ရခိုင်က မြို့နယ် ၄ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်း ထပ်မံပြတ်တောက်
ရခိုင်ကမြို့နယ် ၄ ခုထက်မနည်းမှာ မိုဘိုင်းဖုန်းလိုင်း ထပ်မံပြတ်တောက်လျှက်ရှိနေကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။ လက်ရှိ မိုဘိုင်းဖုန်းလိုင်းများ ထပ်မံပြတ်တောက်လျှက်ရှိနေသည့် မြို့နယ်များမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်တို့ဖြစ်ပြီး အချိန်အားဖြင့် သီတင်းတစ်ပတ်ခန့်အကြာရှိနေပြီဖြစ်သည်ဟု ကျောက်တော်-မြေပုံ ခရီးသည်တင် ကားမောင်းနေသူတစ်ဦးကပြောသည်။ “ကျနော်တို့ဘက်က လိုင်းထပ်ပြတ်နေတာ တစ်ပတ်လောက်ရှိပြီ။ ကျောက်တော်ကနေတောက်လျှောက်သွားရင် မြေပုံမြို့နယ်အရောက်မှပဲ MPT ဖုန်းလိုင်းတစ်ခုတက်တာ။ ဒီဘက်တစ်ခွင်လုံးဆို ဘာဖုန်းလိုင်းမှ မရဘူး” ဟုပြောသည်။ မိုဘိုင်းဖုန်းလိုင်းမှာ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယသီတင်းပတ်ထဲကလည်း ရခိုင်က မြို့နယ် ၉ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်း တပြိုင်တည်းပြတ်တောက်ခဲ့မှုရှိခဲ့ပြီး အချိန်အားဖြင့် သီတင်းတစ်ပတ်ခန့်ကြာခဲ့သည်။ နောက်ထပ်တဖန် ရက်ပိုင်းခန့်အကြာတွင် မြို့နယ် ၄ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်းများ ထပ်မံပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး
အမ်းမြို့ထဲကို စစ်ကောင်စီ ဗုံးကြဲ အရပ်သား ၁၀ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာပြင်းထန်
(အမ်းဆေးရုံက ခွဲစိတ်ပစ္စည်းကိရိယာများကို စစ်တပ်က သိမ်းထား၍ ဒဏ်ရာရရှိသူများ အခက်အခဲဖြစ်နေ) တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးနီးပါး ဒဏ်ရာပြင်းထန်ကြောင်း အမ်းဒေသခံများက ပြောသည်။ စစ်ကောင်စီ ဗုံးသီးများနှင့် လက်နက်ကြီးကျည်များမှာ မြို့သစ် အမှတ် (၄) ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ မြောက်ဘက်ခြမ်း (ချောင်းတစ်ဖက်ကမ်းရှိ) စသည့်နေရာများသို့ အောက်တိုဘာလ ၂၉ ရက် ညနေ ၆ နာရီခန့်က ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဖုန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများကြောင့် ထိခိုက်သေဆုံးသူများ၏ နာမည်နှင့် အသက်အရွယ် အချက်အလက်များကို မရရှိနိုင်သေးဘဲ Western News
ကယန်းလူမျိုးမှာ တပ်မတော်တည်ထောင်ဖွဲ့စည်း
(NUG ကို ပြည်ထောင်စုအစိုးရ အဖြစ် အသိအမှတ်ပြုဟုဆို) ကယား (ကရင်နီ) ဒေသက ကယန်းလူမျိုးများမှာ Kayan National Army ကယန်းအမျိုးသားတပ်မတော် ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်အသိပေးခဲ့သည်။ ကယန်းအမျိုးသားတပ်မတော် – Kayan National Army (KNA) သည် ကယန်းတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက ဖယ်ခုံမြို့နယ်အတွင်းရှိ ကယန်းဒေသ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြသည်။ လွိုင်ကော်၊ ဒီမောဆို၊ မိုးဗြဲ၊ ဖယ်ခုံနှင့် အခြား ကယန်းဒေသများတွင် ပြန့်ကြဲနေသော ကယန်းလက်နက်ကိုင်တပ်ဖွဲ့များကို စုစည်းပေါင်းစပ်ထားသည့်
မန္တလေးပြည်သူ့တပ် အချုပ်ဆောင် ထပ်မံ ဗုံးကြဲခံရ၊ စစ်သုံ့ပန်း ဗိုလ်မှူးအပါအဝင် ၄ ဦးသေပြီး ၁ ဦးဒဏ်ရာရ
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင် ယနေ့ အောက်တိုဘာလ ၃၀ ရက်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရပြီး သုံ့ပန်း ဗိုလ်မှူးတစ်ဦး အပါအဝင် ၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထားရှိ အချုပ်ဆောင်ကို ယနေ့ နံနက် ၁ နာရီတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း MDY PDF က ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲအချိန်ကလည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သုံ့ပန်း အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ
အမ်းတိုက်ပွဲ လေကြောင်းပစ်ကူပေးရန် စစ်ကောင်စီက မကွေးနှင့် ပုသိမ်လေဆိပ်ကို အသုံးပြုနေ
(လေဆိပ် လက်လွှတ်လိုက်ရ၍ စစ်ကူအင်အားကို ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင်နိုင်) တိုက်ပွဲပြင်းထန်နေသော အမ်းမြို့တွင် လေဆိပ်ကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီမှာ မကွေးလေဆိပ်နှင့် ဧရာဝတီ ပုသိမ်လေဆိပ်ကို အဓိက အသုံးပြု တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” စစ်ကောင်စီဟာ အမ်းလေဆိပ်ကို လုံးဝ အသုံးပြုလို့ မရတော့ဘူး။ လေဆိပ် ပတ်ပတ်လည်ကနေ AA က ပိတ်ဆို့ ပစ်ခတ်နေတယ်။ စစ်ကောင်စီ လေယာဉ်တွေ ဆင်းသက်လို့မရအောင် တောက်လျှောက် ပစ်ခတ်နေတာ။ အဲဒီတော့ စစ်ကောင်စီဟာ မကွေးလေဆိပ်နဲ့ ပုသိမ်လေဆိပ်ကို အဓိက အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကို ပစ်ကူပေးနေတယ်။ ” ဟု
အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လားရှိုးကို ဆက်တိုက်ဗုံးကြဲနေ
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထိန်းချုပ်ထားသော ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ် မန်နားကျေးရွာနှင့် ကောင်းဆာကျေးရွာတို့ကို အာဏာသိမ်း စစ်ကောင်စီက ဗုံးဆက်တိုက်ကြဲနေကြောင်း ယမန်နေ့ စက်တင်ဘာ ၃၀ တွင် ထုတ်ပြန်သည်။ တရုတ်ကြားဝင်စေ့စပ်ညှိနှိုင်းမှု အထူးသဖြင့် တရုတ်ဖိအားကြောင့် ကိုးကန့်တပ် MNDAA က အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးယူထားသော်လည်း စစ်ကောင်စီသည် လားရှိုးမြို့ပေါ်နှင့် ကျေးလက်ဒေသကို ဗုံးကြဲနေခြင်းဖြစ်သည်။ ဒေသခံပြည်သူတစ်ဦးက “မနေ့ည ၁၀ နာရီ မထိုးခင်မှာ လားရှိုး မန်နားကျေးရွာကို လေကြောင်းကနေ ဗုံး ၂ လုံးကျဲချတိုက်ခိုက်တယ်။ သိသလောက်တော့ လူထိခိုက်မှုမရှိဘူးလို့ သိရတယ်။ နောက်တစ်ခါ ည ၁၁ နာရီ ၄၀ လောက်မှာ ကောင်းဆာဘက်ကို ဗုံးတွေ ထပ်ကျဲတယ်။
ကချင် ဝိုင်းမော်က စစ်ကောင်စီ တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်
ကချင်ပြည် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာအနီးက အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ၏ တပ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ် KIA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီအချိန်က ချီဖွေလမ်းပိုင်း ရှငေါ်ရွာအနီးက စစ်ကောင်စီ ပင်မတပ်စခန်းနှင့် ကာကင်းစခန်း ၂ ခုကို KIA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်နိုင်ရေး KIA နှင့်အတူ K-PDF တပ်ဖွဲ့ဝင်များပါ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယခု သိမ်းပိုက်ရရှိထားသော ရှငေါ်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်း ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး KIA က
ပအိုဝ်း PNA က စစ်အင်အား ထပ်ပြ
ပအိုဝ်းအမျိုးသားတပ်မတော် PNA က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အင်အား နှစ်သောင်းကျော်ပြုလုပ်ခဲ့ကြောင်း ယနေ့ စက်တင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်သည်။ အရေအတွက် မည်မျှကို စစ်သင်တန်းပေး၍ သင်တန်းအောင်ပွဲ ပြုလုပ်ခြင်းကို အသေးစိတ် ထုတ်ပြန်ခြင်းမရှိသော်လည်း စစ်အင်အား နှစ်ကျောင်ဖြင့် ပြုလုပ်ခဲ့သည်ဟု ဓါတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။ အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဖြားပီတာထွန်းနိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်းနှင့် ဖြားဗွာခမ်း၊ သူရိယခမ်း၊ စင်းသင်းကောင်ခယ် စသည့် အကြီးအကဲများက တက်ရောက် အမှားစကားပြောခဲ့ကြသည်။ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို အင်အား ၁၀,၀၀၀ ဖြင့် ပြုလုပ်ခဲ့ကြသည်။ ပအိုဝ်းအမျိုးသားတပ်မတော်
ရခိုင်က Single Mother များ ကျပ်တည်းမှုကို ရင်ဆိုင်နေရ
ရခိုင်ပြည်အတွင်း စစ်မီးတောက်များနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်း လုံးဝ မရှိသဖြင့် တကိုယ်တည်းရုန်းကန်နေရေသော Single Mother များ ကျပ်ကျပ်တည်းတည်း ဖြတ်သန်းနေရကြောင်း စုံစမ်းသိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ လုပ်ကိုင်နေသော မင်းပြားဒေသခံ သားသမီး ၃ ဦးမိခင် အသက် ၄၀ အရွယ် Single Mother မျိုးသမီးတစ်ဦးက ပုံမှန်ဝင်ငွေမရှိ၍ တစ်ရက်စားသောက်ရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရသည်ဟု ပြောသည်။ ” ဆောက်လုပ်ရေးက အရင်လို အလုပ်မဖြစ်တော့ဘူး။ တိုက်ပွဲနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ဆောက်လုပ်ရေးတွေကို ရပ်တန့်ထားကြတယ်။ ကျမက အုတ်စီအုတ်ပြောင်း မဆလာဖျော် လုပ်ရတာ။ အလုပ်ဖြစ်တဲ့အချိန်က တစ်ရက်ကို ဝင်ငွေ ၁၀,၀၀၀ သောင်းကနေ ၂၀,၀၀၀ သောင်းလောက်အထိ ရတယ်။
မြန်မာစစ်တပ် ပိုမိုရက်စက်ကြမ်းကြုတ်လာဟု IIMM အကြီးအကဲ သတိပေး
(ရခိုင်က ကြောက်မက်ဖွယ် ရာဇဝတ်မှုများကိုလည်း လက်ခံရရှိထားကြောင်းဆို) မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သည့် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အကြိမ်ရေပိုတိုးလာပြီး ပိုမိုရက်စက်ကြမ်းကြုတ်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjian က ပြောသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးတွင် IIMM အကြီးအကဲက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ IIMM အကြီးအကဲက “မနှစ်က ဒီကော်မတီမှာ ကျွန်တော် လာရောက်တင်ပြပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အကြိမ်ရေပိုတိုးလာပြီး၊ ပိုပြီး ရက်စက်ကြမ်းကြုတ်လာတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ ထပ်ပြီးတင်ပြရမှာပါ။