လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးနှင့် အင်တာဗျူးပထမပိုင်း
မေးမြန်းခြင်း ရုပ်သံ
1 min read
95

လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးနှင့် အင်တာဗျူးပထမပိုင်း

စက်တင်ဘာ ၂၄ - ၂၀၂၄
0

လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးနှင့် အင်တာဗျူး ပထမပိုင်း “၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းရုံသာမကဘဲ အိမ်စောင့်အစိုးရ ကြေညာလိုက်တာဟာ ဘယ်ဥပဒေနှင့်မှမညီဘူး။ ၂၀၀၈ ဖွဲ့စည်းပုံနှင့်လည်း မညီဘူး” ဟုလူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကပြောဆိုသည်။ အိမ်စောင့်အစိုးရဆိုတာ ဘာလဲ၊ ၁၉၅၈ ခုနှစ် ဦးနေဝင်းလက်ထက်က အိမ်စောင့်အစိုးရနှင့် ၂၀၂၁ အိမ်စောင့်အစိုးရ ဘာတွေ ဘယ်လို ကွာဟာမှုရှိနေလဲ စတာတွေကို ဆွေးနွေးထားပါတယ်။ ဒုတိယပိုင်းကို မနက်ဖြန်တွင် ဆက်လက်တင်ပြပေးသွားမည်ဖြစ်သည်။ “ရခိုင်ပြည်နယ်ကို ဦးဆောင်အဖွဲ့အစည်းဖြစ် ULA/AA အနေနဲ့ ရှင်းအောင်စဥ်းစားဖို့လိုတယ်။ ခင်ဗျားတို့ ဖက်ဒရယ်ကို သွားမှာလား သို့မဟုတ် သီးခြားလွတ်လပ်တဲ့လွတ်လပ်တဲ့ နိုင်ငံကိုသွားမှာလား”

Continue Reading
ဘန်ကောက်တွင် ပထမ ၆ လအတွင်း ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၆၃၈ ခန်း မြန်မာနိုင်ငံသားများက စံချိန်တင်ဝယ်ယူခဲ့
စီးပွားရေး သတင်း
1 min read
31

ဘန်ကောက်တွင် ပထမ ၆ လအတွင်း ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၆၃၈ ခန်း မြန်မာနိုင်ငံသားများက စံချိန်တင်ဝယ်ယူခဲ့

စက်တင်ဘာ ၂၄ - ၂၀၂၄
0

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံတန်ဖိုးရှိ ကွန်ဒို အခန်းပေါင်း ၆၃၈ ခန်း စံချိန်တင်ဝယ်ယူခဲ့ကြကြောင်း ဘန်ကောက်ပို့စ်က ယနေ့ သတင်းဖော်ပြသည်။ ယခု ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုသည် ယခင်နှစ်ထက် ပိုမို စံချိန်တင် များပြားလာခဲ့ခြင်း ဖြစ်ပြီး ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုအခန်း ၆၃၈ ခန်းကို ဝယ်ယူ လွှဲပြောင်းရယူခဲ့ကြကြောင်း ထိုင်းနိုင်ငံ၊ အိမ်ခြံမြေသတင်းအချက်အလတ်ဌာန (REIC) ၏ အစီရင်ခံစာတွင်

Continue Reading
AA, KIA နှင့် NUG ကို နယူးဒေလီဆွေးနွေးပွဲ တက်ရန် အိန္ဒိယ ဖိတ်ကြား
နိုင်ငံရေး သတင်း
1 min read
61

AA, KIA နှင့် NUG ကို နယူးဒေလီဆွေးနွေးပွဲ တက်ရန် အိန္ဒိယ ဖိတ်ကြား

စက်တင်ဘာ ၂၄ - ၂၀၂၄
0

(တော်လှန်ရေးအဖွဲ့အစည်းများက ဆွေးနွေးပွဲတက်ရန် အကြောင်းမပြန်သေးဟုဆို) လာမည့် နိုဝင်ဘာ လလယ်တွင် ကျင်းပမည့် “ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ်” ဟူသော နယူးဒေလီဆွေးနွေးပွဲကို ရခိုင်တပ် AA, ကချင်တပ် KIA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို အိန္ဒိယအစိုးရက ဖိတ်ကြားထားကြောင်း သိရသည်။ နယူးဒေလီဆွေးနွေးပွဲကို ဖိတ်ကြားထားကြောင်း ဖိတ်ကြားခံရသည့် တော်လှန်ရေးအဖွဲ့တစ်ခု ခေါင်းဆောင်တစ်ဦးက အတည်ပြုထားကြောင်း ရိုက်တာသတင်းဌာနက ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် ဖော်ပြသည်။ အနောက်နိုင်ငံများက ရှောင်ဖယ်ထားသော အာဏာသိမ်း စစ်ကောင်စီ၏ ထိပ်တန်းဗိုလ်ချုပ်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် တောင်အာရှအာဏာ၏ သိသာထင်ရှားသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.Jaishankar က “အစိုးရမှ ရန်ပုံငွေထောက်ပံ့ထားသည့်

Continue Reading
အဆုံးစီရင်သည့် ပုဏ္ဏားကျွန်းက စစ်ရှောင် အလောင်း ပြန်ရှာတွေ့
ဒုက္ခသည်အရေး မှုခင်း သတင်း
1 min read
29

အဆုံးစီရင်သည့် ပုဏ္ဏားကျွန်းက စစ်ရှောင် အလောင်း ပြန်ရှာတွေ့

စက်တင်ဘာ ၂၄ - ၂၀၂၄
0

စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ကုလားတန်မြစ်ထဲ ခုန်ချ မိမိကိုယ်ကို အဆုံးစီရင်သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အမျိုးသား ရုပ်အလောင်းကို ယမန်နေ့ စက်တင်ဘာလ ၂၃ ရက် ညနေ ၇ နာရီခွဲအချိန်က ပြန်ရှာတွေ့ပြီဟု ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောဆိုကြသည်။ ပုဏ္ဏားကျွန်း အရပ်ဘက်အဖွဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးက “မနေ့ည ၇ နာရီခွဲမှာ ကျောက်ဆိပ်ရွာနား ကုလားတန်မြစ်ကမ်းဘေးက တွေ့တာပါ။ ညတွင်းချင်းပဲ သင်္ဂြိုလ်လိုက်ရပါတယ်။” ဟု ပြောသည်။ မြစ်ထဲခုန်ချေ အဆုံးစီရင်သွားသည့် သေဆုံးသူအမျိုးသားမှာ ပုဏ္ဏားကျွန်းမြို့ပေါ် ရွာဟောင်းရပ်ကွက်က အသက် ၂၅ နှစ်အရွယ် ကိုမောင်ကြီးဖြစ်သည်။ ၎င်းတို့မိသားစုဝင်များမှာ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲကတည်းက ပုဏ္ဏားကျွန်း-ကျောက်တော် ဟိုက်ဝေးလမ်းမပေါ်၌ တဲထိုးနေထိုင် စစ်ရှောင်နေခြင်းဖြစ်ပြီး

Continue Reading
စစ်ကောင်စီ၏ သေဒဏ် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုမြောက်ဟု IIMM ဆို
လူ့အခွင့်အရေး သတင်း
1 min read
24

စစ်ကောင်စီ၏ သေဒဏ် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုမြောက်ဟု IIMM ဆို

စက်တင်ဘာ ၂၄ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် လူပုဂ္ဂိုလ်အချို့ကို အများမျက်မှောက်တွင် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ် ကွက်မျက်ပါက ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှု မြောက်သည်ဟု IIMM က ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM အနေဖြင့် စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွက်မျက်မည်ဆိုသည့် သတင်းများကို အနီးကပ်စောင့်ကြည့်နေကြောင်း စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ IIMM ယန္တရားက စုံစမ်းရရှိထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန် အင်းစိန်အကျဉ်းထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွက်မျက်မှုကို ခံရနိုင်ကြောင်း သိရသည်။ IIMM က “တရားမျှတသော အမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ

Continue Reading
ရေဘေးကြောင့် လွတ်နိုင်၍ ထိုင်းနိုင်ငံတွင် မွေးထားသည့် မီးကျောင်းများကို သတ်ရန်ဆုံးဖြတ်
သဘာဝပတ်ဝန်းကျင်
0 min read
0

ရေဘေးကြောင့် လွတ်နိုင်၍ ထိုင်းနိုင်ငံတွင် မွေးထားသည့် မီးကျောင်းများကို သတ်ရန်ဆုံးဖြတ်

စက်တင်ဘာ ၂၄ - ၂၀၂၄
0

ထိုင်းနိုင်ငံ မြောက်ပိုင်း ရေကြီးနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ပြီးနောက် လမ်ပူခရိုင်မှာ မွေးမြူထားသော မိကျောင်းများကို သတ်ရန် မွေးမြူရေးပိုင်ရှင်က ဆုံးဖြတ်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မီးကျောင်းများ လွတ်မြောက်သွားနိုင်ပြီး ဒေသခံပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး မသတ်ချင်သော်လည်း အမျိုးအကျိုးအတွက် သတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မွေးမြူရေးပိုင်ရှင်က ဆိုသည်။ ” ရက်စက်လို့ သတ်ဖြတ်တာမဟုတ်ဘဲ ရေဘေးကြောင့် သူတို့ လွတ်မြောက်သွားရင် လူတွေကို ထိခိုက်နိုင်တဲ့အတွက် သတ်ဖို့ ဆုံးဖြတ်ချက်ချတာကို ရက်စက်စွာ သတ်ဖြတ်တယ်ဆိုတဲ့ စကားလုံးကို မသုံးဖို့ မေတ္တာရပ်ခံပါတယ် ” ဟု ပြောသည်။ လက်ရှိတွင် မီးကျောင်းမွေးမြူရေးခြံ နံရံသည် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားပြီး ဆက်လက် မိုးသည်းထန်ပါက တံတိုင်းကျိုးသွားနိုင်ကာ

Continue Reading
ပေါက်တောက မွတ်ဆလင် ၁၇ ဦး ငါးဖမ်းနေစဉ် ဖမ်းဆီးခံရ
သတင်း
1 min read
0

ပေါက်တောက မွတ်ဆလင် ၁၇ ဦး ငါးဖမ်းနေစဉ် ဖမ်းဆီးခံရ

စက်တင်ဘာ ၂၄ - ၂၀၂၄
0

ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲရွာ မွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ၁၇ ဦး ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် မြစ်ထဲ ငါးဖမ်းနေစဉ် အာဏာသိမ်း စစ်ကောင်စီ ရေတပ်က ဖမ်းဆီးသွားကြောင်း ဒုက္ခသည်များက ပြောသည်။ အနောက်ရဲရွာအနီး ကုလားတန်မြစ်ထဲ ငါးရှာဖွေနေစဉ် စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် စစ်ကောင်စီ နေဗီက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လိုသည့် မွတ်ဆလင်တစ်ဦးက ပြောသည်။ “ကုလားတန်မြစ်မှာ ကျားပိုက်နဲ့ ငါးသွားဖမ်းနေတဲ့အချိန် စစ်ကောင်စီရေတပ်နေဗီကနေခေါ် ဖမ်းဆီးသွားတာပါ။ ငါးဖမ်းနေစဉ် သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားတာပါ။ အပြစ်မဲ့မွတ်ဆလင် ၁၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ လူတွေအားလုံး တစ်နေ့လုပ်

Continue Reading