တေးသံရှင် ဆုမြတ်ထက်ကို စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေရဲစခန်းတွင် ချုပ်နှောင်ထား၊ ဖုန်းအား နေပြည်တော်တွင် စစ်ဆေးနေ
ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေမြို့နယ် ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားပြီးနောက် မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရသည်။ လက်ရှိတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်း၏ ဖုန်းကိုလည်း နေပြည်တော်တွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြာင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက Western
အမ်း နပခ ကာကင်းအထိ AA ထိုးဖောက်ဝင်ရောက်တိုက်ခိုက်
အမ်းမြို့က စစ်ကောင်စီ တပ်ရင်းတပ်စခန်းများကို လေးဘက်လေးတန်ပိတ်ဆို့ တစ်ပတ်ကျော် တိုက်ခိုက်ပြီးနောက် အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကာကင်းများအထိ ဝင်ရောက်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အမ်းတွင် ဗျူဟာကုန်း၊ အမြောက်တပ်များအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိပြီး အာရက္ခတပ်တော် AA က မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းအဓိက အသုံးပြု ခုခံနေကြောင်း သိရသည်။ အမ်းမြို့နှင့် နပခကို သိမ်းနိုင်ရန် AA သည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် လအနည်းငယ်ကြာ စစ်ကောင်စီတပ်ရင်းများကို ပိတ်ဆို့ခဲ့ပြီးနောက် ပြီးခဲ့သည့်တစ်ပတ်ကျော်ကစ၍ အရပ်လေးမျက်နှာ ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ” တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပဲ။ တပ်တော်က
၃၆ နှစ်ပြည့်ခဲ့ပြီ ABSDF ကျောင်းသားတပ်မတော်
(တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်မည်ဟုဆို) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် (၃၆) နှစ်မြောက် ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၊ မြောက်ပိုင်းဗဟိုဌာနချုပ်၊ စစ်ကြောင်း (၂) နှင့် စစ်ကြောင်း (၃) စသည့် နယ်မြေဒေသ အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ABSDF က ထုတ်ပြန်ထားသည်။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုက်ပွဲဝင်သွားမည်ဟု ကျောင်းသားတပ်မတော် ABSDF က ပြောသည်။ ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲ က “ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေးဆိုတဲ့