စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလစုံစမ်းရေးမှူးပြော
သတင်း
1 min read
0

စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလစုံစမ်းရေးမှူးပြော

အောက်တိုဘာ ၁၁ - ၂၀၂၄
0

မြန်မာနိုင်ငံအနှံ့ အရပ်သားများနှင့် တော်လှန်ရေးအဖွဲ့များအား နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသော အာဏာသိမ်း စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ပြောသည်။ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘရာမြို့၌ တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် စစ်ကောင်စီအား ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr.

Continue Reading
မြန်မာပြည် ကြီးမားသောအပြောင်းအလဲ ကြုံတွေ့နိုင်၍ တပ်နှင့်အုပ်ချုပ်ရေးကို MNDAA အမိန့်ထုတ်
စစ်ရေး သတင်း
1 min read
0

မြန်မာပြည် ကြီးမားသောအပြောင်းအလဲ ကြုံတွေ့နိုင်၍ တပ်နှင့်အုပ်ချုပ်ရေးကို MNDAA အမိန့်ထုတ်

အောက်တိုဘာ ၁၁ - ၂၀၂၄
0

မြန်မာပြည်ကို ပြည်ပနိုင်ငံများက ဝင်စွက်ဖက်မှုများကြောင့် မကြာမီကာလအတွင်း ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်သဖြင့် MNDAA က ၎င်းအဖွဲ့အစည်းအတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်လာသည်။ ကြီးမားသော ပြောင်းလဲမှုများ၊ ရှုတ်ထွေးသော အခြေအနေများ ရှိလာနိုင်ပြီး MNDAA အနေဖြင့် အသုံးချခံမဖြစ်စေရန်နှင့် မလိုလားအပ်သော အငြင်းပွားမှုများ မဖြစ်ပွားစေရေးအတွက် MNDAA ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်ထဲတွင် MNDAA ၏ ပါတီဝင်များ၊ တပ်ဖွဲ့ဝင်များနှင့် ဆက်နေသော ပုဂ္ဂိုလ်များအနေဖြင့် အာဆီယံနိုင်ငံများ၊ အမေရိကန်နှင့် အနောက်နိုင်ငံများသို့ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားရဟု ဆိုသည်။ မြန်မာ့အရေးနှင့်ပတ်သက်သော နိုင်ငံတကာညီလာခံများတွင် မတက်ရောက်ရန်နှင့် ပြည်ပမီဒီယာများအပါအဝင် အမေရိကန်၊ အနောက်နိုင်ငံများမှ သတင်းထောက်များ၏ အင်တာဗျူးများကို လက်ခံဖြေခြင်းမပြုရဟု ထုတ်ပြန်ချက်တွင် ပါသည်။

Continue Reading
ဂွမြို့မှာ စားကုန်နှင့် ဆေးဝါးပြတ်လပ်
ကျန်းမာရေး သတင်း
1 min read
0

ဂွမြို့မှာ စားကုန်နှင့် ဆေးဝါးပြတ်လပ်

အောက်တိုဘာ ၁၁ - ၂၀၂၄
0

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည် ဂွမြို့နယ်တွင် စားသောက်ကုန်စည်နှင့် ဆေးဝါးများ ပြတ်လပ်လျှက်ရှိနေကြောင်း ဂွဒေသခံများက ပြောသည်။ ဂွမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ်လပိုင်းလောက်စ၍ ကုန်စည်သယ်ယူခွင့်များကန့်သတ်ခဲ့ပြီးနောက် လက်ရှိတွင် စားကုန်နှင့် ဆေးဝါးများဝယ်ယူ၍မရတော့သည်အထိ ပြတ်လပ်နေပြီဟု အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် ဂွမြို့ခံတစ်ဦးက ပြောသည်။ “ပြတ်နေတာက လွန်ခဲ့တဲ့ ၂ လလောက် ကတည်းကပါ။ အခုကတော့ လုံးဝနီးနီးပြတ်သွားတာပေါ့။ ဘယ်လောက်စျေးရှိတယ်လို့တောင် မဟုတ်ဘူး။ တချို့ကုန်တွေက ဝယ်လို့ကို မရတော့တာပါ” ဟုပြောသည်။ ကုန်စည်ပြတ်လပ်မှုထဲတွင် အဓိကအနေဖြင့် ဆန်နှင့် ဆေးဝါးပြတ်လပ်ခြင်းဖြစ်ပြီး ဒေသခံများမှာ များစွာအခက်ကြုံလျှက်ရှိနေကြရကြောင်း ဂွဒေသခံများကဆိုသည်။ “ဆန်နဲ့ ဆေး က ဝယ်ဝယ်လို့ကို မရတော့တာ။ ဧရာဝတီဘက် အသွားအလာ

Continue Reading
ဘူးသီးတောင်မှာ ပျောက်ဆုံးအရပ်သား ၂ ဦး အလောင်းကိုသာ ပြန်ရှာတွေ့
စစ်ရေး သတင်း
1 min read
0

ဘူးသီးတောင်မှာ ပျောက်ဆုံးအရပ်သား ၂ ဦး အလောင်းကိုသာ ပြန်ရှာတွေ့

အောက်တိုဘာ ၁၁ - ၂၀၂၄
0

ရခိုင်ပြည် ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နှင့် အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့နှစ်ဦးမှာ အောက်တိုဘာလ ၇ ရက်နေ့က ဝါးခုတ်သွားစဉ် ပျောက်ဆုံးသွားသည်။ နံနက် ၈ နာရီခန့်က ဝါးခုတ်ရန် နေအိမ်မှ ဂုံးနားကျေးရွာဘက်သို့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွား၍ AA ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေခဲ့ကြသည်။ ၃ ရက်ကြာရှာဖွေပြီးနောက် အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာက နေအိမ်တစ်ခုအတွင်း ဦးခေါင်းဖြတ် မြေမြှုပ်ထားသည့် ရုပ်အလောင်းနှစ်လောင်းအား တွေ့ရှိခဲ့ကြောင်း AA ဆိုသည်။ အဆိုပါ ရုပ်အလောင်းနှစ်လောင်းမှာ ပျောက်ဆုံးသွားသော ဘူးသီးတောင်

Continue Reading