ကျောက်တော် ဗုံးကြဲခံရမှု ကလေးငယ် ၁ ဦးအပါအဝင် သေဆုံးသူ ၈ ဦးအထိရှိလာ
ရခိုင်ပြည် ကျောက်တော်မြို့ကို ယနေ့ အောက်တိုဘာလ ၁၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် ၁ ဦးအပါအဝင် သေဆုံးသူ ၈ ဦးအထိ တိုးလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိကြောင်း သိရသည်။ ကျောက်တော်မြို့မဈေးကို ဗုံး ၁ လုံးနှင့် အထက ၂ စာသင်ကျောင်းဝန်းထဲ ဗုံး ၁ လုံး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မြို့ခံတစ်ဦးက ” ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဗုံးလာကြဲတာ။ နေရာ၌ သေဆုံးသူ ၈ ဦးရှိတယ်။ ဒဏ်ရာရသူ
မန္တလေးကို ပြည်သူ့တော်လှန်ရေးက အုပ်ချုပ်တော့မည်
မန္တလေးတိုင်းဒေသကြီးကို ပြည်သူ့တော်လှန်ရေးအင်အားစုများက အုပ်ချုပ်တော့မည်ဖြစ်၍ ကြားကာလအုပ်ချုပ်ရေး အစီအမံများနှင့် တရားစီရင်ရေး ယန္တရားများ မူကြမ်းကို ရေးဆွဲသွားမည်ဟု သိရသည်။ မန္တလေးဒေသနှင့် ကိုက်ညီမည့် အုပ်ချုပ်ရေးယန္တရား မူကြမ်းကို မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက စီစဉ်နေကြသည်။ ယင်းအင်အားစုနှစ်ခုက မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ အောက်တိုဘာ ၉ ရက်က ပြည်သူများအား ထုတ်ပြန်အသိပေးခဲ့သည်။ ကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ကိုယ်စားလှယ် ၁၂ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ၃ ဦး၊ လူထုသပိတ်အဖွဲ့အစည်း၊ CDM ရေးရာအဖွဲ့အစည်း၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား၊
ဈေးကွက်မရှိ၍ ရခိုင်မှာ စပါး ရောင်းမထွက်ဟု လယ်သမားများပြော
(မကြာမီ စပါးပေါ်ချိန် ရခိုင်ပြင်ပဈေးကွက် တင်ပို့နိုင်ရေး မျှော်လင့်နေကြ) ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က စိုက်ပျိုးရိတ်သိမ်းထားသည့် စပါးများကို လက်ရှိအချိန်ထိ ရောင်းမထွက်နိုင်ကြသေးပဲရှိနေကြောင်း လယ်သမားများက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မိုးစပါးပေါ်ချိန်တွင် တစ်ပြည်လုံးအတိုင်းတာအနေဖြင့် တိုက်ပွဲများဖြစ်ပွားနေခဲ့ရာမှ ဆန်စပါးအရောင်းဝယ်များရပ်တန့်ခဲ့ရသည့်အတွက် စပါးများမှာ ရောင်းမထွက်ဘဲကျန်နေကြရခြင်းဖြစ်သည်ဟု စစ်တွေမှ ဆန်စပါးအရောင်းဝယ်လုပ်ကိုင်သူတစ်ဦးကပြောသည်။ “ပုံမှန်ဆို ဒီဖက်ဆန်စက်တွေက နယ်ကစပါးဝယ်ပြီး ပြည်မကို ဆန်တွေ အဓိကတင်ပို့တာတွေလုပ်တယ်။ တိုက်ပွဲဖြစ်တော့ လမ်းတွေအားလုံးကလည်း အပိတ်ခံလိုက်ကြရတယ်လေ။ အဲ့နောက်ပိုင်း ဆန်စပါးအရောင်းဝယ်ကမဖြစ်တော့ ဆန်စက်တွေလည်း ပိတ်လိုက်ကြရတာ။ အဲ့တော့ ပြီးခဲ့နှစ်ကမိုးစပါးက ဘယ်မှမရောက်ဘဲ လယ်သမားတွေဆီမှာပဲ သောင်တင်ကျန်နေတာ” ဟုပြောသည်။ စပါးများရောင်းမထွက်ကြသည့်အတွက် လယ်သမားများမှာ များစွာကျပ်တည်းနေကြပြီး ယခုနှစ် မိုးစပါးပေါ်ချိန်တွင်လည်း ထိုကဲ့သို့ရောင်းမထွက်ဖြစ်နေပါက
ရခိုင်ဘက်ကို တရားမဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA က ပြန်လွှဲပြောင်းပေး
ရခိုင်ပြည် မောင်တောဒေသကို နတ်မြစ်ကတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးမှာ ငါးဖမ်းစက်လှေနှင့်အတူ အောက်တိုဘာလ ၇ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ရခိုင်ပိုင်နက် ဝင်ရောက်လာ၍ AA က ဖမ်းဆီးပြီး ပြန်လွှဲပြောင်းပေးခဲ့ကြောင်း The Daily Star က ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီး မော်ဟီးအူးဒိန်က “ကျွန်တော်တို့ တက္ကနာမြို့နယ် ဆားပြင်ကျေးရွာမှ တံငါသည်ငါးဦးပါ စက်လှေတစ်စီး ပုံမှန်ငါးဖမ်းနေတဲ့အချိန် စက်ချွတ်ယွင်းသွားတဲ့အတွက် မြန်မာ့ရေပိုင်နက်ထဲ ရောက်သွားတယ်ပေါ့နော် အဲမှာ Arakan
TNLA မှာ အခြေခံရဲသင်တန်းဆင်းပွဲ ပြုလုပ်
ရှမ်းမြောက် တအောင်းဒေသတွင် တရားဥပဒေစိုးမိုးရေးအတွက် အပတ်စဉ် (၅) အခြေခံပုလိပ်သင်တန်း (ရဲသင်တန်း)ကို TNLA က ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။ တရားဥပဒေစိုးမိုးရေး အခြေခံပုလိပ်သင်တန်းကို သင်တန်းသား ၉၀ ဦးနှင့် သင်တန်းသူ ၄၅ ဦး ပေါင်း ၁၃၅ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး တအောင်းပြည်ကို ယခင်ထက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပိုမိုလည်ပတ်ဆောင်ရွက်သွားမည်ဟု TNLA က ဆိုသည်။ အခြေခံပုလိပ်သင်တန်းကို ၄ လကြာပြုလုပ်ခဲ့ပြီး ဘာသာရပ်ပေါင်း ၂၆ ခုကို ကျွမ်းကျင်ဆရာများနှင့် CDM ရဲများက သင်ကြားပို့ချခဲ့ကြောင်းနှင့် ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေး အခြေခံမူများ၊ ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာများ၊
ရခိုင်မှာ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလ လူစုလူဝေး မပြုလုပ်ရန် ULA/AA ညွှန်ကြား
ရခိုင်ပြည်တွင် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေးဖြစ်သည့် ပျော်ပွဲရွှင်ပွဲများ၊ ကားများဖြင့် စီတန်းလှည့်လည်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ မီးထွန်းပွဲတော်များ ပြုလုပ်ခြင်း စသဖြင့် မပြုလုပ်ကြရန် ULA/AA ညွှန်ကြားချက် ထုတ်ပြန်ကြောင်း သိရသည်။ ULA/AA ၏ နိုဗာ (၁) စစ်ဒေသ နိုင်ငံရေးမှူးရုံးမှ ရခိုင်ပြည်သူများအား အောက်တိုဘာလ ၇ ရက်နေ့က ထပ်ဆင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ AA ၏ ထုတ်ပြန်ချက်တွင် တစ်ရွာနှင့်တစ်ရွာ/မြို့ထက်တွင် ဆောင်းဘောက်စ်များဖွင့်လှစ်ပြီး အလူအများအပြား တင်ဆောင်ကာ သွားလာခြင်း၊ ဇာတ်သဘင်၊ စတိတ်ရှိုး၊ အလှူအတန်းပွဲများ၊ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဆူညံ့ခြင်း စသဖြင့် မပြုလုပ်ရဟု အသိပေး ညွှန်ကြားထားသည်။ အဆိုပါ ညွှန်ကြားချက်များအား
စစ်လော်ဘီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှု အဓိက ဇာတ်ကောင်မှာ ရခိုင်နှင့် ရှမ်းဖြစ်
မြန်မာနိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခဖန်တီးမှုများ ပိုမိုများပြားလာပြီး စစ်လော်ဘီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှု အဓိက ဇာတ်ကောင်မှာ ရခိုင်နှင့် ရှမ်း (မြောက်) ဖြစ်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ အစီရင်ခံစာအရ တွေ့ရှိရသည်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ လော်ဘီများ၏ လူမျိုးရေးပဋိပက္ခဖန်တီးမှု၊ ဘာသာရေးပဋိပက္ခဖန်တီးမှုနှင့် ထိုပဋိပက္ခများ ကြီးထွားစေရန် အမုန်းစကားများပြောဆိုခြင်း၊ ဝါဒဖြန့်ချိခြင်းများကို စောင့်ကြည့်မှတ်တမ်းတင်ကာ အစီရင်ခံစားအား အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ပူးပေါင်းသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်)
စစ်တွေထောင်က အကျဉ်းသား ၃၆၀ ကျော်ကို ရန်ကုန်နှင့် ဧရာဝတီသို့ ရွှေ့ပြောင်း
(ရွှေ့ပြောင်းခံရသည့် အကျဉ်းသားများထဲ DMG သတင်းထောက်လည်း ပါဝင်) ရခိုင်ပြည် စစ်တွေ အကျဉ်းထောင်က အကျဉ်းသား ၃၆၆ ဦးကို ရန်ကုန်နှင့် ဧရာဝတီရှိ အကျဉ်းထောင်များသို့ စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၈ ရက်ညတွင် ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံရေးအမှုအပါအဝင် အကြမ်းဖက်အမှုဖြင့် အကျဉ်းကျခံနေရသူများပါဝင်ပြီး အများစုမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားများဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ခိုင်လုံသော သတင်းရင်းမြစ်က ” မနေ့က ညက စစ်တွေထောင်က အကျဉ်းသားအားလုံးကို ပြောင်းရွှေ့တယ်။ အရေအတွက်က ၃၆၆ ဦးလို့ သိထားတယ်။ အဲဒီအထဲမှာ ဗျိုင်းဖြူရွာသား ၂၀၀ ကျော်ပါတယ်။ ဒီထက်လည်း ပိုကောင်းပိုနိုင်တယ်။ အကျဉ်းထောင်က စစ်တွေ
တေးသံရှင် ဆုမြတ်ထက်ကို နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွား
ရခိုင်၊ မြန်မာ တေးသံရှင် မာန်အောင် ဒေသခံ မဆုမြတ်ထက်ကို ရန်ကုန်တိုင်းတာမွေ နေအိမ်မှ ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့၊ အရပ်ဝတ်အချို့ စုစုပေါင်း ၁၀ ဦးခန့်က ရန်ကုန် တာမွေရှိ နေအိမ်မှ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မဆုမြတ်ထက် အသိုင်းအဝိုင်းက Western News ကို ပြောသည်။ မဆုမြတ်ထက် အသိုင်းအဝိုင်းထဲက တစ်ဦးက “မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ယူသွားတယ်။ ဘာ စစ်ဆေးမှာလဲ
ကျောက်ဖြူက မွတ်ဆလင်ဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး အပြင်ထွက် လုပ်ကိုင်စားသောက်ခြင်းလည်း မရရှိကြောင်း ဒုက္ခသည်များက ပြောသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ ထောက်ပံ့မှု မရရှိသည်မှာ ၅ လခန့် ကြာမြင့်နေပြီဟု မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။ ” စခန်းမှာ စားဝတ်နေရေးက အရမ်းအခက်အခဲဖြစ်နေပါတယ်။ WFP ကလည်း မထောက်ပံ့တာ ၅ လလောက်ရှိနေပါပြီ။ အရင်ကတော့ WFP က လစဉ်ထောက်ပံ့ခဲ့ပါတယ်။ အခု ထောက်ပံ့မှု မရှိတော့ ထမင်းငတ်နေကြပါပြီ။ အပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ကလည်း အပြင်ထွက်ခွင့်မရဘူး။ ရေရှည်မှာ ထမင်းငတ်ပြီ လူတွေ အားလုံး သေသွားနိုင်ပါတယ်။ ” ဟု ပြောသည်။ WFP က