ကျောက်ဖြူက မွတ်ဆလင်ဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်
ဒုက္ခသည်အရေး သတင်း
1 min read
0

ကျောက်ဖြူက မွတ်ဆလင်ဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်

အောက်တိုဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး အပြင်ထွက် လုပ်ကိုင်စားသောက်ခြင်းလည်း မရရှိကြောင်း ဒုက္ခသည်များက ပြောသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ ထောက်ပံ့မှု မရရှိသည်မှာ ၅ လခန့် ကြာမြင့်နေပြီဟု မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။ ” စခန်းမှာ စားဝတ်နေရေးက အရမ်းအခက်အခဲဖြစ်နေပါတယ်။ WFP ကလည်း မထောက်ပံ့တာ ၅ လလောက်ရှိနေပါပြီ။ အရင်ကတော့ WFP က လစဉ်ထောက်ပံ့ခဲ့ပါတယ်။ အခု ထောက်ပံ့မှု မရှိတော့ ထမင်းငတ်နေကြပါပြီ။ အပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ကလည်း အပြင်ထွက်ခွင့်မရဘူး။ ရေရှည်မှာ ထမင်းငတ်ပြီ လူတွေ အားလုံး သေသွားနိုင်ပါတယ်။ ” ဟု ပြောသည်။ WFP က

Continue Reading
တေးသံရှင် ဆုမြတ်ထက်ကို နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွား
စီးပွားရေး နိုင်ငံရေး သတင်း
1 min read
0

တေးသံရှင် ဆုမြတ်ထက်ကို နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွား

အောက်တိုဘာ ၈ - ၂၀၂၄
0

(မနေ့ နေ့လယ်က ခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်လာသေး) ရခိုင်၊ မြန်မာ တေးသံရှင် မာန်အောင် ဒေသခံ မဆုမြတ်ထက်ကို ရန်ကုန်တိုင်းတာမွေ နေအိမ်မှ ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့၊ အရပ်ဝတ်အချို့ စုစုပေါင်း ၁၀ ဦးခန့်က ရန်ကုန် တာမွေရှိ နေအိမ်မှ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မဆုမြတ်ထက် အသိုင်းအဝိုင်းက Western News ကို ပြောသည်။ မဆုမြတ်ထက် အသိုင်းအဝိုင်းထဲက တစ်ဦးက “မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀

Continue Reading
ယနေ့ နံနက် ပေါက်တောနှင့် ပုဏ္ဏားကျွန်း ဗုံးကြဲခံရ
စစ်ရေး သတင်း
1 min read
0

ယနေ့ နံနက် ပေါက်တောနှင့် ပုဏ္ဏားကျွန်း ဗုံးကြဲခံရ

အောက်တိုဘာ ၈ - ၂၀၂၄
0

(နေအိမ်များပျက်စီးပြီး အရပ်သား ၂ ဦး ဒဏ်ရာရ) ယနေ့ အောက်တိုဘာလ ၈ ရက် နံနက် အစောပိုင်းက ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီလေကြောင်းက တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” နံနက် ၁ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲခဲ့တာပါ။ ကျေးရွာအတွင်း ဘုန်းတော်ကြီးကျောင်း၊ လူနေအိမ်အချို့ ထိခိုက်ခဲ့ပါတယ်။ ရွာသား ဦးအောင်ကျော်သိန်းမှာ ဗုံးစထိမှန်လို့ ဒဏ်ရာ အနည်းငယ် ရသွားပါတယ်။ ရွာကို ရည်ရွယ်ချက်ချက် ရှိရှိနဲ့ ဗုံးလာတာပါ။ ” ဟု ပြောသည်။ ယင်းအပြင် နံနက်

Continue Reading
မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံအနေဖြင့် အဓိက အခန်းကဏ္ဍက ပါဝင်ရမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော
သတင်း
1 min read
0

မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံအနေဖြင့် အဓိက အခန်းကဏ္ဍက ပါဝင်ရမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

အောက်တိုဘာ ၈ - ၂၀၂၄
0

မြန်မာနိုင်ငံတွင် ရှည်ကြာနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းစေရေးအတွက် အာဆီယံအစုအဖွဲ့အနေဖြင့် အဓိက အခန်းကဏ္ဍက ပါဝင်ပြီး ဖြေရှင်းပေးရန် လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ်သစ် ပေထုန်တန်က ပြောသည်။ လာအိုနိုင်ငံမှာ မကြာခင်ရက်ပိုင်းအတွင်း ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ ယမန်နေ့ အောက်တိုဘာ ၇ ရက် ဘန်ကောက်မြို့က အခမ်းအနားတစ်ခုတွင် ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံသည် မငြိမ်မသက်ဖြစ်နေကြောင်းနှင့် အာဏာရစစ်အစိုးရကို လက်နက်ကိုင် တော်လှန်မှုအဖြစ်သို့ ပြောင်းလဲသွားကာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ မစ္စ ပေထုန်တန် (Paetongtarn) က “အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ရာမှာ အရေးကြီးတဲ့

Continue Reading
တောင်ကုတ် တန်းလွဲရွာမကို စစ်ကောင်စီက ဗုံးကြဲမှုကြောင့် အရပ်သား ၁၆ ဦးသေဆုံး
စစ်ရေး သတင်း
0 min read
0

တောင်ကုတ် တန်းလွဲရွာမကို စစ်ကောင်စီက ဗုံးကြဲမှုကြောင့် အရပ်သား ၁၆ ဦးသေဆုံး

အောက်တိုဘာ ၈ - ၂၀၂၄
0

အရပ်သားများ နေထိုင်သည့် တောင်ကုတ်မြို့နယ်က တန်းလွဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၇ ရက်နေ့ ၁၁ နာရီကျော်ခန့်က တန်းလွဲဒေသ ရွာမှရွာသစ်ကို စစ်ကောင်စီတပ်က ဗုံးနှစ်လုံးနှင့် လာရောက်ကြဲချခဲ့မှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၆ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ တန်းလွဲရွာမ ရွာသားတစ်ဦးက ” တန်းလွဲ ရွာမရွာသစ်ကို ညဉ့် ၁၁ နာရီကျော်လောက်မှာ ဗုံးနှစ်နဲ့ လာပြီးတော့ ကြဲချ သွားပါတယ်။ ချောင်းနားရွာကို လာရောက်ကြဲချသွားတာပါ။ အိမ်တွေကတော့ တော်တော်လေးကို ပျက်စီးသွားပါတယ်။

Continue Reading
ဘူးသီးတောင်က ARSA တပ်စခန်းကို AA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

ဘူးသီးတောင်က ARSA တပ်စခန်းကို AA သိမ်းပိုက်

အောက်တိုဘာ ၈ - ၂၀၂၄
0

စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဘူးသီးတောင်ဒေသတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA တပ်စခန်းတစ်ခုကို အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီခန့်က သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ AA သိမ်းပိုက်ထားသော ARSA တပ်စခန်းမှာ ဘူးသီးတောင်မြို့နယ် ရွှေထား (မူဆလင်) ရွာ၏ အနောက်ဘက် (၄.၉) ကီလိုမီတာအကွာအဝေး၌ စခန်းချနေထိုင်နေသာ တပ်စခန်းဖြစ်သည်။ ARSA တပ်စခန်းက လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တို့ကို သိမ်းဆည်းရမိခဲ့ပြီး ယင်းစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံရှင်းလင်းလျက်ရှိသည်ဟု AA က ဆိုသည်။ မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ ကလေးငယ်များအပါအဝင်

Continue Reading
သိမ်းပိုက်ထားသော မြို့ရွာများကို AA က မိုင်းရှင်းလင်းရေး ပြုလုပ်
ဓါတ်ပုံသတင်း သတင်း
1 min read
0

သိမ်းပိုက်ထားသော မြို့ရွာများကို AA က မိုင်းရှင်းလင်းရေး ပြုလုပ်

အောက်တိုဘာ ၈ - ၂၀၂၄
0

ပလက်ဝဒေသ အပါအဝင် ရခိုင်ဒေသက သိမ်းပိုက်ထားသော မြို့၊ ရွာများကို အာရက္ခတပ်တော် AA က မိုင်းရှင်းလင်းရေး ပြုလုပ်ပေးနေသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်မရှုံးခင်နှင့် စခန်းမစွန့်ခွာခင်ကတည်းက စခန်းအနီးအနားတွင် မိုင်းထောင်ထားခြင်း၊ စစ်ကြောင်းထိုးရာဒေသများတွင် မိုင်းထောင်ထားခြင်းများကို ပြုလုပ်ခဲ့ကြသည်။ လက်ရှိ ထိန်းချုပ်ထားသော မြို့များဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင် ဒေသများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ စခန်းအနီးအနားနှင့် မြို့ပတ်ပတ်လည်ကို မိုင်းထောင်ထားကြောင်း သိရသည်။ အာရက္ခတပ်တော် AA အနေဖြင့် စစ်ကောင်စီထံက သိမ်းပိုက်ထားသော မြို့၊ ရွာများကို အလေးထား ဆောင်ရွက်ပေးနေပြီး သိမ်းလုဆဲဆဲဖြစ်နေသော မောင်တောဒေသကိုလည်း မိုင်းရှင်းလင်းရေးများပြုလုပ်ပေးနေသည်။

Continue Reading
ဂွနှင့် ကျိန္တလီ ဆက်သွယ်ထားသည့် ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး
စစ်ရေး သတင်း
1 min read
0

ဂွနှင့် ကျိန္တလီ ဆက်သွယ်ထားသည့် ကုလားပြင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

အောက်တိုဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည် တောင်ပိုင်းဒေသ ဂွမြို့နှင့် ကျိန္တလီမြို့ကို ဆက်သွယ်ထားသည့် ကုလားပြင်ရွာထိပ်က တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်ချိန် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း AA က ယမန်နေ့ အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။ AA က သံတွဲမြို့ကို သိမ်းပြီးနောက် ကျိန္တလီကတစ်ဆင့် ဂွမြို့သိမ်းပိုက်ရန် ထိုးစစ်ဆင်နွှဲချိန် ကျိန္တလီမြို့ထဲက ရဲနှင့်စစ်တပ်မှာ ကုလားပြင်ရွာဘက်သို့ တပ်ဆုတ်သွားသည်။ ကုလားပြင်ရွာထဲ၊ တံတားထိပ် ကိုင်းခုန်နှင့် ကုလားပြင်ရွာအနီး ကံကော်တောင်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားထား၍ AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ရာ ကုလားပြင်က တပ်စခန်းများအားလုံးကို အောက်တိုဘာလ ၆ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။ AA

Continue Reading
အမ်းမြို့ မဲတောင်ဗျူဟာ စခန်းတစ်ခုလုံး AA သိမ်းပိုက်၊ မဲတောင်ဗျုဟာကုန်းသည် အမ်း နပခ ဌာနချုပ်နှင့် ၁၄ ကီလိုမီတာခန့်သာ ကွာဝေး
စစ်ရေး သတင်း
1 min read
0

အမ်းမြို့ မဲတောင်ဗျူဟာ စခန်းတစ်ခုလုံး AA သိမ်းပိုက်၊ မဲတောင်ဗျုဟာကုန်းသည် အမ်း နပခ ဌာနချုပ်နှင့် ၁၄ ကီလိုမီတာခန့်သာ ကွာဝေး

အောက်တိုဘာ ၈ - ၂၀၂၄
0

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်မှ မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းအားလုံးကို သိမ်းပိုက် ရရှိကြောင်း အာရက္ခတပ်တော် AA က ယနေ့ တွင် သတင်းထုတ်ပြန်သည်။ အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းများအားလုံးကို အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီနီးပါးတွင် အပြီးသတ် သိမ်းပိုက်ရခြင်း ဖြစ်သည်။ အဆိုပါ ဗျူကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့

Continue Reading
တောင်ကုတ် တန်းလွဲရွာမကို စစ်ကောင်စီက ဗုံးကြဲ၊ အရပ်သား ၁၀ ဦးထက် မနည်း သေဆုံး
စစ်ရေး သတင်း
1 min read
0

တောင်ကုတ် တန်းလွဲရွာမကို စစ်ကောင်စီက ဗုံးကြဲ၊ အရပ်သား ၁၀ ဦးထက် မနည်း သေဆုံး

အောက်တိုဘာ ၈ - ၂၀၂၄
0

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ ဈေးနားရွာသစ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၇ ရက်နေ့ ည ၁၁ နာရီကျော်လောက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ညဉ့် ၁၁ နာရီကျော်ခန့်တွင် လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားများ ယခုကဲ့သို့ သေဆုံးမှုများနှင့် နေအိမ်အများအပြား ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။ ဗုံးကြဲခံရမှုကြောင့် အရပ်သား အနည်းဆုံး ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်မပြုရသေးသည့် သတင်းများ ထွက်ပေါ်နေသော်လည်း Western News က သီခြား အတည်ပြု၍ မရရှိသေးပေ။ ယင်းအထဲ အမျိုးသား၊

Continue Reading