စစ်တွေမြို့မှာ ဝက်သား တစ်ပိဿာ ကျပ် ၆ သောင်းနှင့် အမဲသား တစ်ပိဿာ ကျပ် ၇ သောင်းရှိ
စီးပွားရေး သတင်း
0 min read
0

စစ်တွေမြို့မှာ ဝက်သား တစ်ပိဿာ ကျပ် ၆ သောင်းနှင့် အမဲသား တစ်ပိဿာ ကျပ် ၇ သောင်းရှိ

အောက်တိုဘာ ၁၆ - ၂၀၂၄
0

(ဝက်သားများကို ရန်ကုန်ကနေ ရေခဲရိုက်ပြီး လေယာဉ်ဖြင့်သယ်ကာ စစ်တွေမှာရောင်းချ) ရခိုင်ပြည် မြို့တော် စစ်တွေမြို့မှာ ဝက်သား၊ အမဲသား အပါအဝင် ငါးနှင့် ဟင်းသီးဟင်းရွက်များမှာ အဆမတန် ဈေးကြီးနေကြောင်း မြို့ခံများက ပြောသည်။ စစ်တွေမြို့ ကုန်ဈေးနှုန်းမှာ အခြားမြို့များထက် ဈေးမြှင့်တက်နေပြီး ဒေသခံပြည်သူများမှာ တစ်လလျှင် အသားနှင့် တစ်နပ်တောင် မရစားဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။ ” ဝက်သား တစ်ပိဿာ ကျပ် ၆ သောင်း၊ အမဲသား တစ်ပိဿာ ကျပ် ၇ သောင်း၊ ငါးသတိုက် (ကကတစ်) တစ်ကွင်း ကျပ် ၁ သောင်း၊ ပဲလုံးသီး ၁၀ လုံးပါ တစ်စည်း ကျပ်

Continue Reading
မွတ်ဆလင်ဒုက္ခသည်များအတွက် ရခိုင်ဘက်မှာ Safe Zone ထားရန် ဘင်္ဂလားဒေ့ရှ်က UN ကို တောင်းဆို
စစ်ရေး ဒုက္ခသည်အရေး သတင်း
1 min read
0

မွတ်ဆလင်ဒုက္ခသည်များအတွက် ရခိုင်ဘက်မှာ Safe Zone ထားရန် ဘင်္ဂလားဒေ့ရှ်က UN ကို တောင်းဆို

အောက်တိုဘာ ၁၅ - ၂၀၂၄
0

မွတ်ဆလင်ဒုက္ခသည်များအတွက် ရခိုင်ပြည်ဘက်မှာ ဘေးကင်းဇုန် Safe Zone ထားရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ကုလသမဂ္ဂအဖွဲ့ UN ကို တောင်းဆိုလိုက်သည်။ ဘင်္ဂလားဒေ့ရှ် အကြီးအကဲ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးနှင့် ဒါကာမှာတွေ့ဆုံစဉ် တောင်းဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြခဲ့ကြသည်။ ရခိုင်ပြည်က ပဋိပက္ခများကို ဖြေရှင်းရန် အကောင်းဆုံးစတင်ခြင်းနှင့် မွတ်ဆလင်ဒုက္ခသည်များ ကူညီထောက်ပံ့မှုရရှိရန် အကောင်းဆုံးဖြစ်ကြောင်း ယူနွတ်စ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်တပ်ကြောင့် မွတ်ဆလင် သန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားပြီး နောက်ထပ် မွတ်ဆလင်များ ထပ်မံ မဝင်ရောက်လာနိုင်ရေးအတွက် တားဆီးပေးလိမ့်မည်ဟု ယူနွတ်စ်က

Continue Reading
သိမ်းပိုက်ထားသော ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက်
ဓါတ်ပုံသတင်း မှုခင်း သတင်း
1 min read
0

သိမ်းပိုက်ထားသော ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက်

အောက်တိုဘာ ၁၅ - ၂၀၂၄
0

အောက်တိုဘာ ၈ ရက်နေ့တွင် သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အောက်တိုဘာလ ၁၀ ရက်နေ့က သွားရောက်ခဲ့သည်။ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ဦးရည်မွန်တွေ့ဆုံခဲ့ပြီး ရဲဘော်များအား အားပေးစကားပြောကြားခဲ့ကြောင်းနှင့် ပင်လည်ဘူးမြို့အား စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ချ အညံ့ခံတပ်သား စစ်သုံ့ပန်းများကိုလည်း တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ မှားကြားခဲ့ကြောင်း သိရသည်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် NUG က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ

Continue Reading
နိုင်ငံရေးကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမည်၊ လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းရန်မရှိဟု မင်းအောင်လှိုင် ပြော
စစ်ရေး သတင်း
1 min read
0

နိုင်ငံရေးကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမည်၊ လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းရန်မရှိဟု မင်းအောင်လှိုင် ပြော

အောက်တိုဘာ ၁၅ - ၂၀၂၄
0

(အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းအကြမ်းဖက်သည့် မိမိအပြစ်ကို မျက်ကွယ်ပြု) မြန်မာပြည်အနှံ့ ပြည်သူများအပေါ် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသော အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် နိုင်ငံရေးကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိပြီး လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းပေးမည် မဟုတ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် NCA ၉ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ “လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ မိမိတို့ လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။

Continue Reading
ရခိုင်အပါအဝင် ချင်း၊ မွန်ဒေသမှ လူငယ် ၂၀၀ နီးပါးကို မြိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထား၊ လူငယ်များကို စစ်သားစုဆောင်ရေးတပ်သို့ ပို့ဆောင်
စီးပွားရေး သတင်း
1 min read
0

ရခိုင်အပါအဝင် ချင်း၊ မွန်ဒေသမှ လူငယ် ၂၀၀ နီးပါးကို မြိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထား၊ လူငယ်များကို စစ်သားစုဆောင်ရေးတပ်သို့ ပို့ဆောင်

အောက်တိုဘာ ၁၅ - ၂၀၂၄
0

ရခိုင်ဒေသမှ ရခိုင်လူမျိုး အပါအဝင် ချင်း၊ မွန်၊ အမျိုးသား၊ အမျိုးသမီး ၂၀၀ နီးပါး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တွင် ဖမ်းဆီးခံထားရပြီး လူငယ်တစ်ချို့ကို စစ်သားစုဆောင်းရေး တပ်နယ်မြေများသို့ ပို့ဆောင်ထားကြောင်း ပြန်လွတ်လာသူများက ပြောသည်။ အဆိုပါ လူငယ် အမျိုးသား၊ အမျိုးသမီးများသည် နေရာအသီးသီးမှ ပြည်ပသို့ သွားရောက်ခြင်းဖြစ်ပြီး ကားငါးစီးဖြင့် ထွက်လာကြခြင်းဖြစ်ကာ မြိတ်မြို့၊ ကျွဲကူးတံတားအလွန်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း လွတ်လာသူတစ်ဦးက ပြောသည်။ အသက် ၂၈ နှစ်ရွယ် ပြန်လည်လွတ်လာသူအမျိုးသမီးတစ်ဦးက ” ကား ငါးစီးနဲ့ ထွက်လာကြတာပါ။ အဲ့ဒီမှာ မြိတ်မြို့ ကျွဲကူးတံတားအလွန်မှာ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ညီမတို့ ရခိုင်လူမျိုး ၆၀

Continue Reading
ရခိုင်ပြည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးပြတ်တောက် သွားပြီ
စစ်ရေး သတင်း
1 min read
0

ရခိုင်ပြည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးပြတ်တောက် သွားပြီ

အောက်တိုဘာ ၁၅ - ၂၀၂၄
0

(စစ်ကောင်စီက ပင်မ ဆက်သွယ်ရေးမှ ဖြတ်တောက်လိုက်ဟု သုံးသပ်) ရခိုင်ပြည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေး လုံးဝ ပြတ်တောက်သွားပြီဟု ပြည်မရောက် ရခိုင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။ တာဝါတိုင်များ လက်နက်ကြီးထိမှန်သွား၍ အဆက်အသွယ်ပြတ်တောက် သွားခြင်းဖြစ်သည်ဟု စစ်တွေက မိသားစုထံ ဖုန်းဆက်သွယ်နေသည့် နေပြည်တော်ရောက် ကျောင်းသားလူငယ်တစ်ဦးက ပြောသည်။ ” နေပြည်တော်ကို ကျောင်းကိစ္စတစ်ခုနဲ့ ရောက်နေတာ။ မနေ့ကနေ ဖုန်းဆက်လို့ လုံးဝ မရတော့ဘူး။ စစ်တွေက အမေဆီ ဖုန်းဆက်နေတာ။ အခုထိ ဆက်လို့ မရသေးဘူး။ ဒီမှာ ပြောနေကြတာက ဆက်သွယ်ရေးတာဝါတိုင်တွေ ဗုံးကြဲခံရတယ်လို့ ပြောနေကြတယ်။ ဘယ်နားက တာဝါတိုင်တွေလဲဆိုတာတော့ မသိဘူး။ ” ဟု ပြောသည်။ ရခိုင်က

Continue Reading
အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြ
စစ်ရေး
0 min read
0

အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြ

အောက်တိုဘာ ၁၅ - ၂၀၂၄
0

အွန်လိုင်းပေါ်မှာ အမုန်းတရားတွေဖြန့်ရင်း အကြမ်းဖက်သတ်ဖြတ်မှုတွေကို အားပေးအားမြှောက်လုပ်ခြင်းက ပဋိပက္ခကို ပိုဆိုးရွားစေပါတယ်။ အရပ်သားပြည်သူ သတ်ဖြတ်မှုအပါအဝင် အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြပါစို့။

Continue Reading
ဓါးပြတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို AA ကယ်ထုတ်
မှုခင်း သတင်း
1 min read
0

ဓါးပြတိုက်ခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို AA ကယ်ထုတ်

အောက်တိုဘာ ၁၄ - ၂၀၂၄
0

အင်အား ၆၀ ခန့်ပါသော အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဘင်္ဂလားပင်လယ်အော်တွင် ငါးရှာထွက်လာသော ဘင်္ဂလားဒေ့ရှ် မော်တော်ဘုတ်တစ်စီးကို ဓါးပြတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် AA က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်သည်။ ငါးရှာထွက်လာသော မော်တော်ဘုတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးပါဝင်ပြီး ၎င်းတို့မှာ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အောင်သို့ ငါးရှာထွက်လာခြင်းဖြစ်သည်။ တစ်ပတ်ခန့်အကြာ အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် အင်အား ၆၀ ခန့်ပါသော အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဓါးပြတိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ဓါးပြအဖွဲ့မှာ မော်တော်ဘုတ် ၃ စီးဖြင့် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မော်တော်ဘုတ်တစ်စီးကို ဝိုင်းရံပိတ်ဆို့

Continue Reading
သံတွဲတွင် စစ်ရှောင် ၂သောင်းကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်နေ
စစ်ရေး ဒုက္ခသည်အရေး သတင်း
1 min read
0

သံတွဲတွင် စစ်ရှောင် ၂သောင်းကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်နေ

အောက်တိုဘာ ၁၄ - ၂၀၂၄
0

တိုက်ပွဲများကြောင့် ကစဉ့်ကလျား ထွက်ပြေးနေကြရသည့် သံတွဲမြို့နယ်က စစ်ရှောင် ၂သောင်းကျော်လောက်မှာ စားနပ်ရိက္ခာများ ပြတ်လပ်နေပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။ စစ်ရှောင်များ ကူညီဆောင်ရွက်နေသူတစ်ဦးက “နှစ်သောင်းကျော် ရှိပါတယ်။ ဂွ ကျိန္တလီဘက် အခြမ်းကလည်း နေတိုင်းလူဦးရေ တိုးနေပါတယ်။ အခက်အခဲတွေက အခြေခံအစားအစာ ဆန်၊ ဆီ၊ ငပိ၊ ငရုပ်သီးခြောက်၊ ဆေးဝါးတွေလိုအပ်ပါတယ် “ဟုပြောသည်။ လက်နက်ကြီးနှင့် လေကြောင်းရန်ကို ကြောက်ပြီး ထွက်ပြေးလာသူများထဲမှာ အမျိုးသမီးနှင့် ကလေးသူအများအပြား ပါဝင်ကြောင်း တစ်ချို့ ကလေးသူငယ်များမှာ ကျန်းမာရေးချို့တဲ့မှုမျာလည်း ရှိနေပြီး ဆေးဝါးများလည်း လိုနေကြောင်း သိရသည်။ စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ဆေးကုသမှုတွေက ရှိပါတယ်။ ဆေးဝါးတွေက ရှားပါးတယ်။

Continue Reading
ရခိုင်မှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သား ၁၈ ဦးသေဆုံးပြီး ၃၂ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၄ - ၂၀၂၄
0

ရခိုင်ပြည်မှာ အောက်တိုဘာ ၇ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၂ ဦးအထိ ဒဏ်ရာရရှိကြောင်း Western News မှတ်တမ်းအရ သိရသည်။ အောက်တိုဘာလ ၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။ သေဆုံးသူများထဲတွင် အသက်

Continue Reading