စစ်တွေမှာ စက်ရုံစုရဲကင်းစခန်းကို အုတ်တံတိုင်းများဖြင့်ကာရံ
ရခိုင်ပြည် စစ်တွေမြို့တွင် စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းကို ပြီးခဲ့သည့် သီတင်းပတ်ကစ၍ အုတ်တံတိုင်းများဖြင့် ကာရံနေပြီး စခန်းအတွင်း ကတုတ်ကျင်းများ ပတ်ပတ်လည်တူးဖော်ထားကြောင်း မြို့ခံများကပြောကြသည်။ စက်ရုံစုရပ်ကွက် ရဲကင်းစခန်း၏ အကာအရံမှာ အောက်ခြေအုတ်မြစ်ချ ပြီးစီးသည့် အနေအထားဖြစ်နေပြီဟု အမည်မဖော်လိုသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့ အပတ်ကနေစပြီး သူတို့ တံတိုင်းလုပ်နေကြတာ။ စခန်းပတ်လည်ပဲ။ အခု အုတ်မြစ်ချပြီးစီးတဲ့ အနေအထားဖြစ်နေပြီ။ ဒါကတော့ သူတို့လုံခြုံရေးအတွက် လုပ်နေတာမျိုးပဲပေါ့” ဟု ဆိုသည်။ ရဲကင်းစခန်းမှာ စက်ရုံစုရပ်ကွက် မီးလောင်ပြင်ကွင်းတွင် တည်ရှိပြီး အဆိုပါကွင်းပြင်တွင် လူနေအိမ်များ ထောင်နှင့်ချီရှိသည်။ ရဲကင်းစခန်းအား အုတ်တံတိုင်းကာရံနိုင်ရန်အတွက် စခန်းနောက်ဘက်ရှိ လူနေအိမ် ၄၀ ကျော်ကို အတင်းအဓမ္မ ဖြိုဖျက်ဖယ်ရှားခဲ့ကြောင်း ရပ်ကွက်သူရပ်သွားများက
အမ်းမြို့ထဲမှာ အရပ်သား ၃,၀၀၀ ကျော် ပိတ်မိနေ
နေ့စဉ်တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် အမ်းမြို့ထဲမှာ နောက်ဆုံးသတင်းအချက်အလက်အရ ပိတ်မိနေသော အရပ်သားပြည်သူ ၃,၀၀၀ ကျော်ရှိကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ပြီးခဲ့သည့်လက စာအရင်းအရ အမ်းမြို့ထဲမှာ အရပ်သား ၁,၀၀၀ ကျော် ပိတ်မိနေကြောင်း ပြောဆိုခဲ့သော်လည်း ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးသတင်းအရ ပိတ်မိနေသူ ၃,၀၀၀ ကျော်ရှိကြောင်း အခိုင်အမာပြောဆိုကြသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အမ်းမြို့ထဲမှာ ပိတ်နေတဲ့ အရပ်သား ၃၀၀၀ ကျော်ရှိမယ်ထင်ပါတယ်။ မြို့သစ်ရပ်ကွက်၊ မြို့ဟောင်း၊ လေယာဉ်ကွင်းမှာ ပိတ်မိနေတဲ့ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြပြီး ရပ်ကွက် ၁, ရပ်ကွက် ၂, ရပ်ကွက် ၃ နဲ့ အောက်ရွာဘက်တွေ မှာ
မိုးကုတ်နှင့် နောင်ချိုမြို့ ဗုံးကြဲခံရ၊ အရပ်သား ၃ ဦးသေဆုံးပြီး နေအိမ် ၂၀ နီးပါး ပျက်စီး
ရှမ်းမြောက်က နောင်ချိုမြို့နှင့် မန္တလေးတိုင်းဒေသက မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၃ ဦးသေဆုံးပြီး လူနေအိမ် ၂၀ နီးပါး ပျက်စီးသွားသည်ဟု သိရသည်။ နောင်ချိုမြို့ထဲကို ညနေ ၆ နာရီဝန်းကျင်က ဂျက်ဖိုက်တာကနေ ပေါင် ၃၀၀ ဗုံးများဖြင့် ဗုံးကြဲခဲ့၍ ရဲစခန်း၊ ဈေးရပ်ကွက်နှင့် တောင်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။ ရဲစခန်းနှင့် ဈေးရပ်ကွက်က နေအိမ် ၄ လုံး၊ တောင်ရပ်ကွက်က နေအိမ် ၃ လုံးတို့မှာ ဗုံးကျရောက်ပွဲမှုကြောင့် မီးလောင်ပျက်စီးသွားပြီး လူထိမှန်သေဆုံးမှု မရှိခဲ့ပေ။ ဆက်လက်ပြီး အာဏာသိမ်း