ထိုင်းမှာ တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ အလုပ်လက်မဲ့ဖြစ်နေ
စီးပွားရေး ရုပ်သံ သတင်း
1 min read
112

ထိုင်းမှာ တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ အလုပ်လက်မဲ့ဖြစ်နေ

စက်တင်ဘာ ၁၇ - ၂၀၂၄
0

Continue Reading
လူမှုကွန်ရက်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသူ ၁၆၉၁ ဦး ဖမ်းဆီးခံရ
နိုင်ငံရေး သတင်း
1 min read
77

လူမှုကွန်ရက်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသူ ၁၆၉၁ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁၇ - ၂၀၂၄
0

(လစဉ် ပျမ်းမျှ ၅၄ ဦးခန့် ဖမ်းဆီးခံနေရ) စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။ အဆိုပါ အချက်အလက်များမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ကောက်ယူထားသော စာရင်းဖြစ်ပြီး ပြည်တွင်းပြည်ပက မူဝါဒချမှတ်သူများအတွက် အထောက်အကူပြုရန် ရည်ရွယ်သည်ဟု Data for Myanmar က ဆိုသည်။ ၂၀၂၂

Continue Reading
ထိုင်းမှာ တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ အလုပ်လက်မဲ့ဖြစ်နေ
စီးပွားရေး သတင်း
1 min read
65

ထိုင်းမှာ တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ အလုပ်လက်မဲ့ဖြစ်နေ

စက်တင်ဘာ ၁၇ - ၂၀၂၄
0

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက မြန်မာအလုပ်သမား ၁၀၀ ဦးကို ဝန်ဆောင်ခယူပြီး စေလွှတ်ခဲ့သော်လည်း ထိုင်းနိုင်ငံရောက်ရှိချိန် အလုပ်မရ၍ အလုပ်သမားများအားလုံး ဒုက္ခရောက်နေကြောင်း အလုပ်သမားများက ပြောသည်။ ဩဂုတ်လ ၂၉ ရက်နေ့ ရွှေရတနာဖြိုး ပြည်ပအလုပ်အကိုင်အေဂျင်စီက မြန်မာအလုပ်သမား ၁၀၀ ဦးကို MOU စနစ်ဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ အလုပ်သမားတစ်ဦးလျှင် အေဂျင်စီ ဝန်ဆောင်ခ ငွေကျပ် သိန်း ၄၀၊ လေယာဉ်လက်မှတ်ဖိုး ၁၀ သိန်းခွဲ၊ အသက် အာမခံကြေး ၄ သောင်းကျပ်၊ သွေးစစ်ခ ၂ သောင်းခွဲကျပ် စုစုပေါင်း အလုပ်သမားတစ်ဦးလျှင် ၅၁ သိန်း ၁

Continue Reading
ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲမှု အဖွဲ့ ၃၁၆ ဖွဲ့က ပြင်းထန်စွာကန့်ကွက်
စစ်ရေး သတင်း
0 min read
107

ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲမှု အဖွဲ့ ၃၁၆ ဖွဲ့က ပြင်းထန်စွာကန့်ကွက်

စက်တင်ဘာ ၁၇ - ၂၀၂၄
0

ကရင်နီပြည် (ကယား) ဖယ်ခံမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူများ စစ်ရှောင်နေသော ဘန်ကောက်စစ်ရှောင်စခန်းကို စက်တင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ ဗုံးကြောင့် စစ်ရှောင်ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူ ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။ စစ်ရှောင်အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ဖြိုခွဲခြင်းဖြစ်ပြီး ထိုဗုံးကြဲတိုက်ခိုက်မှုကိုလည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာအရပ်ဘက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ စုစုပေါင်း ၃၁၆ ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ထားကြသည်။ ၃၁၆ ဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီသည် လူသားမျိုးနွယ်များနှင့် တိုင်းရင်းသားပြည်သူများအပေါ် နေ့စဉ် ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု

Continue Reading
လေကြောင်းက ဗုံးကြဲမှုကြောင့် လားရှိုးမြို့နယ် နန်ဘိုင်းကျေးရွာမှ အရပ်သား ၅ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
51

လေကြောင်းက ဗုံးကြဲမှုကြောင့် လားရှိုးမြို့နယ် နန်ဘိုင်းကျေးရွာမှ အရပ်သား ၅ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

စက်တင်ဘာ ၁၇ - ၂၀၂၄
0

စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်ဘိုင်းကျေးရွာမှ အရပ်သား ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီအချိန် စစ်ကောင်စီတပ်က လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော သိန္နီခရိုင် သံလွင်လျင်ဟိုမြို့နယ် နန်ဘိုင်းရွာ လူနေအိမ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ သုံးဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ” MNDAA က ဖော်ပြသည်။ ထို့ပြင် စက်တင်ဘာလ

Continue Reading
နောင်ချိုမှာ စစ်ကောင်စီနှင့် TNLA တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
65

နောင်ချိုမှာ စစ်ကောင်စီနှင့် TNLA တိုက်ပွဲပြင်းထန်နေ

စက်တင်ဘာ ၁၇ - ၂၀၂၄
0

ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တအောင်းတပ် TNLA တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း TNLA က ယမန်နေ့က ထုတ်ပြန်ထားသည်။ နောင်ချိုမှာရှိသည့် စစ်ကောင်စီ၏ အမတ (၃၅၄) တပ်စခန်း၊ တောင်ခမ်းရွာအနီးတ၀ိုက်၊ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနှင့် မကျီးရေရွာအနီးတ၀ိုက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ယမန်နေ့ နံနက် (၂း၃၀) နာရီအချိန်တွင် စစ်ကောင်စီ အမြောက်တပ် (၃၅၄)တပ်စခန်း၌လည်းကောင်း၊ တောင်ခမ်းရွာအနီးတ၀ိုက်တွင် နေ့လည် (၁၁း၀၀)နာရီအချိန်၌လည်းကောင်း၊ ညနေ (၃း၄၀)နာရီအချိန်တွင် မကျီးရေရွာအနီးတ၀ိုက်၌လည်းကောင်း၊ စစ်ကောင်စီ (၉၀၂)တပ်စခန်းနေရာတွင် ညနေ (၃း၄၅)နာရီအချိန်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ PSLF/TNLA ထိန်းချုပ်ထားသည့် နောက်ချိုမြို့ တောင်ရပ်ကွက်နှင့် ရွှေမုဠောဘုရားကို

Continue Reading
ကျိန္တလီ စာသင်ကျောင်းကို စစ်ကောင်စီပစ်ခတ် စစ်ရှောင် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
81

ကျိန္တလီ စာသင်ကျောင်းကို စစ်ကောင်စီပစ်ခတ် စစ်ရှောင် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

စက်တင်ဘာ ၁၇ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့နယ်ရှိ ကျိန္တလီမြို့ ဆန္ဒားကျေးရွာတွင် စစ်ရှောင်များ ခိုလှုံနေသော စာသင်ကျောင်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကျိန္တလီမြို့ခံ စစ်ရှောင်များခိုလှုံနေသော ဆန္ဒားကျေးရွာက စာသင်ကျောင်းကို ကျိန္တလီနှင့် ဂွမြို့ကြားရှိ ရတနာမြိုင် (ကုလားပြင်) ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒားရွာနှင့်နီးစပ်သူတစ်ဦးက ” အမျိုးသမီးတစ်ဦး နေရာ၌ သေဆုံးသွားတယ်လို့ ပြောတယ်။ နောက် ၃ ဦးလည်း ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဆိုတယ်။ ဖုန်းလိုင်းက မကောင်းတော့

Continue Reading
နိုင်ငံတစ်ဝှမ်း ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၆၃၀,၀၀၀ ကျော် ထိခိုက်
မိုးလေဝသ သတင်း
1 min read
70

နိုင်ငံတစ်ဝှမ်း ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၆၃၀,၀၀၀ ကျော် ထိခိုက်

စက်တင်ဘာ ၁၇ - ၂၀၂၄
0

မြန်မာနိုင်ငံတစ်ဝှမ်း ရေလွှမ်းမိုးမှုများကြောင့် ခန့်မှန်းခြေ လူဦးရေ ၆၃၁,၀၀၀ ထိခိုက်ခံရဖွယ်ရှိကြောင်း ယူအန်အိုချာ (မြန်မာ) က ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများထံမှ အချက်အလက်များနှင့် ရရှိနိုင်သော မီဒီယာအစီရင်ခံစာများအပေါ် အခြေခံထားပြီး ကိန်းဂဏန်းများသည် ပြောင်းလဲနိုင်သည်ဟု သိရသည်။ အဆိုပါ ရေဘေးသင့် လူဦးရေ ၆ သိန်းကျော်မှာ နေပြည်တော်၊ ပဲခူး၊ ကယား (ကရင်နီ)၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသက မြို့နယ် ၅၉ ခုမှ ဒေသခံပြည်သူများဖြစ်ကြောင်း ယူအန်အိုချာ (UNOCHA) က ဆိုသည်။ ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်ပြည်သူအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်သူများ စုစုပေါင်း

Continue Reading