မိုးသည်းမှုကြောင့် မြေပြို၍ ရမ်းဗြဲ ပိန္နဲတောင် ကားလမ်းပျက်စီးနေ
မိုးလေဝသ သတင်း
0 min read
185

မိုးသည်းမှုကြောင့် မြေပြို၍ ရမ်းဗြဲ ပိန္နဲတောင် ကားလမ်းပျက်စီးနေ

စက်တင်ဘာ ၁၈ - ၂၀၂၄
0

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြို၍ ပိန္နဲတောင်ဘက်ရှိ ကားလမ်းမှာပျက်စီးသွားပြီး ဒေသခံပြည်သူများ သွားလာ၍ မရဖြစ်နေကြောင်း ရွာသားများထံမှ သိရသည်။ ပိန္နဲတောင်ကားလမ်းမှာ တောင်မြေပြိုကျကာ ကွန်ကစရစ်လမ်း ကျိုးကျသွားပြီး ကားကြီးသာမက ကားငယ်များပါ သွားလာ၍မရဖြစ်နေသည်ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။ “မြေပြိုကျပြီး ကွန်ကရစ်လမ်းက ကျိုးကျသွားတယ်။ ကားတွေရော ဆိုင်ကယ်တွေရော ဘယ်လိုမှသွားလို့ မရတော့ဘူး။ ကားလမ်းအဆင်မပြေတော့ ခရီးသွားလာရေး၊ ကုန်စည်သယ်ယူရေးတွေမှာ တော်တော်အခက်တွေ့နေကြရတယ်” ဟု ပြောသည်။ ပိန္နဲတောင်ကားလမ်းမှာ ရမ်းဗြဲမြို့နှင့် တောင်ကုတ် မအီမြို့ဘက်သို့ ဆက်သွယ်ထားသည့် ကားလမ်းတစ်ခုဖြစ်ပြီး လမ်းကျိုးကျနေသည့်နေရာမှာ ရမ်းဗြဲနှင့် ၁၀ မိုင်ကျော် အကွာအဝေးရှိကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါကားလမ်းပျက်စီးနေမှုကြောင့် အကွာအဝေးများသည့်လမ်းကြောင်းတစ်ခုမှ ပတ်၍သွားလာနေကြရကြောင်း ရမ်းဗြဲမှ

Continue Reading
မင်းပြား ဖုံသာချောင်းမှာ ရေကြီးနေ၊ အိမ်ခြေ ၂၀၀ ကျော် မျောပါသွား၊ သေဆုံးမှုရှိ
မိုးလေဝသ သတင်း
0 min read
199

မင်းပြား ဖုံသာချောင်းမှာ ရေကြီးနေ၊ အိမ်ခြေ ၂၀၀ ကျော် မျောပါသွား၊ သေဆုံးမှုရှိ

စက်တင်ဘာ ၁၈ - ၂၀၂၄
0

ရခိုင်ပြည် မင်းပြားမြို့နယ် ဖုံသာချောင်းမှာ ရေကြီးမှုကြောင့် ချောင်းတစ်လျှောက်ရှိ ရွာပေါင်း ၁၃ ရွာကျော်က အိမ်ခြေ ၂၀၀ ကျော် ရေနှင့်မျောပါသွားပြီး လူသေဆုံးမှုများလည်း ရှိကြောင်း သေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ဖုံသာချောင်းသည် ရခိုင်ရိုးမနှင့် အလွန်နီးကပ်သော ချောင်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ခန့်က ရခိုင်ရိုးမတောင်ပေါ် မိုးသည်းထန်စွာရွာသွန်းခဲ့၍ ယခုရက်ပိုင်းအတွင်း ချောင်းရေမြင့်တက်ကာ ရေကြီးနေခြင်းဖြစ်သည်။ ပရဟိတလူငယ် ကိုဝေဟင်အောင်က ” ရေကြီးနေတာ ၃ ရက်လောက်ရှိပြီ။ လေးမြို့မြစ်က ဆင်းလာတဲ့ရေနဲ့ ရခိုင်ရိုးမတောင်ပေါ်က ဆင်းလာတဲ့ရေတွေကြောင့် ဖုံသာချောင်းမှာ ရေလွှမ်းနေတယ်။ ကျေးရွာ ၂၆ ရွာလောက်ရှိတဲ့အထဲ ၁၃ ရွာက အိမ်ခြေ ၂၀၀ ကျော် ရေထဲမျောပါသွားတယ်။ လူတစ်ယောက်လည်း

Continue Reading
မြန်မာ့ရေဘေး မြစ်၊ ချောင်းများ တိမ်ကောလာခြင်းကြောင့် ပိုဆိုးသွားဟု စစ်ခေါင်းဆောင်ပြော
မိုးလေဝသ သတင်း
1 min read
39

မြန်မာ့ရေဘေး မြစ်၊ ချောင်းများ တိမ်ကောလာခြင်းကြောင့် ပိုဆိုးသွားဟု စစ်ခေါင်းဆောင်ပြော

စက်တင်ဘာ ၁၈ - ၂၀၂၄
0

(ရာဂိမုန်တိုင်းသတင်း သိသော်လည်း ယခုအထိ ဖြစ်မည်ဟု မမျှော်မှန်းခဲ့ကြောင်းဆို) မြန်မာနိုင်ငံတစ်ဝှမ်း စက်တင်ဘာလ ၉ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုကို ခံနေရပြီး ရာနှင့်ချီသေဆုံးမှုနှင့် လူ ၆ သိန်းကျော် ရေဘေးသင့်နေကြောင်း သိရသည်။ မြစ်ချောင်းများအတွင်း သဲနုန်းများ အနည်ကျမှု များပြားလာခြင်းသည် မြစ်ချောင်း ကြမ်းခင်း (Bed Level) မြင့်တက်လာပြီး ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြို့ရွာများ၊ လမ်းကြောင်းများ၌ ရေထွက်စနစ်များ ကောင်းမွန်မှုမရှိခြင်း၊ ရေနုတ်မြောင်းစနစ်များ ကောင်းမွန်မှု မရှိခြင်းကြောင့်လည်း

Continue Reading
စစ်ကောင်စီ ပစ်သတ်၍ နှစ်ပတ်ကျော်အတွင်း အမျိုးသမီး ၂၈ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
35

စစ်ကောင်စီ ပစ်သတ်၍ နှစ်ပတ်ကျော်အတွင်း အမျိုးသမီး ၂၈ ဦးသေဆုံး

စက်တင်ဘာ ၁၈ - ၂၀၂၄
0

နိုင်ငံတစ်ဝှမ်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် စက်တင်ဘာလ ၁ ရက်မှ ၁၇ ရက် နှစ်ပတ်ကျော်အတွင်း အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ရသည်ဟု AAPP က ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ သေဆုံးသူ အမျိုးသမီး ၂၈ ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သေဆုံးသူ အမျိုးသမီး ၂၈ ဦးထဲက ၂၂ ဦးမှာ စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။ စက်တင်ဘာလ ၃ ရက်နေ့၊ နံနက်

Continue Reading