Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်း ချိုးဖောက်မှုဖြင့် အီးယူက အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်
အမေရိကန် စီးပွားရေးလုပ်ငန်းစု Meta ကုမ္ပဏီပိုင် Facebook ကို စည်းကမ်းချိုးဖောက်မှုဖြင့် ဥရောပသမဂ္ဂ EU က အမေရိကန် ဒေါ်လာ ၈၄၆ သန်းဒဏ်ရိုက်ခဲ့ကြောင်း အဲလ်ဂျာဇီးယား သတင်းဌာန ကဖော်ပြသည်။ မက်တာ (Meta)၏ အွန်လိုင်းရောင်းဝယ်ရေးဝန်ဆောင်မှု ပလက်ဖောင်း Facebook Marketplace သည် ဥရောပသမဂ္ဂ၏ ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့မှုကြောင့် ယူရိုငွေ ၇၉၇ဒသမ ၇၂ သန်း (အမေရိကုန် ဒေါ်လာ ၈၄၆သန်း) ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ချခဲ့ခြင်း ဖြစ်သည်။ Facebook Marketplace သည် လူမှုကွန်ရက် ကိုအသုံးချပြီး ဈေးကွက်ကို မညီမျှမှုဖြစ်မှုအပြင် အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းရောင်းချသူတွေကြား မတရားသဖြင့် ကုန်သွယ်မှုဖြစ်စေမှုကြောင့် ယင်းကဲ့သို့
နှစ်ဖက်သဘောညီမှုများအပေါ် လိုက်နာရန် ချင်းလဲန်းကောင်စီကို ချင်းညီနောင်တိုက်တွန်း
ချင်းညီနောင်တပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ချင်းညီနောင်စစ်ဆင်ရေးကို နှောက်ယှက်နေသည်ဟုဆိုကာ ချင်းလဲန်းကောင်စီအနေဖြင့် နှစ်ဖက်သဘောတူညီချက်များအပေါ် လိုက်နာဆောင်ရွက်ရန် ချင်းညီနောင်တပ်ဖွဲ့က တိုက်တွန်းနေသည်။ ချင်းပြည်စည်းလုံးရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်လိုလားပါက ချင်းလဲန်းကောင်စီအနေဖြင့် နှောက်ယှက်ကျူးလွန်မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် ဆက်လက် ကျူးလွန်နေပါက ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်း သွေးထွက်သံယိုဖြစ်ကြမည်ဟု သတိပေးထုတ်ပြန်ချက်ကို ချင်းညီနောင်တပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ချက်တွင် CNA/CNF ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ဖွဲ့များသည် ချင်းညီနောင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများသို့ ကျူးကျော်လာခြင်း၊ ကင်းထောက်လှမ်းခြင်း၊ ပြည်သူလူထု၏ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ခြင်း စသည်တို့ကို လုပ်ဆောင်သည်ဟု ဖော်ပြထားသည်။ ထိုကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေက ချင်းညီနောင်အဖွဲ့ဝင် မရာတပ် MDF နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များကြား
ဂွနှင့် တောင်ကုတ်မှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ အရပ်သား ၁၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
(ဂွမြို့နယ် ဂျိုင်ကောက်တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဖောက်ခွဲဖျက်ဆီးပြီး ထွက်ပြေး) (ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရှုရန် – ဝင်ကြည့်ရန် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့က ရခိုင်ပြည် ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က ရွာထဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။
Like and Share မလုပ်ခင် သတိ
သတင်းမှားတွေ လုပ်ကြံသတင်းတွေက ဆိုရှယ်မီဒီယာမှာ မြန်မြန်ဆန်ဆန်ပဲ ပြန့်နှံ့တတ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ကြီးတဲ့ သတင်းမှားနဲ့ လုပ်ကြံသတင်းအကြောင်းအရာတွေကို ကိုယ်ပါဝင် မျှဝေသူမဖြစ်စေဖို့ Like and Share တွေ မလုပ်ခင်တိုင်းမှာ သေချာ သတိထား စဥ်းစားပါ။
မင်းအောင်လှိုင် သွားကြိုသည့် သရုပ်ဆောင် ရန်အောင် မိုင်းခွဲတိုက်ခိုက်ခံရ
နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်တွင် သွားကြိုခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ရန်အောင်နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် ဖောက်ခွဲ သတိပေးခဲ့ကြောင်း Dark Shadow ထံမှ သိရသည်။ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ဘောက်ထော် မြရတနာလမ်းရှိ ရန်အောင်၏ နေအိမ်ကို ယနေ့ နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် သတိပေး မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ ရဲဘော်ပန်ဒါက ပြောသည်။ ရုပ်ရှင်သရုပ်ဆောင် ရန်အောင်သည် အနုပညာရှင် အမည်ခံသမားတစ်ဦးဖြစ်ကြောင်းနှင့် အာဏာသိမ်းစစ်အုပ်အား ထောက်ခံအားပေးသူဖြစ်သည့်အတွက် ပထမဆုံးအကြိမ် သတိပေးခြင်းဖြစ်သည်ဟု ရဲဘော်ပန်ဒါက ဆိုသည်။ “စစ်တပ်နှင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးထားခြင်းမရှိကြောင်း AA ပြောခွင့်ရ တုန့်ပြန်
ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် နတ်မြစ်အတွင်း သွားလာနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးသွားသည့်သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက တုန့်ပြန်သည်။ ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်အတွင်း နတ်မြစ်ကိုဖြတ်ကျော်ပြီး စိန့်မာတင်ကျွန်းသို့ မောင်းနှင်သွားလာနေသည့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော သင်္ဘောနှစ်စင်းနှင့်အတူ သင်္ဘောပေါ်ပါရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို AA ဖမ်းသွားသည်ဟု သတင်းရေးသားနေကြသည်။ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းကို ကိုးကားပြီး RFA Burmese သတင်းဌာနကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို AA ဖမ်းဆီးသွားသည်ဟု နိုဝင်ဘာလ ၁၃ ရက်နေ့တွင်
ပုလဲမြို့သိမ်းတိုက်ပွဲ ဗိုလ်နဂါးတပ် ဆင်နွှဲ၊ AA ပါဝင်သည်ဟု သတင်းမှားများ မလွှင့်ရန် မေတ္တာရပ်ခံ
(စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်အထိ တိုးလာ၊ အရေးပေါ်အကူအညီများလိုအပ်) စစ်ကိုင်းတိုင်းဒေသ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် တော်လှန်ရေးတပ်ပေါင်းစုက ဆင်နွှဲနေပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ကစ၍ မြို့ထဲဝင်ရောက် စီးနင်းတိုက်ခိုက်နေကြောင်း သိရသည်။ ပုလဲမြို့ထဲက ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို နံနက် ၄ နာရီအချိန်တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဖက်ကလည်း တိုက်ခိုက်ရေးလေယာဉ်များဖြင့် ပုလဲမြို့ပေါ်နှင့် အနီးအနားကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်။ နိုဝင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခွဲအချိန်က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိပြီး မြို့ထဲပိတ်မိနေသူအများအပြားရှိကြောင်း သိရသည်။ မြို့ထဲ ပိတ်မိနေသူများအပါအဝင် မြကုန်း၊ အေးကုန်း၊ သာယာကုန်း၊
ရခိုင်က တံတား ၂၈ စင်းကို စစ်ကောင်စီ ဖျက်ဆီး
ရခိုင်တိုက်ပွဲ ၂၀၂၃ နိုဝင်ဘာ ၁၃ မှ ၂၀၂၄ နိုဝင်ဘာ ၁၃ တစ်နှစ်အတွင်း အများပြည်သူအသုံးပြုရာ အဓိက အရေးကြီးဆက်သွယ်ရေးတံတား ၂၈ စင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးသွားကြောင်း AA က ထုတ်ပြန်ထားသည်။ စစ်ကောင်စီမှာ အဆိုပါ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လက်နက်ကြီးပစ်ခတ် ဖျက်ဆီးခြင်းနှင့် လေကြောင်းတိုက်ခိုက်ပြီး ဖျက်ဆီးသွားခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ တံတားများမှာ အများပြည်သူအသုံးပြု၍ လုံးဝ မရရှိတော့ကြောင်း သိရသည်။ မောင်တောမြို့နယ်က တံတား ၉ စင်း၊ သံတွဲမြို့နယ်က တံတား ၇ စင်း၊ တောင်ကုတ်မြို့နယ်က တံတား ၅ စင်း၊ ဘူးသီးတောင်မြို့နယ်က တံတား ၂ စင်း၊
ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ၍ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်ခရီးသွား ၅ ဦးမှာ တရားဝင် ပါ့စ်ပို့နှင့် ဗီဇာများရှိနေပြီး ထိုင်းနိုင်ငံ ပတ္တရာကမ်းခြေကို သွားရန် စီစဉ်ခဲ့သော်လည်း မဲဆောက်နယ်စပ်သို့ လူကုန်ကူးခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ၎င်းတို့ ၅ ဦးနှင့် လူကုန်ကူးသူများကို တက်ခ်-မဲဆောက် လမ်းပေါ်ရှိ Haui Hin လုံခြုံရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် တရုတ်ခရီးသွားများမှာ လမ်းကြောင်းပြောင်းသွားသည်ကို သိလိုက်သောအခါ တုန်လှုပ်ခြောက်ခြားသွားကြောင်း တရုတ်စကားပြန်ထံမှ သိရသည်။ “တရုတ်လူမျိုး ၅ ဦးဟာ ပတ္တရားကမ်းခြေကို ခရီးသွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ
ပြည်ပရောက် နိုင်ငံသားများကို ပြန်ခေါ်ပြီး စစ်မှုထမ်းရန် စစ်ကောင်စီ ပြင်ဆင်နေ
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများကို အေဂျင်စီများမှတစ်ဆင့် ပြန်လည်ခေါ်ယူပြီး စစ်မှုထမ်းခိုင်းရန် အာဏာသိမ်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပြင်ဆင်နေကြောင်း သိရသည်။ ၃ နှစ်ပြည့်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အေဂျင်စီများက ခေါ်ပေးရမည်ဖြစ်ပြီး တာဝန်ယူမခေါ်ပေးနိုင်သော အေဂျင်စီများကို အမည်ပျက်စာရင်းသွင်းကာ လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်အကျပ်ကိုင်နေသည်။ ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး ပြန်လာပြီး စစ်မှုထမ်းရေး မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ၏ ညွှန်ကြားသည့်စာမှာ ယခုရက်ပိုင်းအတွင်း အလုပ်သမားအေဂျင်စီများသို့ တရားဝင် ရောက်ရှိလာခြင်းဖြစ်သည်။ အမည်မဖော်လိုသည့် အေဂျင်စီတစ်ခုက “ခေါ်ပေးတာက ခေါ်ပေးလို့ ရမယ့် မလာတဲ့သူတွေကို ဘယ်လိုမှ အတင်းခေါ်ပေးလို့ မရနိုင်ဘူး။ ကျမတို့အတွက် တော်တော်လေး လုပ်ရကိုင်ရ ကျပ်သွားမှာ။