ဓါးပြတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို AA ကယ်ထုတ်
မှုခင်း သတင်း
1 min read
0

ဓါးပြတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို AA ကယ်ထုတ်

အောက်တိုဘာ ၁၄ - ၂၀၂၄
0

အင်အား ၆၀ ခန့်ပါသော အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဘင်္ဂလားပင်လယ်အော်တွင် ငါးရှာထွက်လာသော ဘင်္ဂလားဒေ့ရှ် မော်တော်ဘုတ်တစ်စီးကို ဓါးပြတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် AA က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်သည်။ ငါးရှာထွက်လာသော မော်တော်ဘုတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးပါဝင်ပြီး ၎င်းတို့မှာ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အောင်သို့ ငါးရှာထွက်လာခြင်းဖြစ်သည်။ တစ်ပတ်ခန့်အကြာ အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် အင်အား ၆၀ ခန့်ပါသော အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဓါးပြတိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ဓါးပြအဖွဲ့မှာ မော်တော်ဘုတ် ၃ စီးဖြင့် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မော်တော်ဘုတ်တစ်စီးကို ဝိုင်းရံပိတ်ဆို့

Continue Reading
သံတွဲတွင် စစ်ရှောင် ၂သောင်းကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်နေ
စစ်ရေး ဒုက္ခသည်အရေး သတင်း
1 min read
0

သံတွဲတွင် စစ်ရှောင် ၂သောင်းကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်နေ

အောက်တိုဘာ ၁၄ - ၂၀၂၄
0

တိုက်ပွဲများကြောင့် ကစဉ့်ကလျား ထွက်ပြေးနေကြရသည့် သံတွဲမြို့နယ်က စစ်ရှောင် ၂သောင်းကျော်လောက်မှာ စားနပ်ရိက္ခာများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။ စစ်ရှောင်များ ကူညီဆောင်ရွက်နေသူတစ်ဦးက “နှစ်သောင်းကျော် ရှိပါတယ်။ ဂွ ကျိန္တလီဘက် အခြမ်းကလည်း နေတိုင်းလူဦးရေ တိုးနေပါတယ်။ အခက်အခဲတွေက အခြေခံအစားအစာ ဆန်၊ ဆီ၊ ငပိ၊ ငရုပ်သီးခြောက်၊ ဆေးဝါးတွေလိုအပ်ပါတယ် “ဟုပြောသည်။ လက်နက်ကြီးနှင့် လေကြောင်းရန်ကို ကြောက်ပြီး ထွက်ပြေးလာသူများထဲမှာ အမျိုးသမီးနှင့် ကလေးသူအများအပြား ပါဝင်ကြောင်း တစ်ချို့ ကလေးသူငယ်များမှာ ကျန်းမာရေးချို့တဲ့မှုမျာလည်း ရှိနေပြီး ဆေးဝါးများလည်း လိုနေကြောင်း သိရသည်။ စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ဆေးကုသမှုတွေက ရှိပါတယ်။ ဆေးဝါးတွေက ရှားပါးတယ်။

Continue Reading
ရခိုင်မှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၄ - ၂၀၂၄
0

ရခိုင်ပြည်မှာ အောက်တိုဘာ ၇ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၂ ဦးအထိ ဒဏ်ရာရရှိကြောင်း Western News မှတ်တမ်းအရ သိရသည်။ အောက်တိုဘာလ ၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။ သေဆုံးသူများထဲတွင် အသက်

Continue Reading
သံလွင်မြို့နယ် ဗုံးကြဲခံရ၊ အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
0 min read
0

သံလွင်မြို့နယ် ဗုံးကြဲခံရ၊ အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၄ - ၂၀၂၄
0

ရှမ်းမြောက်ဒေသ သိန္နီခရိုင် သံလွင်မြို့နယ် အီနိုင်းကျေးရွာကို ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁ နာရီခန့်အချိန်တွင် ပေါင်ချိန်များသော ဗုံး ၃ လုံးနှင့် ဗုံးအသေးစား ၄ လုံးဖြင့် အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် အီနိုင်ကျေးရွာက အရပ်သား ၃ ဦး နေရာ၌ သေဆုံးသွားခဲ့ရပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။ ဆက်လက်ပြီး အီနိုင်းကျေးရွာက နေအိမ် ၂၀ ကျော်နှင့် ဆေးခန်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ အခြား အများအပြည်သူဆိုင်ရာ အဆောက်အအုံများ အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးခဲ့ရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း

Continue Reading
မြန်မာပြည်တွင်းစစ် ချက်ချင်းရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးကြရန် အာဆီယံတောင်းဆို
စစ်ရေး ဒုက္ခသည်အရေး သတင်း
1 min read
0

မြန်မာပြည်တွင်းစစ် ချက်ချင်းရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးကြရန် အာဆီယံတောင်းဆို

အောက်တိုဘာ ၁၄ - ၂၀၂၄
0

လက်ရှိဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်းက ပြည်တွင်းစစ်ကို ချက်ချင်းရပ်တန့်ကြရန်နှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်ကြရန် အရှေ့တောင်အာရှ ခေါင်းဆောင်များက တောင်းဆိုလိုက်သည်။ မြန်မာ့ပြည်တွင်းစစ် အဆုံးသတ်ရေးအပါအဝင် တောင်တရုတ်ပင်လယ်အတွက် နိုင်ငံတကာဥပဒေအပေါ် အခြေခံသည့် ကျင့်ဝတ်ဆိုင်ရာ သဘောတူညီချက်ကို အမြန်လက်ခံရန်လည်း အာဆီယံခေါင်းဆောင်များက အောက်တိုဘာ ၁၃ ရက်က တောင်းဆိုခဲ့ကြသည်။ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့မှ သံတမန်များ ပါဝင်သော လာအိုနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများ၏ အစည်းအဝေးမှာ သောကြာနေ့တွင် ပြီးဆုံးသွားပြီဖြစ်ပြီး အစည်းအဝေး သဘောထားကို အာဆီယံ ဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ

Continue Reading