ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ
စစ်ရေး သတင်း
1 min read
365

ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ

စက်တင်ဘာ ၂၂ - ၂၀၂၄
1

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းဖို့ ဒေသခံအဖွဲ့အစည်းများ သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) သတင်းထုတ်ပြန်သည်။ ဇိုပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း ZORO၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၁ ရက်နေ့က ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNFနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုများတွင် အချက် ၅ ချက်ကို ကနေဦး သဘောတူခဲ့ကြပြီး ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ် အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့်

Continue Reading
ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို
နိုင်ငံရေး သတင်း
1 min read
118

ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို

စက်တင်ဘာ ၂၂ - ၂၀၂၄
1

ရခိုင်ပြည် စစ်တွေမြို့ တရားသီးစု ရပ်ကွက်တွင် ရှိသည့် ရခိုင်အမျိုးသားပါတီ ANP ဗဟို ပါတီရုံးချုပ် ဖြိုချဖျက်ဆီး ခံရခြင်းသတင်းမှာ မဟုတ်မမှန်ကြောင်း ပါတီ ဗဟိုအလုပ်မှုဆောင်များက ပြောဆိုသည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ANP ရုံးကို စစ်ကောင်စီတပ်မှ စစ်သား၊ ရဲအင်အားများဖြင့် လာရောက်ပြီး ဖြိုချ ဖျက်ဆီးသွားကြောင်း လူမှုကွန်ရက်စာက်မျက်နှာ အချို့မှာ ရေးသား ဖော်ပြကြသည်။ ရခိုင်အမျိုးသားပါတီ ANP ဗဟို အလုပ်မှုဆောင် တစ်ဦးက ” အဲ့ဒီသတင်းက မဟုတ်ဘူးဗျ။ သတင်းအမှားသာ ဖြစ်တယ်။ အဲ့ဒီပတ်ဝန်းကျင်မှာနေတဲ့ လူငယ်တွေက ရုံးမှာ နေကြတယ်။ ကျနော်တို့ အဲ့ဒီလူငယ်တွေက ရုံးမှာနေကြတာကို သိထားတာကြာပြီ၊

Continue Reading