အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကို ကျောင်းသားလက်ရုံးတပ်တော် ဖမ်းဆီး
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကို ကျောင်းသားလက်ရုံးတပ်တော် ဖမ်းဆီး

နိုဝင်ဘာ ၂၉ - ၂၀၂၄
0

ရခိုင်ပြည် အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့က အမ်း နောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် SAF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဗိုလ်မှူး ဇော်ထက်နောင် ဦးဆောင်သော စစ်ကြောင်းသည် တစ်မိုင်ကုန်းမှ ဆုတ်ခွာလာပြီး အမ်း-ပဒါန်းလမ်းတစ်နေရာ အရောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းက စောင့်ကြိုပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ဟု SAF က ပြောသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး

Continue Reading
စစ်ရေးကြောင့် အောင်တိုဘာလအတွင်း ပြည်သူ ၂၆၈ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ရေးကြောင့် အောင်တိုဘာလအတွင်း ပြည်သူ ၂၆၈ ဦးသေဆုံး

နိုဝင်ဘာ ၂၉ - ၂၀၂၄
0

ပစ်မှတ်ထား သတ်ဖြတ်ခံရ၍ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၂၆၈ ဦး သေဆုံးကာ အနည်းဆုံး ၄၉၈ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောသည်။ စစ်ဆင်ရေးများနှင့် တိုက်ပွဲများကြောင့်သာမက စစ်ကောင်စီတပ်များ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် အမည်မသိအဖွဲ့အစည်းများမှ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထိခိုက်သေဆုံးသူများထဲမှ ၁၃၇ ဦးနှင့် ဒဏ်ရာရရှိသူများထဲမှ ၃၁၂ ဦးမှာ စစ်ကောင်စီ၏ အရပ်သားများအား ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အများဆုံးဖြစ်သည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ပြောသည်။ ထို့အပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်သတ်ဖြတ်မှုများကြောင့် ထိခိုက်သေဆုံးမှုမှာ ဒုတိယအများဆုံးဖြစ်ပြီး အရပ်သားအနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄၆ ဦး သေဆုံးခဲ့သည်။ ကျူးလွန်သည့်

Continue Reading
ဂွမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ
စစ်ရေး သတင်း
1 min read
0

ဂွမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

နိုဝင်ဘာ ၂၉ - ၂၀၂၄
0

(စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ အရပ်သား ၁၄ ဦးသေဆုံး) ရခိုင်ပြည် ဂွမြို့သိမ်းတိုက်ပွဲမှာ မြို့အနီး ၅ မိုင်ပတ်လည်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ သတင်းရင်းမြစ်တစ်ဦးက “ဆပ်သွား၊ ကမ်းသာယာ၊ လောင်းကျိုး၊ ဇီးခုံ စတဲ့ နေရာတွေမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဂွမြို့နဲ့ သိပ်မတော့ဘူး။ ၅ မိုင်ပတ်လည်အတွင်းမှာ ဖြစ်နေကြတာ။ စစ်ကောင်စီဖက်ကလည်း ဧရာဝတီဘက်ကနေ ဂွမြို့ကို အင်အားတအားကို ဖြည့်ပေးနေတာ။ လေကြောင်းပစ်ကူလည်း အဆက်မပြတ်ပါပဲ” ဟု ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ဂွမြို့နယ်မှာ အပြစ်မဲ့အရပ်သား ၁၄ ဦးအထိ သေဆုံးခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။

Continue Reading
ချင်းပြည် ဖလမ်းမြို့နယ်ကဆေးရုံ ဗုံးကြဲခံရမှု NUG ရှုတ်ချ
စစ်ရေး သတင်း
1 min read
0

ချင်းပြည် ဖလမ်းမြို့နယ်ကဆေးရုံ ဗုံးကြဲခံရမှု NUG ရှုတ်ချ

နိုဝင်ဘာ ၂၉ - ၂၀၂၄
0

ချင်းပြည် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ လုပ်ရပ်အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု NUG က ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးသွားပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။ ယင်းအပြင် ဗုံးသီးများကြောင့် ဆေးရုံအဆောက်အုံနှင့် ကျေးရွာအတွင်း‌

Continue Reading
AA က တောင်ကုတ်မြို့တွင်းကို သိမ်းပိုက်လိုက်ပြီ
စစ်ရေး သတင်း
1 min read
0

AA က တောင်ကုတ်မြို့တွင်းကို သိမ်းပိုက်လိုက်ပြီ

နိုဝင်ဘာ ၂၉ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့တွင်းရှိ စစ်ကောင်စီ စစ်ခစန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီး မြို့တွင်းတွင် စစ်ကောင်စီတစ်ယောက်မျှမရှိတော့ကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။ တောင်ကုတ််မြို့တွင်းကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီ၏ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်းရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း AA က ဆိုသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက တောင်ကုတ်မြို့တွင်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ မောင်းတံဂိတ် စစ်စခန်းများ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းများ၊

Continue Reading
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်း ဖမ်းမိ
စီးပွားရေး သတင်း
1 min read
0

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်း ဖမ်းမိ

နိုဝင်ဘာ ၂၈ - ၂၀၂၄
0

(မြန်မာ ၈ ဦး အပါအဝင် စုစုပေါင်း ၁၅ ဦးကိုဖမ်းဆီး) ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းကို အသုံးအဆောင်ပစ္စည်း အမြောက်အများနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ချင်းမိုင်မြို့ထဲက ဆန်ဆိုင်း၊ ဆန်ကမ်ဖန်းရပ်ကွက်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က နေရာ ၁၁ ခုကို ထိုင်းရဲတပ်ဖွဲ့က ထောက်လှမ်းရှာဖွေရာတွင် ကျားဖြန့်ဂိုဏ်းကို ဖမ်းမိခြင်းဖြစ်ပြီး နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ကျားဖြန့်လုပ်ငန်းကို ဖမ်းဆီးရမိခြင်းဟု ဆိုသည်။ ဖုန်းဆင်းမ်ကတ် ၅၉၀,၀၀၀ ပါ ဆင်းမ်ကတ် ဗူး ၆၄၂ ဗူး၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁,၄၅၅

Continue Reading
မြန်မာနိုင်ငံက ICC အဖွဲ့ဝင်မဟုတ်၍ ဖမ်းဝရမ်းလျှောက်ထားမှုကို အသိအမှတ်မပြုဟု စစ်ကောင်စီ တုန့်ပြန်
စစ်ရေး နိုင်ငံရေး မှုခင်း သတင်း
1 min read
0

မြန်မာနိုင်ငံက ICC အဖွဲ့ဝင်မဟုတ်၍ ဖမ်းဝရမ်းလျှောက်ထားမှုကို အသိအမှတ်မပြုဟု စစ်ကောင်စီ တုန့်ပြန်

နိုဝင်ဘာ ၂၈ - ၂၀၂၄
0

မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇဝတ်တရားရုံး ICC အဖွဲ့ဝင်မဟုတ် ICC ရှေ့နေချုပ်၏ ဖမ်းဝရမ်းလျှောက်ခြင်းအပေါ် အသိအမှတ်မပြုကြောင်း အာဏာသိမ်း စစ်ကောင်စီက တုန့်ပြန်ပြောဆိုသည်။ စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့က စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများနှင့် နိုင်ငံခြားသတင်းဌာနများသို့ ပေးပို့သော ဖြေကြားချက်တွင် ယင်းကဲ့သို့ တုန့်ပြန်ထားခြင်းဖြစ်သည်။ “မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။” ဟု ရေးသားထားသည်။ သို့သော်လည်း အဆိုပါ တုန့်ပြန်ချက်ကို စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာနှင့် သတင်းဌာနများတွင် တရားဝင်ဖော်ပြခြင်း မရှိသည်ကို တွေ့ရသည်။ ရခိုင်ပြည်အတွင်းက မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ICC ရှေ့နေချုပ် Karim A.A. Khan KC က

Continue Reading
တောင်ကုတ်က စစ်ကောင်စီတပ်ရင်းများ ရိက္ခာပြတ်လပ်ပြီး လက်နက်ချ အလင်းဝင်သူများရှိနေဟုဆို
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်က စစ်ကောင်စီတပ်ရင်းများ ရိက္ခာပြတ်လပ်ပြီး လက်နက်ချ အလင်းဝင်သူများရှိနေဟုဆို

နိုဝင်ဘာ ၂၈ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရင်းများမှာ ရိက္ခာပြတ်လပ်သွား၍ လက်နက်ချအလင်းဝင်သူများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မှာ စကခ ၅ တပ်မ၊ ခမရ ၅၄၄ တပ်ရင်းနှင့် ခမရ ၃၄၆ တပ်ရင်းတို့ အဓိက သုံးခုရှိသည့်အပြင် ထောက်ပို့တပ်၊ မိုင်းရှင်းလင်းရေးတပ်နှင့် ဆက်သွယ်ရေးတပ်တို့ရှိကြပြီး တပ်သားအင်အား ၇၀၀ ကျော်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားကြသည်။ တောင်ကုတ်မြို့က အဆိုပါတပ်အားလုံးကို အာရက္ခတပ်တော် AA က လနှင့်ချီ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ပြီးနောက် အောက်တိုဘာလ ၃၀ ရက်နေ့ကစ၍ အရှိန်မြှင့်ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့သည်။ စကခ ၅ တပ်မကို ကာရံထားသော

Continue Reading
နယ်စပ်တွင် UWSA နှင့် တင်းမာမှုမရှိဟု ထိုင်းစစ်တပ် ပြော
စစ်ရေး သတင်း
1 min read
0

နယ်စပ်တွင် UWSA နှင့် တင်းမာမှုမရှိဟု ထိုင်းစစ်တပ် ပြော

နိုဝင်ဘာ ၂၈ - ၂၀၂၄
0

(UWSA နှင့် တိုက်ရိုက်ဆောင်ရွက်ရန် မြန်မာစစ်တပ်က အကြံပြု) ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ထိုင်းစစ်တပ်နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အကြား တင်းမာမှုများဖြစ်ပွားနေသည့် သတင်းများကို ထိုင်းစစ်တပ်က ပယ်ချလိုက်သည်။ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Thirat Sombatsiri က လူမှုမီဒီယာတွင် ပျံ့နှံ့နေသည့် နယ်စပ်တွင်စစ်ရေးတင်းမာမှု ပြောဆိုချက်များကို ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပယ်ချခဲ့သည်။ “နယ်စပ်ဒေသ တစ်ခုလုံး အခြေအနေက ပုံမှန်ပါပဲ၊ မီဒီယာက ဖော်ပြတဲ့အတိုင်း နယ်စပ်တလျှောက် ပဋိပက္ခဖြစ်ပွားတယ်ဆိုတာမျိုး အတည်ပြုချက် မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။ နယ်စပ်မြေပြင် အသေးစိတ်အချက်အလက်များနှင့် အခြေအနေများကို တင်ပြရန် မြေပြင်တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်

Continue Reading
မင်းအောင်လှိုင် အရေး ICC တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကုလစုံစမ်းစစ်ဆေးရေး အကြီးအကဲပြော
စစ်ရေး မှုခင်း သတင်း
1 min read
0

မင်းအောင်လှိုင် အရေး ICC တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကုလစုံစမ်းစစ်ဆေးရေး အကြီးအကဲပြော

နိုဝင်ဘာ ၂၈ - ၂၀၂၄
0

လူမျိုးတုံးသတ်ဖြတ်သော မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေး ICC တရားရုံးတွင် ဖမ်းဝရမ်းလျှောက်ထားလိုက်ပြီဖြစ်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး IIMM အကြီးအကဲကလည်း ICC တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMM အနေဖြင့် ICC တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တရားဝင်ထုတ်ပြန် ကြေညာသည်။ ICC ၏ တရားလိုရှေ့နေက စုံစမ်းစစ်ဆေးရာတွင် များစွာသော အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များ၊ သက်သေများ၏ ထွက်ဆိုချက်များကို တရားလိုရှေ့နေ၏ ရုံးထံ မျှဝေပေးခြင်းဖြင့် IIMM နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ဆိုသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးများအပေါ် ကျူးလွန်သည့်

Continue Reading