်း စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်ထားသည်။

Continue Reading
ရခိုင်ပို့မည့် ဆေးဝါးများနှင့် အခြေခံစားသောက်ကုန်များ၏တန်ဖိုး ကျပ်သိန်း နှစ်သောင်းကျော် အလိမ်ခံရ
စီးပွားရေး သတင်း
0 min read
118

ရခိုင်ပို့မည့် ဆေးဝါးများနှင့် အခြေခံစားသောက်ကုန်များ၏တန်ဖိုး ကျပ်သိန်း နှစ်သောင်းကျော် အလိမ်ခံရ

စက်တင်ဘာ ၁၂ - ၂၀၂၄
0

ဆေးဝါးများ၊ အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီများ ပြတ်လပ်နေသော ရခိုင်ပြည်ကို ပို့မည့် ကုန်စည်များ၏တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းကျော် လိမ်လည်ခံရကြောင်း အလိမ်ခံရသည့် ကုန်သည် ၃၈ ဦးထံမှ သိရသည်။ စစ်တွေမြို့ ဘီလူးမတံတားအနီး နေထိုင်သူ ဦးညီပု (ခေါ်) အောင်မြင့်စိုးနှင့် ဇနီးဖြစ်သူက ကုန်သည် ၃၈ ဦး၏ ကုန်ပစ္စည်းများကို ရခိုင်ပို့ပေးမည်ဟု ကတိခံကာ လိမ်လည်သွားခြင်းဖြစ်ကြောင်း အလိမ်ခံရသူထဲပါဝင်သူ မြောက်ဦးဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။ “အကွက်ကျကျကို လိမ်လည်သွားတာ။ ပထမ သန်းသန်းစိုးဆိုတဲ့ အမျိုးသမီးတစ်ဦးကနေ ရခိုင်ကို ကုန်ပို့ကြမယ့် ကုန်သည်တွေကို စည်းရုံးတယ်။ အဲဒီအမျိုးသမီးက သူ့မှာလည်း မြေပုံမြို့နယ် ကမ်းထောင့်ကြီးကို ကုန်ပို့မယ်ပေါ့။ ရခိုင်ကို ပို့ကြမယ့် ကုန်သည်တွေ

Continue Reading
ရခိုင်က ထိန်းချုပ်နယ်မြေများတွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားလည်ပတ်မှု ခက်ခဲနေကြဆဲ
စစ်ရေး စီးပွားရေး နိုင်ငံရေး သတင်း
1 min read
42

ရခိုင်က ထိန်းချုပ်နယ်မြေများတွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားလည်ပတ်မှု ခက်ခဲနေကြဆဲ

စက်တင်ဘာ ၁၂ - ၂၀၂၄
0

ရခိုင်ပြည်အတွင်း သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများတွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုစီးပွား လည်ပတ်မှုမှာ ခက်ခဲနေကြဆဲဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။ သိမ်းပိုက်ထိန်းချုပ်ကာလ ၆ လခန့်ကြာလာသည့် ရခိုင်ပြည်ထဲက မြို့များမှာ ကုန်စည်ဈေးများ အဆမတန်မြင့်မားနေခြင်း၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရခြင်း၊ ဌာနဆိုင်ရာရုံးများနှင့် ဆေးရုံဆေးခန်းများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေး၍ ဒေသခံပြည်သူများမှာ တစ်ရက်တာ ရှင်သန်လည်ပတ်ခြင်းကို ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း သိရသည်။ ထိန်းချုပ်မြို့များမှာ ကုန်စည်ဈေးများသည် တိုက်ပွဲကာလထက် ပိုမြင့်တက်နေခြင်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ မရှိခြင်းကြောင့်ဖြစ်သည်ဟု ကျောက်တော်မြို့ခံ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ “တိုက်ပွဲဒဏ်တွေကို အခုမှ ပိုခံစားမိသလိုဖြစ်နေတယ်။ တိုက်ပွဲဖြစ်တုန်းက ဒီလောက်ထိမခက်ခဲခဲ့ဘူး။ ကုန်စျေးတက်ရင်လည်း တိုက်ပွဲပြီးရင် ပြန်ကျသွားမှာပဲဆိုပြီး တွေးခဲ့ကြတယ်။ ဒါပေမယ့် စျေးကပြန်မကျတဲ့အပြင် ပိုတောင်မြင့်လာသေးတယ်။

Continue Reading