စည်းလုံးမှုယိုင်းနဲ့၍ နိုင်ငံပျောက်မည်ဟု စစ်ကောင်စီပြော
နိုင်ငံရေး
1 min read
0

စည်းလုံးမှုယိုင်းနဲ့၍ နိုင်ငံပျောက်မည်ဟု စစ်ကောင်စီပြော

စက်တင်ဘာ ၂၈ - ၂၀၂၄
1

မြန်မာပြည်မှာ စည်းလုံးညီညွတ်မှု ယိုင်နဲ့လာ၍ နိုင်ငံတကာ ပြိုင်ဆိုင်မှုကြားတွင် နိုင်ငံပါပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားနေကြောင်း အာဏာသိမ်း စစ်ကောင်စီက ပြောသည်။ ဟန်ပြရွေးကောက်ပွဲနီးလာနေ၍ ပြည်သူလူထုအား တစ်ဖက်လှည့်စည်းရုံးသည့် မြန်မာ့အရေးအပေါ် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းက စက်တင်ဘာလ ၂၇ ရက် သတင်းထုတ်ပြန်ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ် ဇော်မင်းထွန်း အဓိက ပြောကြားချက်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပြန်လည်ထူထောင်ရေးကိစ္စ၊ နိုင်ငံတကာကာတွင် အကျိုးစီးပွား ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ ပြည်တွင်းစည်းလုံးညီညွတ်မှုမရှိကြောင်းနှင့် PDF များ, တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်စွန့်ရေးကိစ္စတို့ဖြစ်သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားသည့် PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ပြီး ပါတီနှင့် ရွေးကောက်ပွဲလမ်းကို

Continue Reading
အမ်းမှာ ၂ နာရီကြာ စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွား
စစ်ရေး
1 min read
0

အမ်းမှာ ၂ နာရီကြာ စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၈ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့နယ် ကျောက်စကွဲကျေးရွာ အနောက်ဘက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ ကျောက်စကွဲကျေးရွာ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာမှာ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆၊ ခမရ ၃၇၃ နှင့် ခမရ ၃၇၂ တို့က အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားကြောင်း AA က ထုတ်ပြန်ထားသည်။ နံနက် ၁၁ နာရီ ၅၀ မိနစ်ကစတင်ပြီး ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကာ စစ်ကောင်စီတပ်သား

Continue Reading