အားကောင်းသော မုန်တိုင်းငယ် အရှိန်ကြောင့် ရခိုင်၊ ချင်း၊ မကွေးတို့တွင် မိုးကြီးနိုင်
မိုးလေဝသ သတင်း
1 min read
103

အားကောင်းသော မုန်တိုင်းငယ် အရှိန်ကြောင့် ရခိုင်၊ ချင်း၊ မကွေးတို့တွင် မိုးကြီးနိုင်

စက်တင်ဘာ ၁၄ - ၂၀၂၄
0

အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှ မနက်ဖြန်နေ့အတွင်း မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒက သတင်းထုတ်ပြန်သည်။ ယနေ့ ၁၂ နာရီ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် သိသိသာသာရွေ့လျားခြင်း မရှိဘဲ ဆက်လက်တည်ရှိ နေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်

Continue Reading
အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမည်ဟု AA ပြော
စစ်ရေး သတင်း
1 min read
69

အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမည်ဟု AA ပြော

စက်တင်ဘာ ၁၄ - ၂၀၂၄
0

စစ်ရှောင်ပြည်သူများ၏ အဖိုးတန်ပစ္စည်းများဖြစ်သော ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများနှင့် ဆိုင်ကယ်၊ ကား စသည့် ပစ္စည်းများ ယူထားသော တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို အရေးယူအပြစ်ပေးသွားမည်ဟု AA က ထုတ်ပြန်ထားသည်။ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့သည် လုပ်ပိုင်ခွင့်၊ အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူမည်ဟု AA က ဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညက ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူပိုင်ပစ္စည်းများကို ယူထားကြသည်ကို ဓါတ်ပုံနှင့်တကွ AA က ဖော်ပြခဲ့သည်။ ULA/AA အစိုးရသည် ခိုးမှုများကို ကျူးလွန်ခဲ့သောသူများအား သေချာစွာ စုံစမ်းစစ်ဆေးပြီး

Continue Reading
စစ်တွေ ရွှေပြားနှင့်တရားသီးစု ရပ်ကွက်က ဒေသခံ ၁၅၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးသွား
နိုင်ငံရေး သတင်း
1 min read
101

စစ်တွေ ရွှေပြားနှင့်တရားသီးစု ရပ်ကွက်က ဒေသခံ ၁၅၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးသွား

စက်တင်ဘာ ၁၄ - ၂၀၂၄
0

ရခိုင်ပြည် စစ်တွေမြို့ ရွှေပြားရပ်ကွက်က အပြစ်မဲ့အမျိုးသား ၁၀၀ ကျော်နှင့် တရားသီးစုရပ်ကွက်က အမျိုးသမီးအပါအဝင် အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် နေ့လယ်တွင် ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ရွှေပြားရပ်ကွက်တွင် တစ်အိမ်ဝင်တစ်အိမ်ထွက်ဖမ်းဆီးခြင်းနှင့် လမ်းသွားလမ်းလာများပါ ဖမ်းဆီးပြီး ကား ၅ စီးဖြင့် ခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ် မြို့ခံတစ်ဦးက ပြောသည်။ ” နေ့လယ် ၄ နာရီ ဝန်းကျင်လောက်မှာ သူတို့ကားနဲ့ ရောက်လာကြတယ်။ ဖမ်းတာက ခြေကျင်လျှောက်ပြီးဖမ်းကြတာ။ လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းတယ်။ တစ်နေရာရာမှာထိုင်ပြီး တွေ့ရင်လည်း ဖမ်းသွားတယ်။ နေအိမ်တွေကိုလည်း ဝင်ဖမ်းတယ်။ တွေ့တဲ့လူ ဒီအတိုင်းဖမ်းသွားတာပဲ”

Continue Reading
ရခိုင်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များ ယခုထိ ပြန်မဆောက်နိုင်သေး
စစ်ရေး သတင်း
1 min read
37

ရခိုင်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များ ယခုထိ ပြန်မဆောက်နိုင်သေး

စက်တင်ဘာ ၁၄ - ၂၀၂၄
0

(ရခိုင်မှာ အဆောက်အဦး ၃,၀၀၀ ထက်မနည်း ပျက်စီးခဲ့ဟု ဒေသခံများ ခန့်မှန်းပြော) တိုက်ပွဲကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်အတွင်းက နေအိမ်များကို ၁၀ လတာ ကြာမြင့်လာသော်လည်း ယခုအချိန်အထိ ပြန်လည်ဆောက်လုပ် နေထိုင်နိုင်ခြင်းမရှိသေးကြောင်း ပျက်စီးသွားသည့် ကာယကံရှင်များက ပြောသည်။ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲအတွင်း အပါအဝင် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခြင်းများကြောင့် နေအိမ်ပေါင်း ၃၀၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။ ပေါက်တောမြို့မှာတွင် လူနေအိမ် ၂,၅၀၀ ကျော်ရှိပြီး ဘာသာရေးအဆောက်အဦးများ၊ ဌာနဆိုင်ရာအဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် ပြည်သူပိုင်အဆောက်အဦး စုစုပေါင်း ၂,၆၀၀ ခန့်ရှိကာ ယင်းအထဲမှ နေအိမ်နှင့် အဆောက်အဦး ၄၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

Continue Reading