AA ၏ ပြန်လည်ထူထောင်ရေး
အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း မသိမ်းရဘဲ ကျန်ရှိနေသေးသော စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များကို ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေသလို သိမ်းပိုက်ထားသည့် မြို့နယ်များတွင်လည်း ပြန်လည်တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများကို တစ်ချိန်းတည် ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယခု ဓါတ်ပုံများသည် သိမ်းပိုက်ထားသော မြို့နယ်တစ်ခုအတွင်း ဒေသခံလူငယ်များနှင့် ပြည်သူများဖြင့်ပူးပေါင်းကာ ရပ်ရွာသန့်ရှင်းသာယာရေးအတွက် စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို တွေ့မြင်ရခြင်းဖြစ်သည်။ ဓါတ်ပုံ – APM
မြန်မာက ထုတ်လုပ်မှုရပ်ထား၍ ကမ္ဘာ့မြေရှားသတ္တုဈေးတက်လာနိုင်
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများကို ရပ်နားထား၍ ကမ္ဘာ့ဈေးကွက်တွင် မြေရှားသတ္တုဈေး မြင့်တက်လာနိုင်ကြောင်း တရုတ်က ပြောသည်။ မြေရှားသတ္တုထွက်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများနေ့စဉ် ပြင်းထန်နေကြသည်။ ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုလိုအပ်ချက်၏ ငါးဆယ်ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံက ရရှိခြင်းဖြစ်ပြီး လက်ရှိအခြေနေအရ မြေရှားရောင်းလိုအား လျော့ကျနေပြီး ဈေးနှုန်းများ အဆက်မပြတ် တက်သွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက နိုဝင်ဘာ ၃ ရက်မှာ တရုတ်သတင်းဌာန Global Times ကို ပြောဆိုထားကြသည်။ ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလတွင် တရုတ်နိုင်ငံက မြေရှားသတ္ထုရောင်းဝယ်သူများမှာ ဈေးနှုန်းများကိုတိုးမြှင့်ခဲ့သလို ယခု နိုဝင်ဘာလမှာလည်း ဈေး ထပ်ပြီးတိုးမြှင့်ခဲ့ကြောင်း သိရသည်။ မြေရှားသတ္တုရောင်းဝယ်ရေး
ရခိုင်က ၁ နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေးထိုးရန် လိုအပ်နေ
ရခိုင်ပြည်အတွင်း ၁ နှစ်အောက် ကလေးငယ်များမှာ ယခုအချိန်အထိ မည်သည့်ကာကွယ်ဆေးမှ ထိုးနှံခြင်းမရှိသေး၍ အရေးတကြီး ကာကွယ်ဆေးထိုးရန် လိုအပ်နေကြောင်း မိခင်အသိုင်းအဝိုင်းက ပြောသည်။ အသက် ၁ နှစ်ပြည့်ကြမည့် ကလေးငယ်များမှာ မွေးစကနေ ၁ နှစ်နီးပါးကြာလာအချိန်အထိ ကာကွယ်ဆေးများ မထိုးရ၍ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးရေးပိုင်းတွင် ဆိုးကျိုးသက်ရောက်မည်ကို မိဘများက စိုးရိမ်နေကြသည်။ မြေပုံမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမကလေးက မွေးကတည်းက ဘာကာကွယ်ဆေးမှ မထိုးရသေးဘူး။ အခုဆို ကလေးက ၆ လထဲဝင်ပြီ။ ထိုးမယ့် ကာကွယ်ဆေးတွေလည်း မရှိဘူးလို့ကြားတယ်။ ကလေးတိုင်း ထိုးပေးကျဖြစ်တဲ့ ကာကွယ်ဆေးတွေ မထိုးရတော့ ကျမကလေးအတွက် စိတ်ပူနေမိတယ်” ဟု ပြောသည်။ ဝက်သက်၊ မဲခိုင်၊ တုပ်ကွေး၊
အမ်းမြို့ထဲ ပိတ်မိနေသူများမှာ စစ်ကောင်စီက ရမ်းသမ်းဗုံးကြဲမှာကို စိုးရိမ်နေ
တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲသို့ စစ်ကောင်စီ လေကြောင်းက ရမ်းသမ်းဗုံးကြဲမှာကို မြို့ထဲပိတ်မိနေသူများက စိုးရိမ်နေကြသည်။ အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းကလည်း လက်နက်ကြီးများအပြင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပိတ်မိနေသူများ စစ်ရှောင်ရာ အမှတ် ၄ ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်နှင့် မြို့မြောက်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီ၏ ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ နီးပါး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး နာမည်များကို စုံစမ်းနေဆဲဖြစ်သည်။ မြို့ထဲပိတ်မိနေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “တိုက်ပွဲကမြို့ထဲကို ဝင်လာရင် AA ရှိတယ်ဆိုပြီး အကုန်လုံးကို ရမ်းသမ်းဗုံးကြဲသွားမှာ ကျနော်တို့ စိုးရိမ်နေတယ်။ အခုတိုက်ပွဲက မြို့အထဲကိုတော့