တေးသံရှင် ဆုမြတ်ထက် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံရ၊ မရမ်းကုန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရ
နိုင်ငံရေး သတင်း
1 min read
0

တေးသံရှင် ဆုမြတ်ထက် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံရ၊ မရမ်းကုန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရ

အောက်တိုဘာ ၁၀ - ၂၀၂၄
0

မကြာသေးခင်က ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က ဖမ်းဆီးသွားပြီး လက်ရှိ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မဆုမြတ်ထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဘယ်ပုဒ်မနဲ့ဆိုတာကတော့ မသိရသေးဘူး။ မရမ်းကုန်းမြို့နယ် ၈ မိုင်က စစ်ကောင်စီ စစ်တပ်စခန်း စစ်ကြောရေးမှာ စစ်ဆေးခံနေရပါတယ်။ အခုထိ အိမ်ပြန်မရောက်သေးဘူး။

Continue Reading
ကျောက်တော် ဗုံးကြဲခံရမှု ကလေးငယ် ၁ ဦးအပါအဝင် သေဆုံးသူ ၈ ဦးအထိရှိလာ
စစ်ရေး သတင်း
1 min read
0

ကျောက်တော် ဗုံးကြဲခံရမှု ကလေးငယ် ၁ ဦးအပါအဝင် သေဆုံးသူ ၈ ဦးအထိရှိလာ

အောက်တိုဘာ ၁၀ - ၂၀၂၄
0

ရခိုင်ပြည် ကျောက်တော်မြို့ကို ယနေ့ အောက်တိုဘာလ ၁၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် ၁ ဦးအပါအဝင် သေဆုံးသူ ၈ ဦးအထိ တိုးလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိကြောင်း သိရသည်။ ကျောက်တော်မြို့မဈေးကို ဗုံး ၁ လုံးနှင့် အထက ၂ စာသင်ကျောင်းဝန်းထဲ ဗုံး ၁ လုံး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မြို့ခံတစ်ဦးက ” ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဗုံးလာကြဲတာ။ နေရာ၌ သေဆုံးသူ ၈ ဦးရှိတယ်။ ဒဏ်ရာရသူ

Continue Reading
မန္တလေးကို ပြည်သူ့တော်လှန်ရေးက အုပ်ချုပ်တော့မည်
စစ်ရေး သတင်း
1 min read
0

မန္တလေးကို ပြည်သူ့တော်လှန်ရေးက အုပ်ချုပ်တော့မည်

အောက်တိုဘာ ၁၀ - ၂၀၂၄
0

မန္တလေးတိုင်းဒေသကြီးကို ပြည်သူ့တော်လှန်ရေးအင်အားစုများက အုပ်ချုပ်တော့မည်ဖြစ်၍ ကြားကာလအုပ်ချုပ်ရေး အစီအမံများနှင့် တရားစီရင်ရေး ယန္တရားများ မူကြမ်းကို ရေးဆွဲသွားမည်ဟု သိရသည်။ မန္တလေးဒေသနှင့် ကိုက်ညီမည့် အုပ်ချုပ်ရေးယန္တရား မူကြမ်းကို မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက စီစဉ်နေကြသည်။ ယင်းအင်အားစုနှစ်ခုက မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ အောက်တိုဘာ ၉ ရက်က ပြည်သူများအား ထုတ်ပြန်အသိပေးခဲ့သည်။ ကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ကိုယ်စားလှယ် ၁၂ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ၃ ဦး၊ လူထုသပိတ်အဖွဲ့အစည်း၊ CDM ရေးရာအဖွဲ့အစည်း၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား၊

Continue Reading
ဈေးကွက်မရှိ၍ ရခိုင်မှာ စပါး ရောင်းမထွက်ဟု လယ်သမားများပြော
စီးပွားရေး သတင်း
1 min read
0

ဈေးကွက်မရှိ၍ ရခိုင်မှာ စပါး ရောင်းမထွက်ဟု လယ်သမားများပြော

အောက်တိုဘာ ၁၀ - ၂၀၂၄
0

(မကြာမီ စပါးပေါ်ချိန် ရခိုင်ပြင်ပဈေးကွက် တင်ပို့နိုင်ရေး မျှော်လင့်နေကြ) ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က စိုက်ပျိုးရိတ်သိမ်းထားသည့် စပါးများကို လက်ရှိအချိန်ထိ ရောင်းမထွက်နိုင်ကြသေးပဲရှိနေကြောင်း လယ်သမားများက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မိုးစပါးပေါ်ချိန်တွင် တစ်ပြည်လုံးအတိုင်းတာအနေဖြင့် တိုက်ပွဲများဖြစ်ပွားနေခဲ့ရာမှ ဆန်စပါးအရောင်းဝယ်များရပ်တန့်ခဲ့ရသည့်အတွက် စပါးများမှာ ရောင်းမထွက်ဘဲကျန်နေကြရခြင်းဖြစ်သည်ဟု စစ်တွေမှ ဆန်စပါးအရောင်းဝယ်လုပ်ကိုင်သူတစ်ဦးကပြောသည်။ “ပုံမှန်ဆို ဒီဖက်ဆန်စက်တွေက နယ်ကစပါးဝယ်ပြီး ပြည်မကို ဆန်တွေ အဓိကတင်ပို့တာတွေလုပ်တယ်။ တိုက်ပွဲဖြစ်တော့ လမ်းတွေအားလုံးကလည်း အပိတ်ခံလိုက်ကြရတယ်လေ။ အဲ့နောက်ပိုင်း ဆန်စပါးအရောင်းဝယ်ကမဖြစ်တော့ ဆန်စက်တွေလည်း ပိတ်လိုက်ကြရတာ။ အဲ့တော့ ပြီးခဲ့နှစ်ကမိုးစပါးက ဘယ်မှမရောက်ဘဲ လယ်သမားတွေဆီမှာပဲ သောင်တင်ကျန်နေတာ” ဟုပြောသည်။ စပါးများရောင်းမထွက်ကြသည့်အတွက် လယ်သမားများမှာ များစွာကျပ်တည်းနေကြပြီး ယခုနှစ် မိုးစပါးပေါ်ချိန်တွင်လည်း ထိုကဲ့သို့ရောင်းမထွက်ဖြစ်နေပါက

Continue Reading
ရခိုင်ဘက်ကို တရားမဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA က ပြန်လွှဲပြောင်းပေး
နိုင်ငံရေး သတင်း
1 min read
0

ရခိုင်ဘက်ကို တရားမဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA က ပြန်လွှဲပြောင်းပေး

အောက်တိုဘာ ၁၀ - ၂၀၂၄
0

ရခိုင်ပြည် မောင်တောဒေသကို နတ်မြစ်ကတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးမှာ ငါးဖမ်းစက်လှေနှင့်အတူ အောက်တိုဘာလ ၇ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ရခိုင်ပိုင်နက် ဝင်ရောက်လာ၍ AA က ဖမ်းဆီးပြီး ပြန်လွှဲပြောင်းပေးခဲ့ကြောင်း The Daily Star က ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီး မော်ဟီးအူးဒိန်က “ကျွန်တော်တို့ တက္ကနာမြို့နယ် ဆားပြင်ကျေးရွာမှ တံငါသည်ငါးဦးပါ စက်လှေတစ်စီး ပုံမှန်ငါးဖမ်းနေတဲ့အချိန် စက်ချွတ်ယွင်းသွားတဲ့အတွက် မြန်မာ့ရေပိုင်နက်ထဲ ရောက်သွားတယ်ပေါ့နော် အဲမှာ Arakan

Continue Reading