တောင်ကုတ် သင်္ချီကိုင်းရွာ ဗုံးကြဲခံရ၊ ရွာသား ၄ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

တောင်ကုတ် သင်္ချီကိုင်းရွာ ဗုံးကြဲခံရ၊ ရွာသား ၄ ဦးသေဆုံး

နိုဝင်ဘာ ၂၁ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့မှာ တိုက်ပွဲပြင်းထန်နေသော်လည်း စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေ ကျေးရွာ သင်္ချီကိုင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သား ၄ ဦးသေဆုံးသွားကြောင်း သိရသည်။ သင်္ချီကိုင်းကျေးရွာမှာ နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းက ဗုံးကြဲခံရ၍ အရပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။ “သင်္ချီကိုင်းရွာ ဗုံးကြဲခံရလို့ အရပ်သား ၄ ဦးသေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်။ နေအိမ်တွေလည်း မီးလောင်ဆုံးရှုံးသွားတာရှိပါတယ်။ သင်္ချီကိုင်းရွာက အရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့တဲ့ ဒုံရွာနဲ့နီးပါတယ်” ဟု ပြောသည်။ စစ်ကောင်စီ ဗုံးကြောင့် သေဆုံးသွားသည့် သင်္ချီကိုင်းရွာသားများမှာ ကိုရင်ဂို၊ မရွှေရည်ဝင်း၊ မဒေစီမြင့်နှင့် မသန်းသန်းအေး တို့ဖြစ်ကြပြီး အသက်အရွယ်မှာ

Continue Reading
ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးဖမ်းသူများကို အပြစ်ပေးအရေးယူတော့မည်ဟု AA ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးဖမ်းသူများကို အပြစ်ပေးအရေးယူတော့မည်ဟု AA ထုတ်ပြန်

နိုဝင်ဘာ ၂၁ - ၂၀၂၄
0

ရခိုင် (အာရက္ခ) ရေပိုင်နက်အတွင်းသို့ ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာသူ မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားတော့မည်ဟု အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်အသိပေးသည်။ နိုဝင်ဘာလ ၅ ရက်နေ့က မောင်တောဒေသ ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGP လက်ထဲသို့ ပြန်လည်လွှဲပြောင်းပြီးနောက် AA က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ အစီး ၆၀ ခန့်မှာ ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးဖမ်းနေစဉ် AA ကမ်းခြေစောင့်

Continue Reading
တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် မြို့တွင်းတိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ပိတ်မိအရပ်သား အများအပြား ထွက်မရောက်ဖြစ်နေ
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် မြို့တွင်းတိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ပိတ်မိအရပ်သား အများအပြား ထွက်မရောက်ဖြစ်နေ

နိုဝင်ဘာ ၂၀ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လလယ်ကစပြီး တောင်ကုတ်မြို့နယ် နေပူတောင်တိုက်ပွဲ၊ တောင်ကုတ်-သံတွဲကား လမ်းပိုင်းအချို့တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် တောင်ကုတ်မြို့အား AA က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်သည် တောင်ကုတ်တက္ကသိုလ်ထဲ နေရာယူတပ်စွဲခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ နောက်ဆုံးအပတ် AA ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်းမှာ ဆုတ်ခွာပေးလိုက်ရပြီး လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်က AA ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။ “တောင်ကုတ်တက္ကသိုလ်ကို သိမ်းလိုက်တာက ရက်ပိုင်းလောက်ရှိနေပါပြီ။ တိုက်ပွဲက

Continue Reading
ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြော
စီးပွားရေး သတင်း
1 min read
0

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြော

နိုဝင်ဘာ ၂၀ - ၂၀၂၄
1

(ထိုင်းနိုင်ငံသည် အမေရိကန်နှင့်လက်တွဲရန် အဆင်သင့်ရှိနေ) ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က Trump နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ‘ငါလုပ်နိုင်တာမှန်သမျှ မင်းငါ့ကိုပြောပြပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ၀န်ကြီးချုပ် ပေထုန်တန် သည် အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ၎င်း၏ရုံးက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး၏ အုပ်ချုပ်ရေးပိုင်းကို အချင်းချင်း ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။ စက်တင်ဘာလတွင် တက်လာပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သည့် မစ္စ ပေထုန်တန်က ၎င်း၏ နိုင်ငံသည်

Continue Reading
စစ်ကောင်စီ ဗုံးစကြောင့် တောင်ကုတ်က LGBT တစ်ဦး သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ ဗုံးစကြောင့် တောင်ကုတ်က LGBT တစ်ဦး သေဆုံး

နိုဝင်ဘာ ၂၀ - ၂၀၂၄
0

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် တောင်ကုတ်မြို့ထဲကို စစ်ကောင်စီ လေကြောင်းက ဂျက်ဖိုက်တာများဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး နိုဝင်ဘာလ ၁၇ ရက်နေ့က လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ကိုအောင်မြင့်အေး (ခ) မိုးဟေကို ဖြစ်ပြီး အသက် ၄၀ အရွယ်ရှိကြောင်းနှင့် တိုက်ပွဲကြားထဲ ပိတ်မိနေစဉ် ဗုံးစထိမှန်၍ သေဆုံးသွားရခြင်းဖြစ်ကြောင်း မြို့ခံသတင်းရင်းတစ်ဦးက ပြောသည်။ “မနေ့က တောင်ကုတ်မြို့ထဲ အမ်းလမ်းမှာ တိုက်ပွဲဖြစ်ကြတယ်။ အဲဒီလမ်းမှာ KBZ ဘဏ်ရှိတယ်။ တိုက်ပွဲကြောင့် KBZ ဘဏ်လည်း မီးလောင်သွားတယ်။ သူလည်း ဗုံးစထိပြီး သေသွားတယ်။ တိုက်ပွဲဖြစ်တာက နေ့လယ် ၁၂ နာရီလောက် ၂ နာရီကြားမှာလို့ သိရပါတယ်။

Continue Reading
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမရှိဟု တရုတ်ငြင်း
စစ်ရေး သတင်း
1 min read
0

MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမရှိဟု တရုတ်ငြင်း

နိုဝင်ဘာ ၂၀ - ၂၀၂၄
0

ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ငြင်းဆိုလိုက်သည်။ MNDAA ခေါင်းဆောင် ဖုန်တာရွှင်မှာ တရုတ်နိုင်ငံ၌ ဆေးကုသမှု ခံယူနေခြင်းသာဖြစ်ကြောင်းနှင့် ပြန်လည်သက်သာ ကျန်းမာစေရန် လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က ပြောသည်။ Lin Jian က နိုဝင်ဘာလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမရှိကြောင်း ပြောဆိုခဲ့ခြင်းသည်။ “တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့ အရင် လျှောက်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှုခံယူနေပြီး ပြန်လည်သက်သာ ကျန်းမာလာစေဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောခွင့်ရက

Continue Reading
ဂျပန်က ဖက်ဒရယ်ပွဲတော်မှာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ ရိုးရာဝတ်စားဆင်ယင်မှု ဖော်ထုတ်ပြသ
ဓါတ်ပုံသတင်း ရိုးရာယာဉ်ကျေးမှု သတင်း
1 min read
0

ဂျပန်က ဖက်ဒရယ်ပွဲတော်မှာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ ရိုးရာဝတ်စားဆင်ယင်မှု ဖော်ထုတ်ပြသ

နိုဝင်ဘာ ၂၀ - ၂၀၂၄
0

တိုင်းရင်းသားပေါင်းစုံ စုပေါင်းကျင်းပသော တတိယအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် မြန်မာနိုင်ငံက တိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်မှုများနှင့် တိုင်းရင်းအလိုက် ရိုးအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ အဆိုပါ ပွဲတွင် ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများကလည်း ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုများနှင့် ရိုးရာအကအချို့ကို ဖော်ထုတ်ပြသခဲ့ကြောင်း စီစဉ်သူများက ပြောသည်။ ဖက်ဒရယ်ပွဲတော်တွင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ရိုးရာအကအချို့ကို ဖော်ထုတ်ပြသနိုင်ခဲ့သည့်အတွက် မျိုးနွယ်စုအလိုက် ဂုဏ်ပြုဝမ်းမြောက်ကြောင်းနှင့် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) – ANDP ကလည်း ဂုဏ်ယူဝင့်ကြွားကြောင်း ပြောဆိုထားသည်။ ဖက်ဒရယ်ပွဲတော်ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများ ဒီမိုကရေစီအင်အားစုများနှင့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းများတို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် ရိုးရာအစားသောက်များ၊

Continue Reading
မြန်မာနိုင်ငံသားများသည် ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ဖြတ်ကျော်နေရဟု WFP ကိုယ်စားလှယ်သစ်ပြော
နိုင်ငံရေး သတင်း
1 min read
0

မြန်မာနိုင်ငံသားများသည် ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ဖြတ်ကျော်နေရဟု WFP ကိုယ်စားလှယ်သစ်ပြော

နိုဝင်ဘာ ၂၀ - ၂၀၂၄
0

မြန်မာနိုင်ငံအနေဖြင့် ယခင့်ယခင်ထက် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့ရင်ဆိုင်နေရချိန် နိုင်ငံအတွက်အရေးကြီးသော အခိုက်အတန့်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် Mr. Michael Dunford ကို ရာထူးခန့်အပ်လိုက်ကြောင်း သိရသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်သစ် Mr. Dunford မှာ ရန်ကုန်မြို့တွင် ရောက်ရှိတာဝန်ထမ်းနေပြီဟု WFP က ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေပေါင်း ၁၃.၃ သန်း သည် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး လူဦးရေ ၃.၅ သန်းနီးပါးမှာ

Continue Reading
အရှိုချင်းကာကွယ်ရေးတပ် ACDF က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆောင်ရွက်မည်
စစ်ရေး သတင်း
1 min read
0

အရှိုချင်းကာကွယ်ရေးတပ် ACDF က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆောင်ရွက်မည်

နိုဝင်ဘာ ၁၉ - ၂၀၂၄
2

မကွေးတိုင်းဒေသ ဧရာဝတီအနောက်ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF အနေဖြင့် အရှိုချင်းပြည်သူများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။ စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်း စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် အရှိုချင်းလူထုအတွက်လည်း သက်ဆိုင်သူများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ACDF က နိုဝင်ဘာလ ၁၆ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။ အရှိုချင်းကာကွယ်ရေးတပ် ACDF သည် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်ခဲ့ပြီဟု သိရသည်။ ACDF အနေဖြင့် ချမှတ်ထားသော မူဝါဒများအရ စစ်အာဏာရှင် ကျရှုံးရေးအတွက် မည်သည့် တော်လှန်ရေးအင်အားစုများနှင့်မဆို ပူးပေါင်းတော်လှန်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

Continue Reading
AA ထိုးစစ်ကြောင့် ကျောက်ဖြူက တရုတ်စီးပွားရေးကာကွယ်ရန် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း
စစ်ရေး စီးပွားရေး သတင်း
1 min read
0

AA ထိုးစစ်ကြောင့် ကျောက်ဖြူက တရုတ်စီးပွားရေးကာကွယ်ရန် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း

နိုဝင်ဘာ ၁၉ - ၂၀၂၄
0

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်တည်းတွင် AA ထိုးစစ်ကြောင့်ဆိုကာ ကျောက်ဖြူမြို့က တရုတ်စီးပွားရေးများကို ကာကွယ်ရန် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းကြောင်း သိရသည်။ ယခု နိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် တရုတ်တို့ပါဝင်သော လုံခြုံရေးအဖွဲ့ကို ပူးတွဲဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုအဖွဲ့ကို ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းဦးဆောင်ပြီး တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များ၊ တရုတ်နည်းပညာရှင်များလည်း ပါဝင်ကြောင်း သိရသည်။ ကျောက်ဖြူ SEZ နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “ကျောက်ဖြူစီမံကိန်းအတွက် နှစ်ဖက် လုံခြုံရေးအဆင့်မြှင့်နေပြီ။ SEZ ဥက္ကဌ ဗိုလ်ချုပ် ကျော်ရွှေထွန်း

Continue Reading