တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက်
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု
တရုတ်ရောက် မင်းအောင်လှိုင် တော်လှန်ရေးအဖွဲ့များကို အပြစ်ဖို့
တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ဒီမိုကရေစီအရေး ရုပ်ပြ၍ စစ်ဘုရင်ဝါဒကို အသက်သွင်းနေသူများဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ထုတ်ဖော်ပြောသည်။ မူးယစ်ဆေးဝါး၊ မှောင်ခိုနှင့် တရားမဝင်လုပ်ငန်းများကိုလည်း လုပ်ဆောင်ကြ၍ “ကျားသေကို အသက်ပြန်မသွင်းမိကြစေဖို့” လိုအပ်ဟု မင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်တွင် လက်နက်ကိုင်များက ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြု၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု မင်းအောင်လှိုင်က စွပ်စွဲထားသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် လက်နက်ကိုင်အဖွဲ့များက ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက်အောင် ၎င်းတို့ကပဲ ဆောင်ရွက်ခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ထိုင်းတွင် ကလေးငယ်များ အပါအဝင် မြန်မာ ၉ ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထား
မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည် ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၉ဦးကို ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်တွင် ပွဲစားများက စွန့်ပစ်ခဲ့ကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းမှာ ဖော်ပြသည်။ မြန်မာနိုင်ငံသား ၉ဦးမှာ ရနောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု ဘန့်ထောင်းလန်ကျေးရွာအနီး၊ တောင်ခြေတောထဲမှာ နိုဝင်ဘာ ၅ ရက်က လုံခြုံရေးအခြေအနေများကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကျေးရွာသားများ၏ သတင်းပေးလာမှုကြောင့် သက်ဆိုင်ရာ နယ်မြေခံရဲ၊ ရွာသူကြီး၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့များနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းစစ်တပ် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ ထိပ်ဆသရီ စစ်ကြောင်းမှူးက သတင်းထောက်များကို ပြောဆိုသည်။ ယင်းအထဲမှာ အမျိုးသား တစ်ဦး၊
တအောင်းမှာ မြန်မာပြည်က သွင်းကုန်များကို အခွန်ကင်းလွတ်ခွင့်ပေးမည်
ရှမ်းမြောက် တအောင်းဒေသမှာ မြန်မာပြည် မန္တလေးက တင်သွင်းလာသော သွင်းကုန်ပစ္စည်းများကို အခွန်ကောက်ခံမည်မဟုတ်ဘဲ ကင်းလွတ်ခွင့်ပေးမည်ဟု တအောင်းတပ် TNLA က နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ TNLA ၏ အကောက်ခွန်ဌာနမှ တအောင်ပြည်အတွင်း ဒေသခံပြည်သူလူထုများ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ အောက်တိုဘာလ ၂၅ ရက်နေ့က အသိပေးထုတ်ပြန်မှုတစ်ခုရှိခဲ့သည်။ အဆိုပါ အခွန်ကင်းလွတ်ခွင့်တွင် တအာင်းပြည်အတွင်းသို့ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်သည်ဟု ဆိုထားသည်။ ထိုထုတ်ပြန်ချက် နောက်ဆက်တွဲအနေဖြင့် မြန်မာပြည် မန္တလေးမှ တအာင်းပြည်အတွင်းသို့တင်သွင်းလာသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုးနှင့် အိမ်သုံးကုန်ပစ္စည်းများ အပေါ် အခွန်ကောက်ခံမည်မဟုတ်ကြောင်း TNLA က
ရခိုင်မှာ မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး လေပြင်းတိုက်ခတ်နိုင်
ရခိုင်ပြည် အပါအဝင် တနင်္သာရီနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျှက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်၍ ကြိုတင်သတိပြုကြရန် စစ်ကောင်စီ မိုး/ဇလက ထုတ်ပြန်ထားသည်။ ယင်းအပြင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၇ နာရီက ထုတ်ပြန်ခဲ့သည်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း