ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်
(အမိန့်စာအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောဆိုခြင်း မရှိသေးပေ) ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသော ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဝိုင် ယစ်မျိုးကုန်မှန်သမျှကို ရခိုင်ပြည်အတွင်း ရောင်းချခွင့်၊ တင်သွင်းခွင့် ပိတ်ပင်ကြောင်း ULA/AA ၏ နိုဗာ – ၁ စစ်ဒေသ နိုင်ငံရေးဌာနက ထုတ်ပြန်သည့်စာတစ်စောင် ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး ပြည်မမြို့များက ထုတ်လုပ်သော အရက်၊ ဘီယာများနှင့် နိုင်ငံခြားမှ တင်သွင်းလာသော အရက်၊ ဘီယာများကို ရခိုင်ပြည်အတွင်း ရောင်းချခွင့် လုံးဝမရှိဟု ထုတ်ပြန်ချက် အမိန့်က
မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံပွဲ ဂျပန်မှာ ပြုလုပ်
(ဓါတ်ပုံသတင်း) ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဂျပန်နိုင်ငံရောက် မြန်မာပြည်သူများ ထောက်ခံဆန္ဒဖော်ပွဲကို ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ လာမည့်နှစ်များတွင်လည်း ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂထဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် အဓိက တောင်းဆိုခဲ့ကြသည်။ ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ Shibuya Hachiko Exit အနီးမှာ ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ခဲ့သူတစ်ဦးက ” ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပနေပြီ။ အဲညီလာခံကနေတစ်ဆင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ပြီးတော့ အတည်ပြုခန့်အပ်ပေးဖို့ မြန်မာပြည်သူတွေအနေနဲ့ ဝိုင်းဝန်းပြီး ထောက်ခံဆန္ဒဖော်ထုတ်တဲ့ပွဲပါ။ စစ်ကောင်စီက
နောင်ချိုမြို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ
(ယနေ့လည်း ဗုံးလာကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ) (သတင်းတို) ရှမ်းမြောက်ဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူများမှာ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း အများအပြားရှိနေကြသည်။ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင်လည်း စစ်ကောင်စီက Y-12 တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲတိုက်ခိုက်၍ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း တအောင်းတပ် TNLA က ထုတ်ပြန်ထားသည်။ နောက်ချိုမြို့အတွင်းအထိ စစ်ကောင်စီက ဗုံးလာကြဲခြင်းဖြစ်ပြီး ညဈေးတန်း၊ မြို့မဈေးတန်းနှင့် ရပ်ကွက် ၄ ခုထက်မနည်းမှာ ဗုံးအများအပြား ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိသူအပြင် ဈေးဆိုင်ခန်းများ၊ နေအိမ်များ ပျက်စီးသွားကြောင်းနှင့်
ဘင်္ဂလားဒေ့ရှ် ဆူပူမှု ၄ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသမှာ မြေပြန့်မှ အခြေချလားသော ဘင်္ဂလီများနှင့် တောင်တန်းဒေသက ဌာနေတိုင်းရင်းသားများကြား ဆူပူအုံကြွမှုတွင် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၇၂ ဦးအထိ ရှိလာကြောင်း The Daily Star က ဖော်ပြသည်။ ခါကာဆိုရီခရိုင်ထဲက ဓီဂီနလ (Dighinala) မြို့တွင် စက်တင်ဘာလ ၁၉ ရက် ကြာသပတေး မွန်းလွဲက ဘင်္ဂလီများနှင့် ဌာနေတိုင်းရင်းသားတို့ကြား ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြသည်။ ဓီဂီနလမြို့ရှိ ဌာနေတိုင်းရင်းသား သက္ကမလူမျိုးများ ပိုင်ဆိုင်သော ဆိုင်ခန်း ၁၀၀ ကျော်ကို ရာနှင့်ချီ အုပ်စုလိုက်ဝင်လာသော ဘင်္ဂလီအုပ်စုများက မီးရှို့ဖျက်ဆီးခြင်းကနေ ဆူပူအုံကြွမှု စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြမ်းဖက်မှုအား မကျေနပ်၍ ဌာနေတိုင်းရင်းသား
ပေါက်တောက မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ
ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြကြောင်း ဒုက္ခသည်များက ပြောသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အနောက်ရဲဒုက္ခသည်စခန်းမှာ ကလေးငယ်များ သေဆုံးမှုရှိနေပြီး အရေးပေါ်ကုသရန် လိုအပ်နေသည်ဟု အမည်မဖော်လိုသည့် စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ” စားနပ်ရိက္ခာပြတ်လပ်နေတာ ၅ လလောက်ရှိပါပြီ။ ကြုံရာရှာစားနေရပါတယ်။ ကလေးတွေက အစာအဟာရ ပြတ်တော့ ဗိုက်ဆာတဲ့အချိန် သန့်ရှင်းလား မသန့်ရှင်းလား မသိ တွေ့တဲ့ဟာ ကောက်စားတာပဲ။ စခန်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့သူ ကလေး ၂၀ ကျော်နဲ့ လူကြီး ၁၀ ကျော်ရှိပါတယ်။ ပြီးခဲ့ရက်ပိုင်းအတွင်းက ကလေး ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ရပါတယ်။