မြောက်ဦးတွင် ART ဆေးပြတ်၍ HIV လူနာ အမျိုးသမီးတစ်ဦးသေဆုံး
(ဆေးပြတ်လပ်၍ ရခိုင်မှာ HIV လူနာ သေဆုံးသူ နှစ်ဦးအထိရှိလာ) ရခိုင်ပြည် မြောက်ဦးမြို့နယ်မှာ ART ဆေးပြတ်၍ HIV လူနာ အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ သေဆုံးသူမှာ မြောက်ဦးမြို့က အသက် ၄၀ အရွယ်အမျိုးသမီးဖြစ်ပြီး ၁၀ လအကြာ ဆေးပြတ်လပ်နေခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်နေ့တွင် သေဆုံးသွားရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ “သူဆေးပြတ်နေတာ ၁၂ လပိုင်း ကတည်းကပါ။ မိသားစုက ချို့တဲ့တယ်။ ပိုးသတ်ဆေးတွေလည်း အစားထိုးဝယ်မသောက်နိုင်ဘူး။ ဆေးပြတ်နေတဲ့ ကာလမှာလည်း အမြဲတမ်း မကျန်းမာနဲ့ဘဲ နေသွားရတယ်။ ဆေးသောက်နေရတုန်းကဆို အလုပ်တွေလည်း ထွက်လုပ်နိုင်ခဲ့တယ်။ အခုတော့ သေသွားရပြီ” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း လူလေးဦးမှာ တစ်ဦးက စားနပ်ရိက္ခာခက်ခဲနေ
လက်ရှိ မြန်မာနိုင်ငံအတွင်း လူလေးဦးမှာ တစ်ဦးက စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး စုစုပေါင်း ၁၃.၃ သန်းရှိကြောင်း ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ခဲ့သည့် EU နှင့် WFP ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စားနပ်ရိက္ခာ ခက်ခဲနေသည့် ၁၃.၃ သန်းထဲက ၂ ဒသမ ၇ သန်းမှာ စားနပ်ရိက္ခာအခက်အခဲကို အရေးပေါ်ရင်ဆိုင်နေရသည်ဟု EU နှင့် WFP က ဆိုသည်။ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က “မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက တကယ့်ကိုစိုးရိမ်စရာပါ။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ