မလေးရှားတွင် မြန်မာဆိုင်များကို အာဏာပိုင်များ ဝင်ရောက်စီးနင်းစဉ် မြန်မာနိုင်ငံသားများ ရာနှင့်ချီ ဖမ်ဆီးခံရ၊ ထွက်ပြေးစဉ် ရထားတိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး
စီးပွားရေး သတင်း
1 min read
0

မလေးရှားတွင် မြန်မာဆိုင်များကို အာဏာပိုင်များ ဝင်ရောက်စီးနင်းစဉ် မြန်မာနိုင်ငံသားများ ရာနှင့်ချီ ဖမ်ဆီးခံရ၊ ထွက်ပြေးစဉ် ရထားတိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး

အောက်တိုဘာ ၇ - ၂၀၂၄
0

မလေးရှားနိုင်ံငံတွင် မြန်မာနိုင်ငံသားများ နေထိုင်ရာနေရာများနှင့် မြန်မာဆိုင်များကို ဝင်ရောက်စီးနင်းရာတွင် မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံခဲ့ရပြီး ဖမ်ဆီးရာတွင် ထွက်ပြေးသည့် မြန်မာအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံက ပီနန်း၊ ဂျိုဟိုး၊ အီပို့၊ ဆလန်ဂေါပြည်နယ် ရှားလန်းစသည့်နေရာများကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားများ ရာနှင့်ချီ ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာ အလုပ်သမားများကို ကူညီဆောင်ရွက်နေသူတစ်ဦးက Western News ကို ပြောသည်။ “အခုတစ်လော နေရာတော်တော်များများကို ဖမ်ဆီးတယ်ဗျ။ ပီနန်း၊ ဂျိုဟိုး၊ အီပို့၊ ရှားလန်းစတဲ့ မြန်မာတွေ နေထိုင်တဲ့ နေရာတွေ၊ ပြီးတော့ မြန်မာဆိုင်တွေ၊ စက်ရုံတွေ ဝင်ရောက်စီးနင်းတယ်။ ဒီတစ်ပတ်အတွင်းမှာ ဆိုရင် မြန်မာ ၂၀၀

Continue Reading
လက်နက်ကိုင် ARSA က အရပ်သားများကို ပစ်ခတ် သတ်ဖြတ်
စစ်ရေး သတင်း
1 min read
0

လက်နက်ကိုင် ARSA က အရပ်သားများကို ပစ်ခတ် သတ်ဖြတ်

အောက်တိုဘာ ၇ - ၂၀၂၄
0

(အမျိုးသမီး ၁ ဦးသေဆုံးပြီး ယာဉ်မောင်းအပါအဝင် ၄ ဦး ဒဏ်ရာရ) ရခိုင်ပြည် မောင်တောမြို့နယ်မှာ အခြေခံစားသောက်ကုန် ပစ္စည်းများ ဝယ်ယူပြီး ပြန်လာသော အရပ်သားပြည်သူများကို မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ကြောင်း AA က ယနေ့ အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည်။ မောင်တောမြို့ခွဲ တောင်ပြိုမြို့က စားသောက်ကုန်ပစ္စည်းများ ဝယ်ယူပြီး ပြန်လာသော ယာဉ်မောင်အပါအဝင် အရပ်သား ၆ ဦးပါ တေဘာကားတစ်စီးကို ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီကျော်အချိန်တွင် ARSA လက်နက်ကိုင်အဖွဲ့က လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ARSA တိုက်ခိုက်မှုကြောင့်

Continue Reading
ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ် ၇၀၀ နီးပါး ပညာသင်ကြားနိုင်ရေး အကူအညီလိုအပ်နေ
ကျန်းမာရေး သတင်း
1 min read
0

ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ် ၇၀၀ နီးပါး ပညာသင်ကြားနိုင်ရေး အကူအညီလိုအပ်နေ

အောက်တိုဘာ ၇ - ၂၀၂၄
0

လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အခမဲ့ပညာသင်ကြားပေးနေသော ပုဏ္ဏားကျွန်းဒေသက စစ်ရှောင်ကလေးငယ် ၇၀၀ နီးပါးမှာ ဖတ်စာအုပ်များ၊ စာရေးကိရိယာများ အကူအညီလိုအပ်နေကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။ လက်ရှိ အခမဲ့စာသင်ကြားရေးအစီစဉ်တွင် ကျောင်းသားဦးရေ ၇၀၀ နီးပါးကို စာသင်ဆောင် ၃ ခုခွဲကာ ပညာသင်ကြားပေးလျှက်ရှိနေပြီး ကျောင်းနေအရွယ်များမှာ KG တန်းမှ Grade 9 အထိ ရှိကြောင်းနှင့် ကလေးငယ်များမှာ အကူအညီများစွာ လိုအပ်နေကြောင်း ဆိုသည်။ လင်းရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာမတစ်ဦးက ” စာသင်ဆောင် အရမ်းနည်းတယ်လေ။ ခွဲပြီးတော့ စာသင်နေရပါတယ်။ ပြီးတော့ ကလေးတွေမှာ စားရေးကိရိယာ မလုံလောက်တာ၊ ဖတ်စာအုပ်တွေ မလုံလောက်တာ၊ ရေးဖို့ ပလာစာအုပ် မလုံလောက်တာ အများကြီးပါ။ ဖတ်စာအုပ်မလုံလောက်တော့

Continue Reading
ကမ်းခြေစောင့်တပ်ကို ရေယာဉ် ၄ စီးဖြင့် စစ်ကောင်စီ အင်အား ထပ်ဖြည့်
စစ်ရေး သတင်း
1 min read
0

ကမ်းခြေစောင့်တပ်ကို ရေယာဉ် ၄ စီးဖြင့် စစ်ကောင်စီ အင်အား ထပ်ဖြည့်

အောက်တိုဘာ ၇ - ၂၀၂၄
0

(ထပ်ပြီး လူအင်အား၊ လက်နက်အင်အား ဖြည့်မည်ဟုဆို) ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် ကျရောက်သည့် ကမ်းခြေစောင့်တပ်ဖွဲ့ ၃ နှစ်မြောက် အခမ်းအနားမှာ ကမ်းခြေစောင့်တပ်ဖွဲ့ကို အင်အားဖြည့်သည့်အနေဖြင့် အမြန်သွားကင်းလှည့်ရေယာဉ်သစ် ၄ စီးကို စစ်ကောင်စီက ထပ်မံဖြည့်တင်းခဲ့သည်။ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယမန်နေ့တွင် ကင်းလှည့်ရေယာဉ် ၄ စီးကို တပ်တော်ဝင်စာရင်းသွားနိုင်ခဲ့သည်ဟု အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ကို ယခုထက် များစွာသော ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရဦးမည်ဟု မင်းအောင်လှိုင်က ဆိုသည်။ စစ်ကောင်စီ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် သဘာဝဘေးဒုက္ခကယ်ဆယ်ခြင်း၊ ပင်လယ်ပြင် အရေးပေါ်လိုအပ်ချိန်တွင်

Continue Reading
AA ထိုးစစ် ဂွမြို့အနီးကို ချဉ်းကပ်လာ
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ် ဂွမြို့အနီးကို ချဉ်းကပ်လာ

အောက်တိုဘာ ၇ - ၂၀၂၄
0

(ဂွမြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ကုလားပြင်တပ်စခန်းကို AA သိမ်းပိုက်ဟုဆို) အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ ဂွမြို့အနီးကို ရောက်ရှိလာပြီး ဂွမြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ကုလားပြင်တပ်စခန်းကို AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ သံတွဲမြို့နှင့် ငပလီမြို့ကို သိမ်းပိုက်နောက် AA သည် ဂွမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ စက်တင်ဘာလ အစောပိုင်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လျှက်ရှိကြောင်း သိရသည်။ ထိုးစစ်တစ်ပတ်အတွင်းမှာ ဂွမြို့ထဲက မြို့တစ်ဖြစ်သည့် ကျန္တလီမြို့ကို AA က ထိန်းချုပ်နိုင်ခဲ့ပြီး ကျိန္တလီမြို့ထဲရှိ ရဲနှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့မှာ ဂွမြို့အနီး ကုလားပြင်

Continue Reading
အမ်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် AA က ထိုးစစ်အရှိန်မြှင့်နေ
စစ်ရေး သတင်း
1 min read
0

အမ်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် AA က ထိုးစစ်အရှိန်မြှင့်နေ

အောက်တိုဘာ ၇ - ၂၀၂၄
0

စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ယခု အောက်တိုဘာလ အစောပိုင်းကစ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ စစ်ကောင်စီတပ်စခန်းများကို AA က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်သည်။ AA ၏ ထိုးစစ် အောက်တိုဘာလ ၅ ရက် နေ့လယ်ပိုင်းက ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်းများကို အင်အားအများအပြားသုံး တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းသိသူ ဒေသခံတစ်ဦးက ပြောသည်။ ” အောက်တိုဘာ ၅ ရက် နေ့လ ၁၂ နာရီဝန်းကျင်ကနေ AA ဖက်က

Continue Reading
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
သတင်း
1 min read
0

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်

အောက်တိုဘာ ၇ - ၂၀၂၄
0

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဒုတိယဥက္ကဋ္ဌ နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၃ နာရီအချိန် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့သည်။ သွေးကင်ဆာခံစားနေရသော ဒေါက်တာဇော်မြင့်မောင် မှာ အကျဉ်းထောင်အတွင်း ကျန်းမာရေး မကောင်းမွန်ခဲ့ရာမှ ယခုနောက်ဆုံး မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ ဒေါက်တာဇော်မြင့်မောင်မကွယ်လွန်မီ စစ်ကောင်စီက အောက်တိုဘာလ ၆ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း အမိန့်စာကို ဆေးရုံတွင်

Continue Reading
အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ သတိပြု
သတင်း
0 min read
0

အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ သတိပြု

အောက်တိုဘာ ၇ - ၂၀၂၄
0

လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ ဆိုရှယ်မီဒီယာက တဆင့်လှုံ့ဆော် တိုက်တွန်းနေတာတွေရှိပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သား ပြည်သူတွေကို အဆိုးရွားဆုံးသေကြေ၊ ပျက်စီးစေရုံတင်မကဘဲ နေထိုင်အသက်ရှင်ရေးအတွက် လိုအပ်တဲ့အခြေခံအဆောက်အအုံတွေလည်း ဆုံးရှုံးစေပါတယ်။ အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းမှုကို အမြဲရွေးချယ်ပါ။

Continue Reading
ကျောက်ဖြူမှာ ရွှံ့မီးတောင် ပေါက်ကွဲ၊ ထိခိုက်မှုမရှိ
သတင်း
0 min read
0

ကျောက်ဖြူမှာ ရွှံ့မီးတောင် ပေါက်ကွဲ၊ ထိခိုက်မှုမရှိ

အောက်တိုဘာ ၇ - ၂၀၂၄
0

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာအနီးက ဝက်အင်းနဂါးအမည်ရှိ ရွှံ့မီးတောင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ ကြာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခု ပေါက်ကွဲမှုဖြစ်သည့် ရွှံ့မီးတောင်မှာ ကျောက်ဖြူဒေသရှိ ဝက်အင်းနဂါး ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုမှ မြောက်ဘက်အစွန်ဆုံး မီးတောင်ဖြစ်သည်။ ရွှံ့ရည်ပူများသည် အမြင့်ပေ ၁၀ ပေခန့်အထိ လွင့်စင်ပေါက်ထွက်ခဲ့ပြီး မီးတောင်ဘေးပတ်လည် ပေ ၃၀၀ ခန့် ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့ကြောင်း သိရသည်။ ရွှံ့မီးတောင်ပေါက်ကွဲလျှင် လယ်ယာမြေများ၊ လူ၊ တိရစ္ဆာန်များ ထိခိုက်မှုရှိသော်လည်း ယခု ပေါက်ကွဲခဲ့သည့် ရွှံ့မီးတောင်ကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း

Continue Reading