TNLA မှာ အခြေခံရဲသင်တန်းဆင်းပွဲ ပြုလုပ်
စစ်ရေး သတင်း
1 min read
0

TNLA မှာ အခြေခံရဲသင်တန်းဆင်းပွဲ ပြုလုပ်

အောက်တိုဘာ ၉ - ၂၀၂၄
0

ရှမ်းမြောက် တအောင်းဒေသတွင် တရားဥပဒေစိုးမိုးရေးအတွက် အပတ်စဉ် (၅) အခြေခံပုလိပ်သင်တန်း (ရဲသင်တန်း)ကို TNLA က ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။ တရားဥပဒေစိုးမိုးရေး အခြေခံပုလိပ်သင်တန်းကို သင်တန်းသား ၉၀ ဦးနှင့် သင်တန်းသူ ၄၅ ဦး ပေါင်း ၁၃၅ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး တအောင်းပြည်ကို ယခင်ထက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပိုမိုလည်ပတ်ဆောင်ရွက်သွားမည်ဟု TNLA က ဆိုသည်။ အခြေခံပုလိပ်သင်တန်းကို ၄ လကြာပြုလုပ်ခဲ့ပြီး ဘာသာရပ်ပေါင်း ၂၆ ခုကို ကျွမ်းကျင်ဆရာများနှင့် CDM ရဲများက သင်ကြားပို့ချခဲ့ကြောင်းနှင့် ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေး အခြေခံမူများ၊ ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာများ၊

Continue Reading
ရခိုင်မှာ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလ လူစုလူဝေး မပြုလုပ်ရန် ULA/AA ညွှန်ကြား
နိုင်ငံရေး သတင်း
1 min read
0

ရခိုင်မှာ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလ လူစုလူဝေး မပြုလုပ်ရန် ULA/AA ညွှန်ကြား

အောက်တိုဘာ ၉ - ၂၀၂၄
0

ရခိုင်ပြည်တွင် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေးဖြစ်သည့် ပျော်ပွဲရွှင်ပွဲများ၊ ကားများဖြင့် စီတန်းလှည့်လည်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ မီးထွန်းပွဲတော်များ ပြုလုပ်ခြင်း စသဖြင့် မပြုလုပ်ကြရန် ULA/AA ညွှန်ကြားချက် ထုတ်ပြန်ကြောင်း သိရသည်။ ULA/AA ၏ နိုဗာ (၁) စစ်ဒေသ နိုင်ငံရေးမှူးရုံးမှ ရခိုင်ပြည်သူများအား အောက်တိုဘာလ ၇ ရက်နေ့က ထပ်ဆင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ AA ၏ ထုတ်ပြန်ချက်တွင် တစ်ရွာနှင့်တစ်ရွာ/မြို့ထက်တွင် ဆောင်းဘောက်စ်များဖွင့်လှစ်ပြီး အလူအများအပြား တင်ဆောင်ကာ သွားလာခြင်း၊ ဇာတ်သဘင်၊ စတိတ်ရှိုး၊ အလှူအတန်းပွဲများ၊ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဆူညံ့ခြင်း စသဖြင့် မပြုလုပ်ရဟု အသိပေး ညွှန်ကြားထားသည်။ အဆိုပါ ညွှန်ကြားချက်များအား

Continue Reading
စစ်လော်ဘီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှု အဓိက ဇာတ်ကောင်မှာ ရခိုင်နှင့် ရှမ်းဖြစ်
နိုင်ငံရေး သတင်း
1 min read
0

စစ်လော်ဘီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှု အဓိက ဇာတ်ကောင်မှာ ရခိုင်နှင့် ရှမ်းဖြစ်

အောက်တိုဘာ ၉ - ၂၀၂၄
0

မြန်မာနိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခဖန်တီးမှုများ ပိုမိုများပြားလာပြီး စစ်လော်ဘီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှု အဓိက ဇာတ်ကောင်မှာ ရခိုင်နှင့် ရှမ်း (မြောက်) ဖြစ်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ အစီရင်ခံစာအရ တွေ့ရှိရသည်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ လော်ဘီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှု၊ ဘာသာရေးပဋိပက္ခဖန်တီးမှုနှင့် ထိုပဋိပက္ခများ ကြီးထွားစေရန် အမုန်းစကားများပြောဆိုခြင်း၊ ဝါဒဖြန့်ချိခြင်းများကို စောင့်ကြည့်မှတ်တမ်းတင်ကာ အစီရင်ခံစားအား အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ပူးပေါင်းသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်)

Continue Reading
စစ်တွေထောင်က အကျဉ်းသား ၃၆၀ ကျော်ကို ရန်ကုန်နှင့် ဧရာဝတီသို့ ရွှေ့ပြောင်း
သတင်း
1 min read
0

စစ်တွေထောင်က အကျဉ်းသား ၃၆၀ ကျော်ကို ရန်ကုန်နှင့် ဧရာဝတီသို့ ရွှေ့ပြောင်း

အောက်တိုဘာ ၉ - ၂၀၂၄
0

(ရွှေ့ပြောင်းခံရသည့် အကျဉ်းသားများထဲ DMG သတင်းထောက်လည်း ပါဝင်) ရခိုင်ပြည် စစ်တွေ အကျဉ်းထောင်က အကျဉ်းသား ၃၆၆ ဦးကို ရန်ကုန်နှင့် ဧရာဝတီရှိ အကျဉ်းထောင်များသို့ စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၈ ရက်ညတွင် ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံရေးအမှုအပါအဝင် အကြမ်းဖက်အမှုဖြင့် အကျဉ်းကျခံနေရသူများပါဝင်ပြီး အများစုမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားများဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ခိုင်လုံသော သတင်းရင်းမြစ်က ” မနေ့က ညက စစ်တွေထောင်က အကျဉ်းသားအားလုံးကို ပြောင်းရွှေ့တယ်။ အရေအတွက်က ၃၆၆ ဦးလို့ သိထားတယ်။ အဲဒီအထဲမှာ ဗျိုင်းဖြူရွာသား ၂၀၀ ကျော်ပါတယ်။ ဒီထက်လည်း ပိုကောင်းပိုနိုင်တယ်။ အကျဉ်းထောင်က စစ်တွေ

Continue Reading