မင်းပြားက ရေဘေးသင့် ပြည်သူ ၃၀၀၀ ကျော် အကူအညီတွေ လိုအပ်နေ
မိုးလေဝသ ရုပ်သံ သတင်း
0 min read
170

မင်းပြားက ရေဘေးသင့် ပြည်သူ ၃၀၀၀ ကျော် အကူအညီတွေ လိုအပ်နေ

စက်တင်ဘာ ၁၉ - ၂၀၂၄
0

Continue Reading
ရှမ်းတောင် လွိုင်လင်မှာ တောင်ကျရေကြောင့် နေအိမ် ၅၀ ကျော် ရေထဲမျောပါ၊ လူ ၂၀ ဦးသေဆုံး
မိုးလေဝသ သတင်း
1 min read
61

ရှမ်းတောင် လွိုင်လင်မှာ တောင်ကျရေကြောင့် နေအိမ် ၅၀ ကျော် ရေထဲမျောပါ၊ လူ ၂၀ ဦးသေဆုံး

စက်တင်ဘာ ၁၉ - ၂၀၂၄
0

(ရေဘေးသင့်ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ) ရှမ်းပြည်နယ် တောင်ပိုင်းဒေသ လွိုင်လင်မြို့နယ်မှာ မိုးသည်းထန်၍ တောင်ကျရေများကြောင့် ခေါင်းနွဲ့ကျေးရွာအုပ်စုက နေအိမ် ၅၀ ကျော် ရေထဲမျောပါသွားကာ ဒေသခံပြည်သူ ၂၀ ရေနစ်မြုပ်သေဆုံးသွားကြောင်း သိရသည်။ စက်တင်ဘာလ ၁၂ ရက်နေ့စပြီး မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ကျရေများကြောင့် ချောင်းရေမြင့်တက်ကာ ခေါင်းနွဲ့၊ အိမ်ခတ်၊ နောင်နိမ့်၊ နော်ပိန်၊ လပ်လှိုင်ကုံလွမ် စသည့်ကျေးရွာများက နေအိမ် ၅၀ ကျော် မျောပါသွားကြောင်း ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောဆိုကြသည်။ အိမ်ခတ်ကျေးရွာက နေအိမ် ၂၅ လုံး၊ စာသင်ကျောင်း ၃ ဆောင် ရေထဲမျောပါသွားကာ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၆ ဦး စုစုပေါင်း

Continue Reading
ရေဘေးသင့်ဒေသများအတွက် စစ်ခေါင်းဆောင်၏ ကတိကဝတ်
မိုးလေဝသ သတင်း
0 min read
67

ရေဘေးသင့်ဒေသများအတွက် စစ်ခေါင်းဆောင်၏ ကတိကဝတ်

စက်တင်ဘာ ၁၉ - ၂၀၂၄
0

(မှတ်စုသတင်းတို) ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းနှင့် ဧရာဝတီက မြို့နယ် ၅၆ မြို့နယ်မှာ ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်နေရပြီး လယ်ယာလုပ်ငန်းပျက်စီးမှုနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၂၆၈ ဦး သေဆုံးခဲ့ပြီး ၈၈ ဦး ပျောက်ဆုံးလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ လက်ရှိ နေပြည်တော်က ရေဘေးသင့်ဒေသများကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်နေပြီး ရေဘေးသင့်ပြည်သူများကို ကတိကဝတ်များ ပေးနေသည်။ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာတွင် ဦးစားပေးအနေဖြင့် ရေကြီးမှုကြောင့် ပျက်စီးမှုနှင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည့် လမ်းကြောင်းများကို

Continue Reading
မတော မင်္ဂလာဆောင် ဗုံးကြဲခံရမှု ၁၉ ဦးသေဆုံးဟု Myanmar Witness ထုတ်ပြန်
စစ်ရေး သတင်း
1 min read
97

မတော မင်္ဂလာဆောင် ဗုံးကြဲခံရမှု ၁၉ ဦးသေဆုံးဟု Myanmar Witness ထုတ်ပြန်

စက်တင်ဘာ ၁၉ - ၂၀၂၄
0

(သတင်းတို) ဇွန်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာက မင်္ဂလာဆောင် ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း Myanmar Witness က အစီရင်ခံစာသစ်တစ်စောင် ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။ မတောကျေးရွာက မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့သည်ဟု ဒေသခံများနှင့် ဒီမိုကရေစီအင်အားစုများက ပြောဆိုခဲ့ပြီး စစ်ကောင်စီက ငြင်းဆိုထားသော်လည်း Myanmar Witness က စစ်ကောင်စီက ကျူးလွန်ခြင်းဖြစ်သည်ဟု အတည်ပြုထားသည်။ ဗုံးကြဲခံရဖြစ်စဉ် ဖြစ်ဖြစ်ချင်းနှင့် ရက်ပိုင်းအတွင်းက သတင်းမီဒီယာများတွင် သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရရှိသူ ၆၀ ဦးအထိ ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ကြသော်လည်း

Continue Reading
စစ်ရေး သတင်း
1 min read
45

မန္တလေး PDF ၏ စစ်ဘေးအလှူ

စက်တင်ဘာ ၁၉ - ၂၀၂၄
0

(သတင်းတို) ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ခဲ့ရသော မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအား ဆန်အိတ် ၅၀၀ နှင့် ငွေသား ကျပ်သိန်း ၁၅၀ မတည် လှူဒါန်းခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။ မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ၊ ဖြူရောင်ကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် လွယ်မွန်းကျေးရွာတို့မှ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှင့် ငွေသား ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆိုသည်။ ဆန်အိတ်များကို အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများထံ လှူဒါန်းပေးခဲ့ကြောင်း မန္တလေး PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) က ထုတ်ပြန်ထားသည်။

Continue Reading
AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
103

AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

စက်တင်ဘာ ၁၉ - ၂၀၂၄
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေက စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ကူညီကယ်ရေးပြုလုပ်ခဲ့သူတစ်ဦးက ” ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ဗုံးလာကြဲတာ။ ပုဏ္ဏားကျွန်းမြို့အဝင် ရသေ့တောင်သွားလမ်း လမ်းဆုံမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ အဲနားမှာက ကယ်ရီဂိတ်လုပ်ထားတာလေ။ ခရီးသွားတွေနဲ့ လူတွေအများကြီးပဲရှိတယ်။ ” ဟု ပြောသည်။ အရပ်သား ၁ ဦးက နေရာ၌ သေဆုံးသွားပြီး

Continue Reading
မြန်မာ့ရေဘေး နော်ဝေးနိုင်ငံက ဒေါ်လာ ၅ သိန်း ကူညီ
မိုးလေဝသ သတင်း
1 min read
54

မြန်မာ့ရေဘေး နော်ဝေးနိုင်ငံက ဒေါ်လာ ၅ သိန်း ကူညီ

စက်တင်ဘာ ၁၉ - ၂၀၂၄
0

(သတင်းတို) မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများကြောင့် ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်နေကြောင်း ကုလအဖွဲ့ UNOCHA က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။ မြန်မာပြည်သူများ ရေဘေးကြောင့် နေအိမ်များ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် အသက်သေဆုံးမှုများအတွက် လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟု နော်ဝေးနိုင်ငံက ဆိုသည်။ မြန်မာ့ရေးဘေးမှာ ဒုက္ခရောက်သူ ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၅ သိန်း ထောက်ပံ့ကူညီသွားမည်ဟု နော်ဝေးနိုင်ငံက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန် အသိပေးထားသည်။ ရေဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပြီး ထိခိုက်ခံစားရသူများအားလုံးအတွက် စာနာဆုတောင်းပေးလျက်ရှိကြောင်း နော်ဝေးနိုင်ငံက ဆိုသည်။ နော်ဝေးနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေ ယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ ရေဘေးသင့်ရပ်ရွာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀

Continue Reading
MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု ကြေညာ
စစ်ရေး သတင်း
1 min read
82

MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု ကြေညာ

စက်တင်ဘာ ၁၉ - ၂၀၂၄
0

(သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်ကိုင်စွဲမည်ဟုဆို) ကိုးကန့်တပ် MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက် ယမန်နေ့က ထွက်ပေါ်လာသည်။ မန္တလေးနှင့် တောင်ကြီးမြို့ကို NUG နှင့် ပူးပေါင်းကာ စစ်မြေပြင်များတိုးချဲ့ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်း MNDAA ၏ ကြေညာချက်က ဆိုသည်။ သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ဆက်လက်ကိုင်စွဲထားပြီး တရုတ်၏ ကြားဝင်စေ့စပ်ဖြေရှင်းခြင်းများကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု MNDAA က ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို

Continue Reading