တိုက်ပွဲများရှိနေဆဲ ရခိုင်တွင် ဒေသခံပြည်သူများ ကျန်းမာရေးပြဿနာကို အဓိက ရင်ဆိုင်နေရ
ကျန်းမာရေး သတင်း
1 min read
0

တိုက်ပွဲများရှိနေဆဲ ရခိုင်တွင် ဒေသခံပြည်သူများ ကျန်းမာရေးပြဿနာကို အဓိက ရင်ဆိုင်နေရ

အောက်တိုဘာ ၅ - ၂၀၂၄
0

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု ၁ နှစ်နီးပါးအကြာ ရှိလာသည့် ရခိုင်ပြည်တွင် ဒေသခံများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို အဓိကရင်ဆိုင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။ ကျန်းမာရေးဆိုင်ရာပြဿနာများမှာ ဆေးဝါးပြတ်လပ်ခြင်း၊ ရှိသည့်ဆေးဝါးများ စျေး အဆမတန်မြင့်ခြင်းများ အပါအဝင် ဆေးရုံဆေးခန်း အများစုမဖွင့်လှစ်နိုင်ခြင်းနှင့် ဆေးဝါးကျွမ်းကျင်သည့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများမရှိတော့ခြင်းတို့ဖြစ်ကြောင်း တွေ့ရသည်။ အဆိုပါပြဿနာများကို ရခိုင်ဒေသခံများကြုံတွေ့နေကြရခြင်းပြီး ထိုအထဲမှ အဓိက အကျဆုံးပြဿနာမှာ ဆေးဝါးကျွမ်းကျင်ဝန်ထမ်းများမရှိတော့ခြင်းသည် အဓိကပြဿနာဖြစ်နေသည်ဟု ကျောက်ဖြူမြို့နယ်မှ အထက်တန်းသူနာပြုတစ်ဦးက ပြောသည်။ “ကျန်းမာရေးပြဿနာတွေကတော့ အမျိုးမျိုးပဲ။ ဆေးဝါးမလုံလောက်တာ၊ ရှိတဲ့ဆေးတွေကရောဂါနဲ့ကိုက်ညီတဲ့ ဆေးတွေနည်းတာတွေ ဖြစ်နေတယ်။ အဓိကကတော့ ဆေးဝါးကျွမ်းကျင်ဝန်ထမ်းတွေ လုံးဝအားနည်းသွားတယ်။ ဒီဖက်မှာဆိုလည်း နယ်ခံ ဆရာဝန်တွေလောက်ပဲ ကျန်ခဲ့တော့တယ်။ ရောဂါကို သေချာမကုသပေးနိုင်တာ

Continue Reading
ရမ်းဗြဲမှာ စစ်ရှောင်ဒုက္ခသည် ၃ သောင်းကျော် အကူအညီလိုအပ်နေ
ဒုက္ခသည်အရေး သတင်း
1 min read
0

ရမ်းဗြဲမှာ စစ်ရှောင်ဒုက္ခသည် ၃ သောင်းကျော် အကူအညီလိုအပ်နေ

အောက်တိုဘာ ၅ - ၂၀၂၄
0

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်မှာ ဒေသခံများအပါအဝင် အခြားမြို့နယ်များက စစ်ရှောင်ဒုက္ခသည် ၃ သောင်းကျော်ရှိပြီး ၎င်းတို့အားလုံးမှာ နေထိုင်စားသောက်ရေး အကူအညီလိုအပ်နေကြောင်း သိရသည်။ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင် စသည့် ဒေသများက ပြည်သူလူထုများမှာ ရမ်းဗြဲမြို့နယ်သို့ စစ်ရှောင်လာကြပြီး အကူအညီလိုအပ်နေခြင်းဖြစ်သည်။ AA အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” ရမ်းဗြဲမြို့နယ်က စစ်ရှောင်မြို့လိုဖြစ်နေပြီ။ တောင်ကုတ်ကလည်း လာတယ်။ ကျောက်ဖြူကလည်း လာတယ်။ မာန်အောင်လည်းရှိတယ်။ ရမ်းဗြဲက အနီးဆုံးဆိုတော့လေ။ ကျောက်ဖြူကဆို တိုက်ပွဲတွေရှိနေတဲ့ စနဲ၊ ဇင်ချောင်း တခုလုံး ရမ်းဗြဲမှာ စစ်ရှောင်နေကြတယ်။ လူဦးရေ ၃ သောင်းကျော်လောက် ရှိမယ်ထင်တယ်။ ” ဟု ပြောသည်။ လတ်တလောတွင် အဆိုပါ စစ်ရှောင်များကို

Continue Reading