AA နှင့် CNFတို့ကို ရိက္ခာထောက်ပံ့သည်ဟုဆိုကာ ကံချောင်းရွာကို စစ်ကောင်စီက ဗုံးကြဲ
AAနှင့် CNFတို့ကို ရိက္ခာနှင့် ဆေးဝါးများ ကူညီထောက်ပံ့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။ မကွေးတိုင်း ဆောမြို့နယ် ကံချောင်းရွာကို အောက်တိုဘာလ ၃၀ ရက် ည ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးနှစ်လုံးနှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေအိမ်များ အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူးခင်ဗျ၊ ဒီအတိုင်း လာပြီးဗုံးကြဲသွားတာပါ။ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချသွားတာပါ။ ကလေးတစ်ဦးရယ်။ နောက်သုံးဦးထိခိုက် ဒဏ်ရာရရှိသွားပါတယ်။ နေအိမ်
မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူကို စစ်ကောင်စီက ဖမ်းဆီး
မြန်မာ့ရုပ်ရှင်များတွင် အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်များကို ပျက်ရယ်ပြုစော်ကားမှုများ မလုပ်ရေး ဝေဖန်ထောက်ပြခဲ့သူ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပြီး ရုံတင်နေသည့် “ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး” ရုပ်ရှင်မှာ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုများကို ပျက်ရယ်ပြုစော်ကားထားသည့် ရုပ်ရှင်ဖြစ်ကြောင်း ဖေ့ဘုတ်စ် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုခဲ့သည်။ ယင်းပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမား ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရေး လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ဖမ်းဆီးထားကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် ၉ ရပ်ကွက်မှာ နေထိုင်သည့်
ဟစ်ဇ်ဘိုလာကို ရှင်းလင်းရန် အစ္စရေးက မြေပြင်ထိုးစစ် စတင်
လက်ဘနွန်ထဲက ဟစ်ဇ်ဘိုလာများကို သုတ်သင်ရှင်းလင်းရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြေပြင်ထိုးစစ် စတင်ရန် နယ်စပ်က စစ်တပ်ကို ခွင့်ပြုလိုက်ပြီဖြစ်သည်။ လက်ဘနွန်တောင်ပိုင်း ကျေးရွာများက ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကို ရှင်းလင်းရန် မြေပြင်ထိုးစစ်စတင်လိုက်ပြီဟု အစ္စရေးတာဝန်ရှိသူများက ပြောကြောင်း Aljazeera သတင်းက ယနေ့ အောက်တိုဘာလ ၁ ရက်တွင် ဖော်ပြသည်။ အစ္စရေး စစ်တပ်သည် မြေပြင်ထိုးစစ်နှင့်အတူ လေကြောင်းတိုက်ခိုက်မှုကိုလည်း ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။ ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်၏ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက စစ်ပွဲစတင်ပြီးနောက် တစ်ရက်အကြာတွင် ဟစ်ဇ်ဘိုလာအဖွဲ့မှ အစ္စရေးပစ်မှတ်များကို ပြင်းထန်စွာ တိုက်ခိုက်မှုများ စတင်ခဲ့သည်။ အစ္စရေးကလည်း လက်ဘနွန်ထဲက ဟစ်ဇ်ဘိုလာအဖွဲ့ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့က
ဘင်္ဂလားဒေ့ရှ်စီးပွားရေး တိုးတက်ရေး IMF နှင့် တာဝန်ရှိသူများဆွေးနွေး
မကြာသေးမီက ဘင်္ဂလားဒေ့ရှ်တွင် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့သော်လည်း စီးပွားရေးမှာ ပုံမှန်အခြေအနေသို့ တဖြေးဖြေး ပြန်လှည့်လာပြီး ပိုမိုတိုးတက်ရေးအတွက် IMF နှင့် ကြားဖြတ်အစိုးရအဖွဲ့တို့ ဆွေးနွေးနေကြောင်း သိရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF မှ တာဝန်ရှိသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်တင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အထိ သွားရောက်ခဲ့ပြီး ယူနွတ်စ် ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံခဲ့သည်။ ဆူပူအုံကြွမှုဖြစ်ပွားပြီးနောက် ကြားဖြတ်အစိုးရ တစ်ရပ်ကို အချိန်နှင့်တပြေးညီ ဖွဲ့စည်းခြင်းသည် နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကို တည်ငြိမ်စေရန် အထောက်အကူဖြစ်ပြီး စီးပွားရေး ပုံမှန်အခြေအနေသို့ တဖြေးဖြေး ပြန်လည်ရောက်ရှိသွားစေရန် အထောက်အကူပြုကြောင်း IMF က ဆိုသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုအတွင်း