ရေခဲနှင်းဖုံးသည့် ပန်ဝါမြို့ကို KIA သိမ်းပိုက်ထိန်းချုပ်
စစ်ရေး သတင်း
1 min read
0

ရေခဲနှင်းဖုံးသည့် ပန်ဝါမြို့ကို KIA သိမ်းပိုက်ထိန်းချုပ်

အောက်တိုဘာ ၁၉ - ၂၀၂၄
0

ကချင်ပြည်နယ် အထူးဒေသ (၁) ရှိ ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ယမန်နေ့ အောက်တိုဘာလ ၁၈ ရက် ည ၉ နာရီက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သိရသည်။ ပန်ဝါမြို့ထဲက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ တပ်စခန်းများအားလုံးကို တိုက်ခိုက်ရှင်းလင်းကာ ညနေ ၅ နာရီက KIA ပူးပေါင်းတပ်ဖွဲ့က မြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက အတည်ပြုထားကြသည်။ ပန်ဝါမြို့ခံတစ်ဦးက “မနေ့ ညနေ ၅ နာရီမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေလည်း အဝတ်အစားတွေလဲပြီး ထွက်ပြေးကြတယ်။ ည ၉ နာရီမှာ ပန်ဝါမြို့ ပတ်ပတ်လည်မှာ

Continue Reading