မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် ICC ရှေ့နေချုပ်က ဖမ်းဝရမ်းလျှောက်ထား
မွတ်ဆလင်များ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရှေ့နေချုပ်က ဖမ်းဝရမ်းလျှောက်ထားလိုက်ပြီး လပိုင်းအတွင်း ဖမ်းဆီးရန် ဝရမ်းထွက်ရှိလာနိုင်သည်ဟု သိရသည်။ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် လျှောက်ထားလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်း ထုတ်ပြန်ထားသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်အတွင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များ
ပလက်ဝဒေသမှာ အာရက္ခပညာရေးစနစ် ဖော်ဆောင်ရန် ULA/AA ပြင်ဆင်နေဟု ဒေသခံများပြော
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ထိန်းချုပ်ထားသော ပလက်ဝဒေသမှာ အာရက္ခပညာရေးစနစ် ဖော်ဆောင်ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် သင်ကြားနိုင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်စကားကို အခြေခံသော သင်ရိုးညွှန်းတန်းကို ရေးဆွဲနေပြီး ရခိုင်သမိုင်း၊ ယာဉ်ကျေးမှုများကို သင်ကြားရန် ပါဝင်ကြောင်းလည်း ပလက်ဝဒေသခံများက ပြောဆိုကြသည်။ အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက “အာရက္ခပညာရေးစနစ်က သင်ရိုးရေးဆွဲနေတာ ကြာပါပြီ၊ ဒီနှစ်မှာ အကုန်လုံး ပြီးမယ်လို့ ပြောနေကြတယ်။ ပုံနှိပ်တာတောင် ပြီးမယ်လို့ ပြောတယ်။ ရခိုင်စကား၊ ရခိုင်စာပေကို အခြေခံထားတယ်လို့ သိရပါတယ်။ သင်ရိုးကိုတော့ ကျနော်လည်း မမြင်ဖူးသေးပါ” ဟု ပြောသည်။ အာရက္ခပညာရေးစနစ် ဖော်ဆောင်နေခြင်းမှာ ပလက်ဝဒေသတစ်ခုတည်းမဟုတ်ဘဲ ULA/AA ထိန်းချုပ်ရာဒေသများ အားလုံးအတွက်
လွိုင်ကော်လာသော စစ်ကြောင်းကို ကရင်နီတပ်များတိုက်ခိုက်
ကရင်နီပြည် (ကယား) လွိုင်ကော်မြို့အနီးကို လာသော စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကာ ၆ ဦးအရှင်ဖမ်းမိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့မှတစ်ဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်ဖြင့် ချီတက်လာသော စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး လက်နက် ၂၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဖုန်းနိုင်နှင့် ကရင်နီစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။ “မိုးဗြဲမြို့၊ ကုန်းသာရွာတိုက်ပွဲမှာ ၅ ယောက်အရှင်မိတယ်၊ လက်နက် ၂၂ လက်ရပါတယ်။ ကျနော်တို့ သိမ်းဆည်းရရှိတာလောက်ပဲ သိရသေးတယ်။ တိုက်ပွဲက ၂၅ ၊
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ရခိုင်မှာ နိုဝင်ဘာလအတွင်း ၂၀ ဦး သေဆုံး
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ သေနတ်ပစ်ခတ်မှုတို့ကြောင့် ရခိုင်ပြည်မှာ ယခု နိုဝင်ဘာလအတွင်း သေဆုံးသူ ၂၀ ဦးအထိရှိကြောင်းကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောသည်။ နိုဝင်ဘာလ ၁ ရက်ကနေ ၂၆ ရက်နေ့အထိ AAPP က စာရင်းကောက်ယူထားပြီး သေဆုံးသူများထဲတွင် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၁ ဦးပါဝင်ကြောင်းနှင့် ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေး ၆ ဦးပါဝင်ကြောင်း သိရသည်။ သေဆုံးသူ ၂၀ ဦးထဲက ၁၉ ဦးမှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသလို ကျန်
အစိုးရအဖွဲ့ဝင်များအားလုံး မြန်မာပြည် ပြန်ကြရန် NUG သမ္မတပြော
အဝေးရောက်အစိုးရ မဖြစ်စေရန် ပြည်ပရောက်ရှိနေကြသော NUG အစိုးရအဖွဲ့ဝင်များအားလုံး မြန်မာပြည်ထဲသို့ ပြန်သွားကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစိုးရအဖွဲ့ ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း ယာယီသမ္မတ ဒူဝါလရှီးလက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “သတိချပ်ဖို့ လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို့ အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံး အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်” ဟု ပြောသည်။