မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တွေ့ဆုံ
သတင်း
1 min read
0

မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တွေ့ဆုံ

နိုဝင်ဘာ ၈ - ၂၀၂၄
0

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲအား ထောက်ခံပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရေးတို့ကို မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တည်နေရာ အတိအကျ၊ အသေးစိတ်အချက်အလက်များနှင့် အရေအတွက်များကို ရယူလိုကြောင်း မင်းအောင်လှိုင်က ဆက်လက် တောင်းဆိုခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့မှာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပနေသည့် မဲခေါင်ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေကြပြီး သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

Continue Reading
၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင်
ဒုက္ခသည်အရေး သတင်း
1 min read
0

၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင်

နိုဝင်ဘာ ၈ - ၂၀၂၄
0

လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့

Continue Reading
တောင်ကုတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံး
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံး

နိုဝင်ဘာ ၈ - ၂၀၂၄
0

(နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာများမှ အရပ်သားများအား အမြန်ဆုံးထွက်ခွာရန် AA သတိပေး) တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည် တောင်ကုတ်မြို့နယ်တိုက်ပွဲတွင် တစ်ညအတွင်း စစ်ကောင်စီတပ်ဖက်က တပ်သား ၂၀ ဦးခန့်သေဆုံးခဲ့ပြီး အများအပြား ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယမန့်နေ့ နိုဝင်ဘာ ၇ ရက် ၇ နာရီခွဲအချိန်စ၍ ယနေ့ နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ယင်းကဲ့သို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဟု အမည်မဖော်လိုသည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အလောင်းတွေကို တေဘာကားပေါ်တင်တယ်။ အလောင်းတွေကို အာလိန်ငါးဆင့်ကျောင်းတိုက်ကနေ ထုတ်သွားတာ။ စုစုပေါင်း အလောင်း ၂၀ လောက်ရှိတယ်။ စကခ ၅

Continue Reading
ဖမ်းဆီးထားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကမ်းခြေစောင့်တပ်က ပြန်လည် လွှဲပြောင်း
သတင်း
1 min read
0

ဖမ်းဆီးထားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကမ်းခြေစောင့်တပ်က ပြန်လည် လွှဲပြောင်း

နိုဝင်ဘာ ၈ - ၂၀၂၄
0

အာရက္ခတပ်တော် AA က ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း TTN သတင်းဌာနတွင် ဖော်ပြထားသည်။ ရခိုင်ပြည် ပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးကို ငါးဖမ်းလှေများနှင့်အတူ AA ၏ ကမ်းခြေစောင့်တပ်သားများ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအခြေစိုက် TTN သတင်းဌာနတွင် ဖော်ပြသည်။ ငါးဖမ်းနေစဉ် ဘင်္ဂလား-မြန်မာနယ်စပ်

Continue Reading