ဘုတလင်တွင် စစ်တပ်က အရပ်သားများကို ခေါင်းဖြတ်သတ်ဖြတ်မှုများ ကုလလုံခြုံရေးကောင်စီတွင် တင်ပြ၊ ထိရောက်သော အရေးယူမှုမရှိလျှင် ဆက်လက်ကျူးလွန်နေမည်ဟု ဦးကျော်မိုးထွန်း သတိပေး
စစ်ရေး သတင်း
1 min read
0

ဘုတလင်တွင် စစ်တပ်က အရပ်သားများကို ခေါင်းဖြတ်သတ်ဖြတ်မှုများ ကုလလုံခြုံရေးကောင်စီတွင် တင်ပြ၊ ထိရောက်သော အရေးယူမှုမရှိလျှင် ဆက်လက်ကျူးလွန်နေမည်ဟု ဦးကျော်မိုးထွန်း သတိပေး

အောက်တိုဘာ ၂၈ - ၂၀၂၄
0

စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်သတ်ဖြတ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါင်းဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ထစ်ပြီး ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သော လူမဆန်သော ယင်းလုပ်ရပ်များကို ထိရောက်သော အရေးယူမှုမရှိလျှင် စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဟု ၎င်းက သတိပေးလိုက်သည်။ အောက်တိုဘာလ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “Women, Peace and Security: Women Building Peace in a Changing Environment”ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအတွင်း ဦးကျော်မိုးထွန်း ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉

Continue Reading
စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အလျင်အမြန်ပိတ်ဆို့ အရေးယူရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights အဖွဲ့ တောင်းဆို
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အလျင်အမြန်ပိတ်ဆို့ အရေးယူရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights အဖွဲ့ တောင်းဆို

အောက်တိုဘာ ၂၆ - ၂၀၂၄
0

စစ်ကောင်စီထံ လေယာဉ်လောင်စာဆီနှင့် စစ်လက်နက် တင်ပို့မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အလျင်အမြန်ပိတ်ဆို့ အရေးယူပေးရန်အတွက် အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights က အောက်တိုဘာလ ၂၄ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပေါ်တားဆီးနိုင်ရေးအတွက် စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အမြန်ဆုံးရပ်တန့်ရန် Fortify Rights အဖွဲ့က ပြောသည်။ Fortify Rights လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက “စစ်ကောင်စီက ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်နေ တာတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ကုလသမဂ္ဂအနေနဲ့ကတော့ ကြည့်နေဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အာဏာရှင်တွေရဲ့ အကြမ်းဖက် အုပ်စိုးမှုကို

Continue Reading
၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ကြောင့် ပြင်ဦးလွင်ကို စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
စစ်ရေး သတင်း
1 min read
0

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ကြောင့် ပြင်ဦးလွင်ကို စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

အောက်တိုဘာ ၂၆ - ၂၀၂၄
0

မနက်ဖြန် အောက်တိုဘာ ၂၇ ရက်သည် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်၍ အာဏာသိမ်း စစ်ကောင်စီသည် ပြင်ဦးလွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး လုံခြုံရေး တိုးမြှင့်ထားသည်။ စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် တပ်လှန့်ထားပြီး ယနေ့ နံနက်ပိုင်းတွင် ဖုန်းလိုင်းတချို့နှင့် Wi-Fi အင်တာနက်လိုင်းတချို့ ပြတ်တောက်သွားကြောင်း တပ်သတင်းရင်းမြစ်နှင့် ဒေသခံ ပြည်သူများက ပြောသည်။ “၁၀၂၇ နှစ်ပတ်လည်ရှိလို့ လုံခြုံရေး တိုးမြှင့်ထားတယ်” ဟု ပြင်ဦးလွင်မှ တပ်သတင်းရင်းမြစ်က ဆိုသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၌ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကြောင့် စစ်ကောင်စီမှာ အလွန်အထိနာခဲ့ပြီး လောက်ကိုင်၊

Continue Reading
ဂွနှင့် ဧရာဝတီကြား စစ်ကောင်စီဂိတ်များ အဖမ်းအဆီးကြမ်း
သတင်း
1 min read
0

ဂွနှင့် ဧရာဝတီကြား စစ်ကောင်စီဂိတ်များ အဖမ်းအဆီးကြမ်း

အောက်တိုဘာ ၂၆ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့နှင့် ဧရာဝတီတိုင်းဒေသကြားရှိ အာဏာသိမ်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှာ လိုင်စင်မပါသော ဆိုင်ကယ်များကိုပါ ဖမ်းသည်အထိ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အထူးသဖြင့် ဧရာဝတီဘက်ကို တစ်ပိုင်တစ်နိုင် စားနပ်ရိက္ခာလာဝယ်သော ဂွမြို့နယ်ဒေသခံများကို အဓိက ဖမ်းဆီးနေသည်ဟု ကမ်းသာယာဒေသခံတစ်ဦးက ပြောသည်။ ” အခု ဧရာဝတီဘက်မှာ ဆိုင်ကယ်တွေပါ စစ်ဆေးဖမ်းနေတယ်။ ကျနော်တို့ ဒေသမှာက နယ်မှာက ဆိုင်ကယ်မှာ လိုင်စင်မရှိတာ၊ ဆိုင်ကယ်မှာရှိရင်လည်း လူမှာ ယာဉ်မောင်းလိုင်စင်မရှိတာက များတယ်လေ။ လိုင်စင်မရှိရင် လူကိုလည်းဖမ်းတယ်။ ဆိုင်ကယ်ကိုလည်း ဖမ်းတယ်။ ဗေဒါ အထိကို ဆင်းပြီးဖမ်းနေတာ။ နောက်ဆိုရင် ဒေါင်းချောင်းစစ်ဆေးရေးဂိတ်အထိ ဆင်းပြီး ဖမ်းမယ်လို့ ပြောတယ်။ တော်တော်လေးကို အဖမ်းကြမ်းနေတာ။

Continue Reading
စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်တွင် ပြုတ်ကျခါနီး ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဆုချီးမြှင့်
သတင်း
1 min read
0

စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်တွင် ပြုတ်ကျခါနီး ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဆုချီးမြှင့်

အောက်တိုဘာ ၂၆ - ၂၀၂၄
0

စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်သို့ ရောက်ရှိနေသည့် ပြုတ်ကျခါနီး အန္တရာယ်ရင်ဆိုင်နေရသော ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို ဆုချီးမြှင့် ခံလိုက်ရသည်။ ကလေးငယ်အား ကယ်တင်ခဲ့သော မြန်မာနိုင်ငံသား ကိုသူရအောင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို အောက်တိုဘာ ၂၅ ရက်နေ့တွင် Singapore Civil Defense Force (SCDF) Community Lifesaver Award ချီးမြှင့်လိုက်ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahirနှင့် မြန်မာနိုင်ငံသား အလုပ်သမား ဆေးသုတ်သမား ကိုသူရအောင်တို့က သုံးလွှာ တိုက်ခန်း

Continue Reading
ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ
စစ်ရေး သတင်း
1 min read
0

ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ

အောက်တိုဘာ ၂၅ - ၂၀၂၄
2

ရခိုင်ပြည် ဂွမြို့နှင့် ၁၅ မိုင်အကွာ တိုင်ကျိုးကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နံနက်ပိုင်းကစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တိုင်ကျိုးကျေးရွာမှာ ကုလားပြင် (ရတနာမြိုင်) နှင့် ကမ်းသာယာကမ်းခြေကြားတွင်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားများမှာ အလုအယက် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီးဖြစ်နေကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို

Continue Reading
အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် နေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်
နိုင်ငံရေး သတင်း
1 min read
0

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် နေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်

အောက်တိုဘာ ၂၅ - ၂၀၂၄
1

အာဏာရှင်ဟောင်း ဦးသန်းရွှေ သားမက်လည်းဖြစ် နေရွှေသွေးအောင် ဖခင် ဒေါက်တာ နေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ ဒေါက်တာ နေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက မရမ်းကုန်မြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း ယမန်နေ့တွင် စစ်ကေင်စီက ထုတ်ပြန်ခဲ့သည်။ Dr Nay Soe Maung Facebook စာမျက်နှာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့၍ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး

Continue Reading
ရေကြီးခဲ့သည့် ချင်းမိုင်မြို့ကို လာမည့်လတွင် ခရီးသွားနိုင်ပြီဟုဆို
မိုးလေဝသ သတင်း
1 min read
0

ရေကြီးခဲ့သည့် ချင်းမိုင်မြို့ကို လာမည့်လတွင် ခရီးသွားနိုင်ပြီဟုဆို

အောက်တိုဘာ ၂၅ - ၂၀၂၄
0

( ရေကြီး၍ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေ ဘတ်ငွေ ၅ ဘီလီယံခန့်ရှိ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေကြီးမှုကြောင့် ပျက်စီးသွားသော ခရီးသွားနေရာများနှင့် အခြားနေရာများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။ ချင်းမိုင်မြို့သည် ရာသီအကူးအပြောင်းကာလဖြစ်သည့် နိုဝင်ဘာလတွင် ခရီးသွားများကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေကြောင်း လက်ထောက်အုပ်ချုပ်ရေးမှူး Tosapol Phuanudom က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မြောက်ပိုင်းခရိုင်များဖြစ်သည့် ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ လမ်ပူနှင့် လပူန်တို့တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးရန် ဖွဲ့စည်းထားသည့် အစိုးရ-ပုဂ္ဂလိကကဏ္ဍအဖွဲ့ အစည်းအဝေးအပြီးတွင် ၎င်းက ကတိပြုခဲ့သည်။ ချင်းမိုင်တွင် ရေကြီးရေလျှံပြီးနောက် ကြီးမားသော ရှင်းလင်းရေး ကြိုးပမ်းမှု ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ နေအိမ်များ၊ ကျောင်းများ၊ ဟိုတယ်များ၊ စက်ရုံများ၊

Continue Reading
ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့များထဲတွင် ဘန်ကောက်နှင့် ချင်းမိုင် ပါဝင်
မိုးလေဝသ သတင်း
1 min read
0

ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့များထဲတွင် ဘန်ကောက်နှင့် ချင်းမိုင် ပါဝင်

အောက်တိုဘာ ၂၅ - ၂၀၂၄
0

(နယူးဒေလီသည် ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်ပြီး ဟနွိုင်းသည် အရှေ့တောင်အာရှတွင် အဆင့် ၄ ရှိသည်) ရေကြီးပြီးနောက် ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှု များလာပြီး ဘန်ကောက်နှင့် ချင်းမိုင်တို့သည် ဖုန်မှုန့်အမှုန်အမွှားများ ညစ်ညမ်းမှုအတွက် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းမြို့ကြီး ၅၀ တွင် ပါဝင်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် IQAir ၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။ သောကြာနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ထိုင်းမြို့တော်သည် လေထုအရည်အသွေး အညွှန်းကိန်း (AQI) 101 ဖြင့် အဆင့် ၁၃ တွင်ရှိပြီး ချင်းမိုင်သည် AQI 66 ဖြင့် အဆင့် ၄၃ ရှိသည်။ ဘန်ကောက်မြို့သည် လေထုအရည်အသွေးအတွက်

Continue Reading
စစ်အာဏာရှင်စနစ် ကျရှုံးရမည်ဟု KIO ဥက္ကဌပြော
စစ်ရေး သတင်း
1 min read
0

စစ်အာဏာရှင်စနစ် ကျရှုံးရမည်ဟု KIO ဥက္ကဌပြော

အောက်တိုဘာ ၂၅ - ၂၀၂၄
0

မြန်မာစစ်တပ်ဦးဆောင်သော စစ်ကောင်စီ၏ အာဏာရှင်စနစ် ဧကန်မုချ ကျရှုံးရမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။ ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ကျရောက်သည့် KIO တည်ထောင်နေ့ ၆၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးသည် မြန်မာပြည်သူတစ်ရပ်လုံး ပါဝင်ထောက်ခံသော တော်လှန်ရေးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဧကန်မုချကျဆုံးမည်ဟု ပြောသည်။ နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြင့် ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။ ပြည်သူ့စစ်အဖွဲ့များအနေဖြင့်လည်း စစ်တပ်လက်အောက်ခံအဖြစ်မှ ရုပ်သိမ်းပြီး KIO နှင့်အတူ ပူးပေါင်းကြရန် ၎င်းက သတိပေးသည်။ KIO

Continue Reading