အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုစတင်
(မြန်မာမှာ အိမ်ထောင်ရှိ အမျိုးသမီး ၅ ဦးအနက် ၁ ဦးက လက်တွဲဖော်ထံ ရိုက်နှက်ခံနေရ) ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကမ္ဘာတစ်ဝန်းက အမျိုးသမီးအရေးဆောင်ရွက်ကြသည့် အဖွဲ့များမှာ ၁၆ ရက်တာလှုပ်ရှားမှုကို စတင်ပြုလုပ်နေကြပြီဖြစ်သည်။ ကျား၊ မအခြေပြု အကြမ်းဖက်မှုတိုက်ဖျက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကစတင်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အဆုံးသတ်ကြမည်ဖြစ်သည်။ ” ဒီလှုပ်ရှားမှုဟာ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေအပေါ် အများပြည်သူ သတိထားမိလာစေဖို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပြုလုပ်တဲ့ ကမ်ပိန်းဖြစ်ပါတယ်” ဟု ကုလသမဂ္ဂအဖွဲ့ UN က ပြောဆိုထားသည်။ မြန်မာနိုင်ငံမှာ အိမ်ထောင်ရှိ အမျိုးသမီး
AA ကို တိုက်ခိုက်ရန် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များမှာ တပ်သားစုဆောင်းနေ
အာရက္ခတပ်တော် AA ကို တိုက်ခိုက်နေသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများထဲက တပ်သား ၅၀၀၀ အထိကို စုဆောင်းထားပြီးပြီဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ မွတ်ဆလင်ဒုက္ခသည်စခန်းများသည် မွတ်ဆလင်စစ်သား မွေးထုတ်ပေးရာ နေရာဖြစ်နေကြောင်းနှင့် အချို့မှာ အတင်းအဓမ္မခေါ်ယူခံရပြီး အသက် ၁၃ နှစ်သာ ရှိသေးသော ကလေးငယ်များမှာလည်း တပ်သားအဖြစ် စုဆောင်းခံရကြောင်း ရိုက်တာသတင်းက အတိအလင်းဖော်ပြထားသည်။ ရိုက်တာ၏ သတင်းအစီရင်ခံစာအရ မွတ်ဆလင်လက်နက်ကိုင်များ၏ အဓိက ရန်သူမှာ အာရက္ခတပ်တော် AA ဖြစ်ပြီး မြန်မာစစ်တပ်မဟုတ်ကြောင်းဟု မွတ်ဆလင်တပ်သားတစ်ဦးက ပြောဆိုထားသည်ကို တွေ့ရသည်။ ရိုက်တာသတင်းဌာန သည် ဒုက္ခသည်ကူညီရေးအဖွဲ့အစည်းများ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ အစီရင်ခံစာများကို သုံးသပ်ခဲ့သလို လူ ၁၈ ဦးကိုလည်း
ထိုင်းစစ်တပ်က ဝ တပ်ကို စစ်ကြေညာ၊ ဝ တပ်ကလည်း စစ်ကောင်စီကို တိုင်ကြား
ထိုင်း-မြန်မာနယ်စပ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာတွင် UWSA ဝ တပ်က တပ်စခန်း ၈ ခုထက်မနည်းကို နေရာယူတပ်စွဲထားသည်ဟုဆိုကာ ထိုင်းစစ်တပ်က စွပ်စွဲပြီး စစ်ကြေညာထားကြောင်း သိရသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်တွင် နယ်မြေအငြင်းပွားမှု ဖြစ်နေသော နေရာက ဝ တပ်စခန်းများအနေဖြင့် လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမည်ဟု ထိုင်းစစ်တပ်က ဝ တပ်များကို အမိန့်ပေးထားကြောင်း ထိုင်းသတင်းဌာနကများက ဖော်ပြကြသည်။ ထိုင်းစစ်တပ်က ထိုသို့ အမိန့်ပေးပြီးနောက် UWSA ဝ တပ်နှင့် ထိုင်းတော်ဝင်တပ်တို့မှာ နှစ်ဖက် စစ်ရေးတင်းမာကာ အပြန်အလှန်တိုက်ခိုက်ရန် လက်နက်ကြီးများ၊ အမြောက်တပ်များ အဆင်သင့် ပြင်ဆင်လျှက်ရှိထားကြကြောင်း သိရသည်။
ရခိုင်ပို့မည့် စစ်ကောင်စီတပ်သားများ မကွေးတိုင်းမှာ တိုက်ခိုက်ခံရ
ရခိုင်ပြည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ စစ်ကူသွားသည့် စစ်ကားများကို လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကွေးတိုင်း ငဖဲမြို့နယ်မှာ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးသွားကြောင်း သိရသည်။ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတွင် နပခ ပို့မည့် စစ်ယာဉ်တန်းများကို အရှိုချင်းတပ် CDF-Asho တပ်ဖွဲ့က နိုဝင်ဘာလ ၂၅ ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက “နံနက်အစောပိုင်း ၄ နာရီ ၁၅ မိနစ်ခန့်မှာ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်း၌ တပ်စွဲထားတဲ့ အင်အား ၂၀ ကျော်ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ မင်းဘူးမြို့ဘက်မှ
စစ်တွေမြို့မှာ ALP တရားစီရင်ရေး ကန့်သတ်ခံရ
ရခိုင်ပြည် မြို့တော် စစ်တွေမြို့အခြေစိုက် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ စစ်တွေမြို့တရားစီရင်ရေး ကန့်သတ်ခံထားရကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သိရသည်။ ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသော ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ပြည်နယ်မြို့တော် စစ်တွေမြို့မှာ အခြေစိုက်ကာ မြို့၏တရားစီရင်ရေး အချို့ကို တာဝန်ယူဖြေရှင်းပေးနေသည်။ အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ၂၀၂၃ တကျော့ပြန်တိုက်ပွဲစတင်ပြီးကတည်းက ရခိုင်ပြည်မြို့တော် စစ်တွေမြို့၏ စစ်ကောင်စီ တရားစီရင်ရေးမှာ ယိုယွင်းပျက်စီးလာသည်။ စစ်တွေမြို့အနီးက ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့တို့ကို AA သိမ်းပိုက်ပြီးနောက် မြို့တော်အတွင်း ဝန်ထမ်းအင်အား လျော့နည်းလာခြင်းနှင့် ပြည်သူများ၏ ယုံကြည်မှုနည်းပါးခြင်းတို့ကြောင့် စစ်ကောင်စီ တရားစီရင်ရေးမှာ လုံးဝ