စစ်ကောင်စီက သံတွဲနှင့် ဘူးသီးတောင်ကို လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက သံတွဲနှင့် ဘူးသီးတောင်ကို လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၁ - ၂၀၂၄
0

စစ်ကောင်စီလေကြောင်းက ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ သံတွဲနှင့် ဘူးသီးတောင်မြို့တို့မှ ဘုန်းတော်ကြီး တစ်ပါးအပါအဝင် အရပ်သား ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၃နာရီအချိန်ခန့် က စစ်ကောင်စီလေကြောင်းက ဗုံးကြဲချမှုကြောင့် သံတွဲမြို့၊ အမှတ် ၈ရပ်ကွက်ရှိ TMP စက်ရုံနှင့် အံတော်တံတားထိပ်သို့ ပေါင် ၅၀၀ဗုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက Western News ကိုပြောသည်။ အသက် ၃၅ နှစ်အရွယ် သံတွဲ ဒေသခံတစ်ဦးက “စိတ်မနှံတဲ့ အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ် အမျိုးသမီးတစဦးသေဆုံးပါတယ်။ သုံးနေရာလာပြီး ဗုံးလာကြဲချသွားတာပါ။ TMP

Continue Reading
ဝယ်ယူသူနည်းပါး၍ ရခိုင်က မြို ရိုးရာရက်ကန်းလုပ်ငန်းများ ရပ်တန့်ထားရ
စီးပွားရေး သတင်း
0 min read
0

ဝယ်ယူသူနည်းပါး၍ ရခိုင်က မြို ရိုးရာရက်ကန်းလုပ်ငန်းများ ရပ်တန့်ထားရ

နိုဝင်ဘာ ၁၁ - ၂၀၂၄
1

မြိုရိုးရာအဝတ်အထည်များကို ဝယ်ယူသူနည်းပါးလာ၍ ရခိုင်ပြည်အတွင်း မြိုရိုးရာ ရက်ကန်းလုပ်ငန်းများ ရပ်တန့်ထားရကြောင်း မြိုအမျိုးသမီးများထံမှ သိရသည်။ မြိုရိုးရာလက်ရက်ကန်းထည်များကို ဝယ်ယူသူမရှိသလောက် နည်းပါးနေပြီး ရက်ကန်းလုပ်ငန်းများအား ရပ်တန့်ထားသည်ဟု မြောက်ဦးမြို့က မြိုရိုးရာရက်ကန်းထည်များဖန်တီးသူ မြိုအမျိုးသမီးတစ်ဦးက ပြောသည်။ “အဝယ်မရှိတော့ အလုပ်မဖြစ်ပါဘူး။ အထည်တွေ ဒီအတိုင်းပဲ တင်ကျန်နေတယ်။ အရင်ကဆို ဝယ်သူတွေရှိတော့ ရက်ကန်းခတ်တဲ့ သူတွေလည်း အလုပ်ဖြစ်တယ်။ အခုတော့ သူတို့တတွေလည်း အလုပ်လက်မဲ့ဖြစ်နေကြရတယ်” ဟု ပြောသည်။ မြိုရိုးရာ လက်ရက်ကန်းထည်များကို ယခင်က နိုင်ငံခြားသားဧည့်သည်များ၊ တစ်ခြားတိုင်းဒေသပြည်နယ်များမှ လာရောက်ကြသည့် ဧည့်သည်များအပြင် ရခိုင်ပြည် မြို့နယ်အသီးသီးမှ လာရောက်ဝယ်ယူသူများရှိခဲ့ပြီး ရက်မလောက်သည့်အနေအထားဖြင့် ရောင်းအားကောင်းခဲ့ကြောင်း မြိုအမျိုးသမီးများက ဆိုသည်။ လက်ရှိတွင် တိုက်ပွဲအခြေနေများကြောင့် ဒေသတွင်းခရီးသွားဝင်ရောက်မှုမရှိရာမှ ရက်ကန်းထည်များ

Continue Reading
မာန်အောင်မှာ ဆေးဝါးသယ်ယူရေး စစ်ကောင်စီ ကန့်သတ်
ကျန်းမာရေး သတင်း
0 min read
0

မာန်အောင်မှာ ဆေးဝါးသယ်ယူရေး စစ်ကောင်စီ ကန့်သတ်

နိုဝင်ဘာ ၁၁ - ၂၀၂၄
0

(စစ်ကောင်စီ နေဗီက ငါးဖမ်းသမားများကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်နေ) ရခိုင်ပြည် မာန်အောင်မြို့နယ်သို့ စားသောက်ကုန်ပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်ရေးကို အာဏာသိမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက တင်းကျပ်စွာ စစ်ဆေးနေပြီး ဆေးဝါးသယ်ယူခွင့် လုံးဝမပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။ မာန်အောင် ဒေသခံတစ်ဦးက “ဒီလထဲ အရင်ကထက် ပိုပြီး အစစ်အဆေး တင်းကျပ်တယ်။ စစ်ဆေးတာက ကုန်တင်သင်္ဘော အဝင်အထွက်တွေ အဓိက ပါတယ်။ အထုပ်တွေ အကုန်ဖြေချပြီးတော့ကို စစ်တာ။ အရင်ကလည်း စစ်ဆေးတာတွေရှိပေမယ့် အခုလောက်မဆိုးဘူးပေါ့နော်။ ဆေးဝါးဆို လုံးဝယူလို့ မရတော့ဘူး။ ပါလာလို့တွေ့ရင် သူတို့ ယူထားလိုက်ကြတယ်” ဟုပြောသည်။ မာန်အောင်မြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လကစ၍ စစ်ဆေးရေးဂိတ်များနှင့် အင်အားကို

Continue Reading
မင်းအောင်လှိုင်ကို ကြိုဆိုသော အနုပညာရှင်များ
ဓါတ်ပုံသတင်း သတင်း
0 min read
0

မင်းအောင်လှိုင်ကို ကြိုဆိုသော အနုပညာရှင်များ

နိုဝင်ဘာ ၁၀ - ၂၀၂၄
2

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နယ်မှာ နိုဝင်ဘာလ ၆, ၇ ရက်များတွင် ကျင်းပခဲ့သည့် မဲခေါင်အစည်းအဝေးသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်ခေါင်းဆောင်လည်းဖြစ် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော ခေါင်းဆောင်လည်းဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြန်ခရီးကို မြန်မာ့အနုပညာရှင်အချို့က အားရဝမ်းသာစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။ နေ့စဉ် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံက ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်အစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် ပါဝင်သော ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး အပါအဝင် ဂျင်းနီ၊ ယုန်လေးနှင့် ဒိန်းဒေါင်တို့ပါ ကြိုဆိုခဲ့ကြသည်ကို

Continue Reading
AA ထိုးစစ်ကြောင့် တောင်ကုတ် ကိုင်းရှည်တံတားရှိ အထိုင် စစ်ကောင်စီတပ်စခန်းများ တပ်ပြန်ဆုတ်
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ကြောင့် တောင်ကုတ် ကိုင်းရှည်တံတားရှိ အထိုင် စစ်ကောင်စီတပ်စခန်းများ တပ်ပြန်ဆုတ်

နိုဝင်ဘာ ၁၀ - ၂၀၂၄
1

(တံတား နှစ်စင်းလုံးတွင် စစ်ကောင်စီတပ်က မိုင်ထောင်ထားခဲ့) ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကိုင်းရှည်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်နောက်ပြန်ဆုတ်သွားပြီး တံတားများတွင် မိုင်းထောင်ထားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယခုရက်ပိုင်းများတွင် AA ၏ ထိုးစစ်အရှိန်ကြောင့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့က စ၍ တပ်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး မြို့ထဲ တပ်ရင်းများသို့ ပူးပေါင်းသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာ အထိုင်ချပြီးတော့ တပ်စွဲထားတာရှိတယ်။ မနေ့ညကစပြီး မရှိတော့ဘူး။ မြို့ထဲဖက်ကို တပ်ဆုတ်သွားပြီ၊ တစ်ချို့ကတော့ မြို့ထဲက စကခ ၅ နဲ့ ပေါင်းသွားကြတယ်လို့ သိရတယ်။ အခုက AA က

Continue Reading
စစ်ကောင်စီ ဝါဒဖြန့်ချိရေး သင်္ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းရန် ပြင်ဆင်လာ
ပညာရေး သတင်း
1 min read
0

စစ်ကောင်စီ ဝါဒဖြန့်ချိရေး သင်္ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းရန် ပြင်ဆင်လာ

နိုဝင်ဘာ ၁၀ - ၂၀၂၄
2

စစ်တပ်၏ အာဏာရှင်စနစ် ဝါဒဖြန့်ချီရေး သင်ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းသင်ကြားရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က စုံစမ်းဖော်ထုတ်ထားသည်။ ယခု လက်ကျန် စာသင်နှစ် သို့မဟုတ် လာမည့် ပညာသင်နှစ်များမှာ စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေ၊ အခြေခံဥပဒေနှင့် အာဏာရှင်ဆန့်ကျင်သော အင်အားစုများကို ပုံဖျက်ရေးဆွဲထားသည့် အကြမ်းဖက် ဥပဒေစသော ဝါဒဖြန့်ဘာသာရပ်များကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသားများ သင်ယူရဖို့ ရှိနေကြောင်း BACS က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည်နှင့် ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားသော မြို့ကြီးများမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများကို စစ်တပ်၏

Continue Reading
ရခိုင်က ရိုးရာ မက္ကလာ (ခမောက်) ရက် လုပ်ငန်းများ အဆင်မပြေ၊ ဒီဇိုင်းများ ပြောင်းလဲ လုပ်ကိုင်ရန် လိုအပ်နေ
စီးပွားရေး သတင်း
0 min read
0

ရခိုင်က ရိုးရာ မက္ကလာ (ခမောက်) ရက် လုပ်ငန်းများ အဆင်မပြေ၊ ဒီဇိုင်းများ ပြောင်းလဲ လုပ်ကိုင်ရန် လိုအပ်နေ

နိုဝင်ဘာ ၉ - ၂၀၂၄
0

ရခိုင်က ရိုးရာမက္ကလာ (ခမောက်) ရက် လုပ်ငန်းများမှာ ယခုနှစ်အတွင်း ကုန်ကြမ်း ပစ္စည်းများလည်း ဈေးနှုန်း တစ်ဆအထိ မြင့်တက်မှုကြောင့် ရောင်းအား အဆင်မပြေဘဲ ဖြစ်နေကြောင်း ရခိုင်က မက္ကလာရက်လုပ်သူများက ပြောသည်။ ယခုနှစ်တွင် မက္ကလာရက်လုပ်ရန်ကုန်ကြမ်းများ စျေးကြီးသည့်အပြင် မက္ကလာများလည်းရောင်း မထွက်သည့်အတွက် လုပ်ငန်းအဆင်မပြေ ခြင်းဖြစ်သည်ဟု မြောက်ဦးမှ မက္ကလာရက်လုပ်သူ တစ်ဦးကပြောသည်။ “ဒီနှစ် မက္ကလာမှာထည့်သုံးရတဲ့ ပစ္စည်းတစ်ခုချင်းစီကစျေးတက်တယ်။ စျေးတက်ပေမယ့် ပုံမှန်အတိုင်း ရောင်းထွက်ရင်တော့ အဆင်ပြေနိုင်ပါသေးတယ်။ အခုကရောင်း မထွက်ဘူး။ အရင်နှစ်တွေကဆို တစ်ရက်ကို ၁၀ ချပ်လောက်လုပ်တယ်။ ၁၀ ချပ်လုံးရောင်းထွက်တယ်။ တစ်ရက်နေလို့မှ မက္ကလာတစ်ခုမရောင်း ရဘူးဖြစ်နေတယ်။ ” ဟုပြောသည်။ မက္ကလာရက်လုပ်ရာတွင်ထည့်သွင်းအသုံးပြုရသည့် ကြိမ်စျေးမှာ ယခင်နှစ်က

Continue Reading
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝေဖန်မှုဖြင့် ငါးမင်းဆွေ ဖမ်းဆီးခံရ
နိုင်ငံရေး သတင်း
1 min read
0

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝေဖန်မှုဖြင့် ငါးမင်းဆွေ ဖမ်းဆီးခံရ

နိုဝင်ဘာ ၉ - ၂၀၂၄
1

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူမှုကွန်ရက် Facebook မှ Live လွှင့် သရော်မှုဖြင့် ငါးမင်းဆွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၉ ရက်နေ့တွင် ကျိုက်ထိုရဲစခန်းက ငါးမင်းဆွေကို လာရောက်ခေါ်ယူသွားခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း ငါးမင်းဆွေက Live လွှင့်ပြောဆိုသွားသည်။ “ကျနော့်ကို ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်။ လာခေါ်ရတဲ့အကြောင်းအရင်းက ကျနော့်ကို ရန်ကုန်၊လှိုင်မြို့နယ်မှာ ၅၀၅ (က) နဲ့ အမှုဖွင့်”ထားပါတယ်တဲ့။ အဲဒီကိစ္စနဲ့ကျနော့်ကို

Continue Reading
အမ်းမြို့ (နပခ) တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဖမ်းဆီးရမိ
စစ်ရေး သတင်း
1 min read
0

အမ်းမြို့ (နပခ) တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဖမ်းဆီးရမိ

နိုဝင်ဘာ ၉ - ၂၀၂၄
0

View Post တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးအား ဖမ်းဆီး ရရှိကြောင်း ချင်းကာကွယ်ရေးတပ်-အရှို CDF – Asho ထုတ်ပြန်သည်။ အာရက္ခတပ်တော် AA မှ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၄ ဦးအား မကွေးတိုင်းနှင့် ရခိုင်ပြည်စပ်ရှိ CDF – Asho ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း CDF – Asho နိုဝင်ဘာ ၈ ရက်နေ့တွင်က ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က အမ်းမြို့ နပခရှိ

Continue Reading
မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တွေ့ဆုံ
သတင်း
1 min read
0

မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တွေ့ဆုံ

နိုဝင်ဘာ ၈ - ၂၀၂၄
1

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲအား ထောက်ခံပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရေးတို့ကို မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တည်နေရာ အတိအကျ၊ အသေးစိတ်အချက်အလက်များနှင့် အရေအတွက်များကို ရယူလိုကြောင်း မင်းအောင်လှိုင်က ဆက်လက် တောင်းဆိုခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့မှာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပနေသည့် မဲခေါင်ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေကြပြီး သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

Continue Reading