ပြင်ဦးလွင်က လူနေခွင့်မရှိသော သစ်တောနှင့် ဥယျာဉ်ခြံမြေများကို စစ်ကောင်စီ အရာရှိများ ရောင်းစားနေ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက်၍ ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေကြောင်း ပြင်ဦးလွင်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များက ပြောဆိုကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်ပိုင်း တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့် အရာရှိများနှင့် ဇနီးများက ပြင်ဦးလွင် အိမ်ခြံမြေစျေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး အမိန့်အာဏာဖြင့် မြေကွက်အရောင်းအဝယ်များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာကြ သိရသည်။ အထူးသဖြင့် လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက်ရိုက်၍ အုပ်ချုပ်ရေးအဖွဲ့များထံမှ စာရွက်စာတမ်းရယူကာ မြေကွက်များကို ရောင်းချလာကြခြင်းဖြစ်သည်။ ပြင်ဦးလွင်တွင် စစ်တပ်အရာရှိများစွာ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ကြသည့်အနက်မှ ဗိုလ်မှူး သန်းထွေးဖြူ၊ ဗိုလ်မှူး
ဗိုလ်လောင်းများကျဆုံးမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား AA ပြုလုပ်
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကျဆုံးခဲ့သူများအတွက် ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို အာရက္ခတပ်တော် AA က အကျဉ်းရုံး ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကုန်ခဲ့ပြီးသော ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာစစ်တပ်က ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးများဖြင့် လစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာသင်ယူနေသည့် အာရက္ခတပ်တော်မှ ဗိုလ်လောင်း ၈ ဦးအပါအဝင် အခြားသောတိုင်းရင်းတော်လှန်ရေး တပ်ဖွဲ့များက ဗိုလ်လောင်းများ စုစုပေါင်းဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရသည်။ ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၂၃ ဦးထဲတွင် တအောင်းတပ်မတော် TNLA မှ
ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်း အရပ်သား ၇၄၉ ဦး ဖမ်းဆီးခံထားရ
(ရခိုင်ပြည်အတွင်း စစ်ရှောင် ၅၅၀,၀၀၀ ကျော် အစာအဟာရ အရေးတကြီးလိုအပ်) ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ မှ ၂၀၂၄ နိုဝင်ဘာ ၁၃ အထိ တစ်နှစ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၇၄၉ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်များက ဖမ်းဆီးထားကြောင်း HDCO က ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် ULA/AA ၏ HDCO မှ ယနေ့ ထုတ်ပြန်သော “ရက္ခိုင်ပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာ” တွင် ပြောဆိုထားခြင်းဖြစ်သည်။ စစ်ကောင်စီတပ် (မြန်မာစစ်တပ်) က ဖမ်းဆီးထားသည့်
စစ်ကောင်စီ ဗုံးကြဲ၍ ကွတ်ခိုင်မြို့မှာ ကလေး အပါအဝင် ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ
ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသ ကွတ်ခိုင်မြို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညဉ့် ၁၂ နာရီခန့်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ဦးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၃ ဦးမှာ ထိခိုက်ဒဏ်ရာရကြောင်းနှင့် နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ချင်းညီနောင်၊ အညာညီနောင်တို့နှင့် ပူးပေါင်းတိုက်နေသည့် ပုလဲမြို့သိမ်းတိုက်ပွဲ ဗမာတပ် BNRA ဆုတ်ခွာပေးလိုက်ရ
စစ်ကိုင်းတိုင်းဒေသ ပုလဲမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့ဝင်များ၊ အညာညီနောင်တပ်ဖွဲ့များနှင့်အတူ ပူးတိုက်ခိုက်နေသည့် ဦးဆောင်တပ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပုလဲမြို့ထဲက ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။ ပုလဲမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီးနောက် ၄၈ နာရီအကြာတွင် ပုလဲမြို့ပေါ်က စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း BNRA က ဆိုသည်။ စစ်ကောင်စီလက်အောက်ခံ နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ ၇၀ ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏
နောင်ချိုတိုက်ပွဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးသေဆုံး
ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအောင်းတပ် TNLA တို့ နိုဝင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က တပ်ရင်းမှူးအဆင့်ရှိသူနှင့် ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ နောင်ချိုမြို့ တောင်ခမ်းအမြောက်တပ်စခန်း ၃၅၄ နှင့် ၉၀၂ တပ်စခန်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ ၁၁ က ခမရ ၂၁၃ တပ်ရင်းမှူး အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူများနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီ လက်နဲခဲယမ်းများအနှင့်အတူ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း အရှင်းဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA က ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ
မင်းပြားမှာ လူပေါင်းရာနှင့်ချီ ငှက်ဖျားရောဂါဖြစ်ပွားနေပြီး သေဆုံးသူ ၅ ဦးအထိရှိလာ
အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည် မင်းပြားမြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ကျော်က လူပေါင်း ရာနှင့်ချီ ငှက်ဖျားရောဂါ ခံစားနေရပြီး သေဆုံးသူ ၅ ဦးအထိ တိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် ငှက်ဖျားရောဂါ ကူးစက်နေသူ ၁၅၀ ကျော်ရှိပြီး ယခု နိုဝင်ဘာလတွင်လည်း ၃ ဒါဇင်ထက်မနည်း တိုးလာကြောင်း ရွာသားများက ပြောပြကြသည်။ ငှက်ဖျားရောဂါ ဝေဒနာခံစားနေကြရသည့် ရာနှင့်ချီသော ဒေသခံများမှာ ကျီးမချေ၊ ကျီးမကြီး၊ င/လင်ကြီး၊ နတ်ထောက်၊ ခွီးချီးမြောင်၊ ဇိုင်ချောင်း၊ ပန်းမြောင်း၊ ထိန်ပင်၊ ရွှီတောင်၊ အညှင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဒိုင်းသား၊ ဝါးတောင်၊ မြင်းကဆိပ်၊
AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ညွှန်ကြား
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့် မြို့နယ်များသို့ စက်သုံးလောင်စာဆီနှင့် ဆေးဝါးများ ရောက်ရှိခြင်း မရှိစေရေး စစ်ကောင်စီက ပြည်နယ်အား အထူးညွှန်ကြားထားကြောင်း စုံစမ်း သိရသည်။ အဆိုပါ ဒေသများသို့ စက်သုံးလောင်စာဆီများ လုံး၀ ရောက်ရှိခြင်းမရှိစေရေး ဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို စစ်ကောင်စီက စည်းကမ်းချက်နှင့်အမိန့်များ ချမှတ်ပြီး အထူးတင်းကြပ်မှုများ လုပ်ဆောင်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဆီကိုယ်စားလှယ်များက ပြောသည်။ ရခိုင်က အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက “အခုက ဘာမှ သယ်ဆောင်ခွင့်တွေ မပေးတော့တာပါ။ စစ်တွေနဲ့ ကျောက်ဖြူက လေကြောင်းလိုင်းတွေ ရှိတယ်။ အဲ့ဒါကလည်း သယ်ဆောင်ခွင့်မပေးတော့ဘူး။ အထူးသဖြင့် ရေကြောင်းက လုံးဝ သယ်ဆောင်ခွင့် မပေးတော့ပါ။ တစ်လောကတောင် ပစ္စည်းတွေ
ရေဦး-တန့်ဆည်ဖက် က ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့
စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ကျေးရွာ ၅ ရွာကို ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးက ပြောသည်။ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်စတင်ပြီး ရေဦးမြို့နယ် မြောက်ခြမ်းရှိ ရွာဗုကြီးနှင့် ဆီဆုံရွာတို့၌ တပ်စွဲထားသော အင်အား ၁၈၀ ခန့်ပါ စစ်ကြောင်းသည် ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ၊ ကလဇင်ရွာ၊ မုံတိုင်ပင်ရွာနှင့် ဆီဆုံရွာတို့ကို ဝင်ရောက် မီးရှို့နေခြင်း ဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ရှိ
ဖားကန့်မှာ KIA, PDF, NUG ထောက်ခံပွဲပြုလုပ်
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖားကန့်ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် KIA၊ PDF၊ NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒပြပြည်သူများက “လူထုနဲ့စတဲ့ တော်လှန်ရေး လုထုဆန္ဒနဲ့အဆုံးသတ်”၊ “လာပါ ငါတို့အတူတူရုန်းမယ် ”၊ “ စစ် အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “ စစ်ခွေးတွေကို အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” စသည့် ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။ ထို့ပြင် နိုဝင်ဘာလ ၁၅ ရက်နေ့က ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ KBC ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ သေဆုံးသွားသော အပြစ်မဲ့ ကလေးငယ်များနှင့် ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ကြကြောင်း သိရသည်။