AA က ထိုးစစ်အရှိန်မြှင့်မယ်လို့ ပြောပြီးနောက် ရခိုင်က မြို့ ၃ မြို့မှာ တိုက်ပွဲပြင်းထန်နေ
စစ်ရေး ရုပ်သံ
0 min read
0

AA က ထိုးစစ်အရှိန်မြှင့်မယ်လို့ ပြောပြီးနောက် ရခိုင်က မြို့ ၃ မြို့မှာ တိုက်ပွဲပြင်းထန်နေ

အောက်တိုဘာ ၂ - ၂၀၂၄
0

Continue Reading
မြေရှားထွက်သည့် ကချင် ဆော့လော်မြို့ကို KIA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

မြေရှားထွက်သည့် ကချင် ဆော့လော်မြို့ကို KIA သိမ်းပိုက်

အောက်တိုဘာ ၂ - ၂၀၂၄
1

ကချင်ပြည်နယ် ဆော့လော်မြို့ကို စစ်ကောင်စီထံက ကချင်လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ပြီဟု သတင်းရင်းမြစ်များက ပြောသည်။ ဆော့လော်မြို့ကို ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်က KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး ဆော့လော်မြို့သည် မြေရှားသတ္တုထွက်သည့် မြို့တစ်မြို့လည်းဖြစ်သည်။ မြေရှားသတ္တုထွက်သည့် ဆော့လော်မြို့ကို သိမ်းပိုက်နိုင်ရန် KIA ပူးပေါင်းတပ်ဖွဲ့များသည် စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဆော့လော်မြို့သည် ကချင်အထူးဒေသ ၁ တွင် ပါဝင်ပြီး စစ်ကောင်စီ (မြန်မာစစ်တပ်) က ပြည်သူ့စစ်အဖွဲ့များဖြင့် ပူးပေါင်းအုပ်ချုပ်ထားသော မြို့လည်းဖြစ်သည်။ ဆော့လော်မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးပစ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ

Continue Reading
လားရှိုးမြို့ထဲ စစ်ကောင်စီ သတင်းပေးများရှိနေဟု ဆို
စစ်ရေး သတင်း
1 min read
0

လားရှိုးမြို့ထဲ စစ်ကောင်စီ သတင်းပေးများရှိနေဟု ဆို

အောက်တိုဘာ ၂ - ၂၀၂၄
1

ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ရာတွင် သတင်းပေးများ၏ အချက်အလက်များကို အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ ပစ်မှတ်များကို တည့်တည့် ပစ်ခတ်တိုက်ခိုက်နိုင်ခြင်းမှာ တည်နေရာ မြေပုံနှင့်တကွ သတင်းပေးများကြောင့် စစ်ကောင်စီက ရွေးချယ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “လေယာဉ်နဲ့ ဗုံးကြဲမှုတွေမှာ လားရှိုးထဲကနေ ပေးပို့တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ တိုက်ခိုက်ခဲ့တယ်လို့ ပြန်သိရပါတယ်။ လားရှိုးထဲမှာ တပ်သတင်းပေး ရှိနေတဲ့ သဘောပဲ။ လားရှိုးမြို့ကွက်နဲ့ မြေပုံက တပ်ဘက်မှာ ရှိပါတယ်။ အထဲက သတင်းပေးက ပြောတဲ့ နေရာကို တည်နေရာ သတ်မှတ်ရွေးချယ်ပြီး လေကြောင်း ပစ်မှတ်ပြန်ရွေးတယ်လို့ သိရတယ်။” ဟု ပြောသည်။

Continue Reading
ပလက်ဝဒေသခံ ၁၄ ဦးကို AA က ဖမ်းထားဟုဆို
စစ်ရေး သတင်း
1 min read
0

ပလက်ဝဒေသခံ ၁၄ ဦးကို AA က ဖမ်းထားဟုဆို

အောက်တိုဘာ ၂ - ၂၀၂၄
0

(ULA/AA ပြောခွင့်ရ ဦးခိုင်သုခ တုံ့ပြန်ခြင်းမရှိပေ) CDF-Paletwa (ပလက်ဝ ကာကွယ်ရေးတပ်) ကို ထောက်ပံ့သည်ဟုဆိုကာ ပလက်ဝမြို့နယ် ကျေးရွာလေးရွာက အရပ်သား ၁၄ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း Global Khumi Organization (GKO) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၇ ရက်တွင် င/ရှားကျေးရွာမှ ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နှင့် ဦးယက်ရယ် (Yeh Ray) နှင့် ချင်းဒေါက်ကျေးရွာမှ ဦးနန်းဘဲ၊ ဦးကျော်လှအောင်တို့ကို AA က ဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ကုန်းတော်အုပ်စု ရေချမ်းသာကျေးရွာမှ ၃

Continue Reading
ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များကို အမေရိကန်က ဒေါ်လာ ၁၉၉ သန်း ကူညီမည်
ဒုက္ခသည်အရေး သတင်း
1 min read
0

ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များကို အမေရိကန်က ဒေါ်လာ ၁၉၉ သန်း ကူညီမည်

အောက်တိုဘာ ၂ - ၂၀၂၄
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြသည့် မွတ်ဆလင်ဒုက္ခသည်များအတွက် ဒေါ်လာ ၁၉၉ သန်း ကူညီထောက်ပံ့ပေးမည်ဟု အမေရိကန်အစိုးရက စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေများမှာ မွတ်ဆလင်ဒုက္ခသည်များအပါအဝင် ဘင်္ဂလားဒေ့ရှ်က အကူအညီပေးနေသည့် ဒေသခံ လူမှုအသိုက်အဝန်းအတွက်လည်း ပါဝင်ကြောင်းဆိုသည်။ အမေရိကန်က မွတ်ဆလင်ဒုက္ခသည်များအတွက် ဒေါ်လာ ၁၉၉ သန်း ပေးမည်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန် သီးသန့်အစည်းအဝေးမှာ ကြေညာခဲ့ခြင်းဖြစ်သည်။ ထောက်ပံ့ငွေများကို အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ (USAID) အပါအဝင် အမေရိကန် အေဂျင်စီများကတဆင့် သုံးစွဲမည်ဟု အမေရိကန် အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Uzra Zeya က ပြောသည်။

Continue Reading
မြဝတီ ဖလူးကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်
စစ်ရေး သတင်း
1 min read
0

မြဝတီ ဖလူးကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

အောက်တိုဘာ ၂ - ၂၀၂၄
0

(စာသင်ကျောင်း ပျက်စီးသွားပြီး ကလေးငယ်များ ထိခိုက်မှု မရှိခဲ့) ကရင်ပြည် မြဝတီမြို့နယ် ဖလူးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း ပျက်စီးသွားပြီး ကလေးငယ်များမှာ ထိခိုက်မှုမရှိခဲ့ကြောင်း KNU တပ်မဟာ ၆ သတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ စွယ်တော်ကုန်း အမြောက်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ” ပထမ လက်နက်ကြီးသံတွေ ထွက်ပေါ်လာလို့ ကျောင်းကို စောပိတ်ပြီး ကလေးတွေ၊ ဆရာ/ဆရာမတွေကို လွှတ်လိုက်တယ်။ မကြာဘူး စာသင်ကျောင်းကို လက်နက်ကြီးကျလာတာပဲ။ ကျောင်းကတော့ ပျက်စီးသွားပါတယ်။ ကလေးတွေ၊ ဆရာ/ဆရာမတွေက ထိခိုက်မှု မရှိခဲ့ဘူး။ ”

Continue Reading
အစ္စရေးကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ အစ္စရေးက လက်တုံ့ပြန်မည်ဟုဆို
စစ်ရေး သတင်း
1 min read
0

အစ္စရေးကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ အစ္စရေးက လက်တုံ့ပြန်မည်ဟုဆို

အောက်တိုဘာ ၂ - ၂၀၂၄
0

ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်နှင့် အီရန် အရာရှိများ သတ်ဖြတ်ခံရမှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ထားသည်။ ယမန်နေ့ အောက်တိုဘာ ၁ ရက် ညတွင် အစ္စရေးနိုင်ငံထဲက တယ်လ်အဗီးမြို့ အပါအဝင် နေရာတချို့ကို အီရန် ဒုံးကျည် ရာနှင့်ချီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောသည်။ အီရန်က ဒုံးကျည် ၂၀၀ နီးပါးအထိ ပစ်လွှတ်ခဲ့ပြီး အစ္စရေး ဒုံးကျည်ကာကွယ်ရေးနစ်က ကြားဖြတ်ကာကွယ်ခဲ့သော်လည်း ဂျေရုဆလင်နှင့် တယ်လ်အဗီးတို့တွင် ပေါက်ကွဲသံများ ကြားရသည်။ အီရန်ဘက်က တိုက်ခိုက်လာမည်ကို အစ္စရေးက ကြိုသိနေ၍ အရပ်သားများကို ဗုံးခိုကျင်းထဲ ရွှေ့ပြောင်းထားခဲ့ကြောင်းနှင့် ဒုံးကျည်များ မကျရောက်ရန် ကာကွယ်ခဲ့သော်လည်း အချို့သော ဒုံးကျည်များမှာ

Continue Reading