အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဆင့်မှာ တရုတ်ထက် မြန်မာကသာ
နိုင်ငံရေး သတင်း
1 min read
0

အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဆင့်မှာ တရုတ်ထက် မြန်မာကသာ

အောက်တိုဘာ ၁၈ - ၂၀၂၄
0

အင်တာနက်လွတ်လပ်ခွင့်မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုသာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးစာရင်းတွင် ရှေ့တန်းရောက်ရှိလာပြီး Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ တရုတ်က အဆင့် ၉ နှင့် မြန်မာက အဆင့် ၈ ဖြစ်သည်။ မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုးဆုံးသို့ ယိုယွင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။ စစ်ကောင်စီသည်

Continue Reading
မလေးရှားမှာ မြန်မာ လူငယ်တစ်ဦး ကျားဆွဲခံရ၍ သေဆုံး
သတင်း အလုပ်သမားအခွင့်အရေး
0 min read
0

မလေးရှားမှာ မြန်မာ လူငယ်တစ်ဦး ကျားဆွဲခံရ၍ သေဆုံး

အောက်တိုဘာ ၁၇ - ၂၀၂၄
0

မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ် ဂျာလီခရိုင်မြို့ဧရိယာထဲ စိုက်ပျိုးရေးခြံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလူငယ်တစ်ဦး အောက်တိုဘာလ ၁၆ ရက်ညက ကျားဆွဲခံရ၍ သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက အသက် ၂၈ နှစ်အရွယ် ဆလိုင်းဟုန်းရှိန်ဖေ ဖြစ်သည်။ ဆလိုင်းဟုန်းရှိန်ဖေ မိတ်ဆွေတစ်ဦးက ” မနေ့ညက ၈ နာရီကျော်လောက်မှာ တဲနဲ့ သိပ်မဝေးတဲ့ စမ်းချောင်းစပ်မှာ ထမင်းချက်ဖို့ ကြက်သား သွားခုတ်နေစဉ် ကျားဆွဲခံလိုက်ရတာပါ။ ဆလိုင်းဟုန်းရှိန်ဖေနဲ့ အတူနေတဲ့ နောက်တစ်ယောက်ရှိသေးတယ်။ သူက တဲထဲမှာ ကျန်ခဲ့တယ်။ ဆလိုင်းဟုန်းရှိန်ဖေက ကြက်သားသွားခုတ်နေတာ။ အသံမကြားလို့၊ ကြာလို့ဆိုပြီး တဲထဲမှာကျန်ခဲ့တဲ့ တစ်ယောက်က စမ်းချောင်းနား သွားရှာကြည့်မှ ကျားဆွဲခံရတယ်ဆိုတာ သိတာ”

Continue Reading
ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ကူညီနေသည့် ကုလအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်း ပြစ်တင်
စစ်ရေး သတင်း
1 min read
0

ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ကူညီနေသည့် ကုလအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်း ပြစ်တင်

အောက်တိုဘာ ၁၇ - ၂၀၂၄
0

မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများအပေါ် နေ့စဉ် ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ် သတ်ဖြတ်နေသော မြန်မာစစ်တပ် (စစ်ကောင်စီ) အား ကူညီထောက်ပံ့နေကြသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်းက ပြစ်တင်ပြောဆိုလိုက်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက အမေရိကန်နိုင်ငံ ကုလဌာနချုပ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအချို့မှာ မြန်မာပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် စစ်ကောင်စီကို ကူညီမှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ် လောင်စာဆီ၊ တိုက်လေယာဉ်နှင့် ဆက်စပ် နည်းပညာ များကို ပိုမိုတင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် အရပ်သားများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည် ယခုနှစ်ကုန်ပိုင်းတွင်

Continue Reading
လေ့ကေ့ကော် စွယ်တော်ကုန်း စခန်းကို KNLA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

လေ့ကေ့ကော် စွယ်တော်ကုန်း စခန်းကို KNLA သိမ်းပိုက်

အောက်တိုဘာ ၁၇ - ၂၀၂၄
0

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လေ့ကေ့ကော်မြို့သစ်က စစ်ကောင်စီတပ်စခန်း စွယ်တော်ကုန်းကို KNLA, PDF တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာတပ်စခန်းကို ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ဆိုသည်။ “လေ့ကေ့ကော်အနီး စွယ်တော်ကုန်းစခန်းကို KNLA နဲ့ ကော်ဘရာ PDF ပူးပေါင်းတပ်တွေ ဒီမနက် ၅ နာရီလောက်မှာ သိမ်းဆည်းရမိပြီ၊ ရန်သူ တပ်မ ၄၄ ဗျူဟာမှုးနဲ့ အများစု စခန်းစွန့်ထွက်ပြေးပါတယ်။ လတ်တလောက် ၁၂၀ မမ၊ ပွိုင့်5 အပါ လက်နက်အများစု သိမ်းဆည်းရမိထားပြီး ရန်သူ သုံ့ပန်းတချို့လည်း ရရှိထားပါတယ်”

Continue Reading
အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု ၇,၁၀၀ ကျော်ရှိ
စစ်ရေး သတင်း
1 min read
0

အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု ၇,၁၀၀ ကျော်ရှိ

အောက်တိုဘာ ၁၇ - ၂၀၂၄
0

၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၄ အောက်တိုဘာ ၆ ရက်နေ့အထိ မြန်မာစစ်တပ် (စစ်ကောင်စီ) က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၇,၁၈၆ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း ISP မြန်မာက “ဘေးနှစ်သွယ်အမြွှာဆင့်ချိန်” အစီရင်ခံစာတွင် ရေးသားထုတ်ပြန်ထားသည်။ လေကြောင်းတိုက်ခိုက်ခံရမှုများ၏ ၅၄ ရာခိုင်နှုန်းနီးပါး (၃,၈၆၄ ကြိမ်ထက်မနည်း) သည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တစ်နှစ်နီးပါးကာလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ISP က ဆိုသည်။ တိုင်းနှင့်ပြည်နယ်များအနက် ရှမ်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု ၂၃ ရာခိုင်နှုန်းနီးပါး (၁,၆၂၅ ကြိမ်ထက်မနည်း) အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၁၅၆ မြို့နယ်ထက်မနည်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုများ ကြုံခဲ့ရပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် ၇၀၃

Continue Reading
ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” အာဏာဖီဆန် လူထုလှုပ်ရှားမှုပြုလုပ်
စစ်ရေး သတင်း
1 min read
0

ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” အာဏာဖီဆန် လူထုလှုပ်ရှားမှုပြုလုပ်

အောက်တိုဘာ ၁၇ - ၂၀၂၄
0

ရန်ကုန်မြို့ထဲက နေရာတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကျပ်ထားသည့်ကြားထဲက “ကျွတ်မနေနဲ့ ကြုံး” စာတန်းပါ ဆိုင်းဘုတ်များ ချိတ်ဆွဲသည့် လူထုလှုပ်ရှားမှုတစ်ခု ယနေ့‌ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီ မတရားရယူထားသော အာဏာကို ဖိဆန်သည့်အနေဖြင့် တော်လှန်ပုန်ကုန် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ အာဏာဖီဆန်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ဖြစ်သည့် Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Community နှင့် Linn Yaung Ni Youth Organization ( LYNYO) တို့ ပူးပေါင်း လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

Continue Reading
ဖုန်းလိုင်း၊ အင်တာနက် ပြတ်တောက်သွား၍ ရခိုင်မှာ ငွေလွှဲလုပ်ငန်း ရပ်တန့်
စစ်ရေး စီးပွားရေး သတင်း
1 min read
0

ဖုန်းလိုင်း၊ အင်တာနက် ပြတ်တောက်သွား၍ ရခိုင်မှာ ငွေလွှဲလုပ်ငန်း ရပ်တန့်

အောက်တိုဘာ ၁၆ - ၂၀၂၄
0

(နိုင်ငံခြားတွင် အလုပ်လုပ်နေသော မိသားစုဝင်များ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေရသည့် ရခိုင်ပြည်အတွင်းက မိသားစုဝင်များ စားဝတ်နေရေးကျပ်တည်းလာ) ရခိုင်တစ်ပြည်လုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေပြီး ငွေလွှဲလုပ်ငန်းများ ရပ်တန့်နေ၍ ဒေသခံပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုမိုရင်ဆိုင်နေရသည်ဟု စစ်တွေဒေသခံများက ပြောသည်။ စစ်တွေမြို့တွင် MPT ဖုန်းလိုင်းကလွဲ၍ ကျန် ဖုန်းဆက်သွယ်ရေးကွန်ရက်များမှာ ပြတ်တောက်နေပြီး အင်တာနက်လိုင်းက မည်သည့် ဖုန်းဆက်သွယ်ရေးမှ မရရှိဟု သိရသည်။ အင်တာနက်လိုင်းမရရှိ၍ ဘဏ် ကလွှဲပြီး အခြားသော ပြင်ပငွေလွှဲလုပ်ငန်း အထူးသဖြင့် KBZ PAY နှင့် WAVE MONEY ငွေလုပ်ငန်းမှာ ရပ်တန့်သွားပြီဟု အသက် ၄၀ အရွယ် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ”

Continue Reading
သီပေါမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီက ပြည်သူ ၃၃ ဦးကို သတ်ဖြတ်ခဲ့
စစ်ရေး သတင်း
1 min read
0

သီပေါမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီက ပြည်သူ ၃၃ ဦးကို သတ်ဖြတ်ခဲ့

အောက်တိုဘာ ၁၆ - ၂၀၂၄
0

(သီပေါကို TNLA သိမ်းပိုက်၊ လက်နက်စုံ ၂၀၀ နီးပါး သိမ်းဆည်းရမိ) တအောင်းတပ် TNLA က သီပေါမြို့ကို သိမ်းပိုက်နေစဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးခဲ့ရပြီး ၈၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ TNLA က သီပေါမြို့ကို ဇူလိုင်လ ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နှစ်လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ကာ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။ သီပေါမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်နေစဉ်အတွင်း အရပ်သားပြည်သူများကို စစ်ကောင်စီက ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများမှာ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။ စာသင်ကျောင်း ၂ ကျောင်းနှင့်

Continue Reading
စစ်တွေနှင့် ကျောက်ဖြူလေဆိပ်တွင် စစ်ဆေးမှုကြမ်းနေဆဲ
နိုင်ငံရေး သတင်း
1 min read
0

စစ်တွေနှင့် ကျောက်ဖြူလေဆိပ်တွင် စစ်ဆေးမှုကြမ်းနေဆဲ

အောက်တိုဘာ ၁၆ - ၂၀၂၄
0

ရခိုင်ပြည် စစ်တွေမြို့ လေဆိပ်တွင် ရန်ကုန်ပြန် ခရီးသည်များကို စစ်ဆေးမှု တင်းကျပ်လျှက်ရှိကြောင်း စစ်တွေလာသည့် ခရီးသည်များက ပြောသည်။ ခရီးသည်တစ်ဦးကို ၂ နာရီကြာအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေပြီး မသင်္ကာသူများကို ၃ နာရီကနေ ၅ နာရီအထိ စစ်ဆေးကြောင်း ယခုရက်ပိုင်းအတွင်း စစ်တွေပြန်လာသည့် ဒေသခံ ခရီးသည်တစ်ဦးက ပြောသည်။ ” အဓိကတော့ ဘယ်ကပြန်လာတာလဲ။ နိုင်ငံခြားကလား၊ ပြည်တွင်း တစ်နေရာကလား။ ပြီးတော့ ဒီကို ဘာလာလုပ်တာလဲ။ ဘယ်ကိုသွားမှာလဲ နေရပ်လိပ်စာ အသေးစိတ်ကို မေးတယ်။ ပြစ်မှုမှတ်တမ်းရှိလားကအစ မေးတာ။ မိသားစု ဘတ်ကြောင်းတွေရော မေးတယ်။ မှတ်ပုံတင်တွေကို စစ်တယ်။ အတုလား၊ အစစ်လားပေါ့။ အိတ်တွေ စစ်တယ်။

Continue Reading
NCA ကို တန်ဖိုးထားကြောင်း ဒေါက်တာအေးမောင်နှင့် ဒေါ်စောမြရာဇာလင်းပြော
နိုင်ငံရေး သတင်း
1 min read
0

NCA ကို တန်ဖိုးထားကြောင်း ဒေါက်တာအေးမောင်နှင့် ဒေါ်စောမြရာဇာလင်းပြော

အောက်တိုဘာ ၁၆ - ၂၀၂၄
0

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement–NCA) ကို တန်ဖိုးထားပြီး အသုံးပြုစေချင်ကြောင်း ရခိုင့်နိုင်ငံရေးထဲက နှစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် ဒေါ်စောမြရာဇာလင်းက ပြောသည်။ နေပြည်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် NCA (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ၎င်းတို့က ပြောဆိုခဲ့ခြင်းဖြစ်သည်။ NCA ကို လွယ်လွယ်ကူကူနှင့် ရရှိခဲ့ခြင်းမဟုတ်ဘဲ စိတ်မောကိုယ်မော အတိုက်အခံများဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး NCA ရအောင် ကြိုးပမ်းခဲ့ခြင်းမှာ မြန်မာ့သမိုင်းတွင် ထူးခြားသည့် ဖြစ်ရပ်တစ်ခုဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌ စောမြရာဇာလင်းက ပြောသည်။ “စစ်ကို စစ်နဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းနဲ့ဖြေရှင်းဖို့ စဉ်းစားတာက ဒီစာချုပ်ကြီးဖြစ်ပေါ်လာဖို့ အဓိက

Continue Reading