ဂွမြို့နယ်ကို AA သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ
စစ်ရေး သတင်း
1 min read
0

ဂွမြို့နယ်ကို AA သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ

ဒီဇင်ဘာ ၃၁ - ၂၀၂၄
0

စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်အားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ် လိုက်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ပြောဆိုလိုက်သည်။ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ပြီး ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လိုက်လံ ရှင်းလင်းနေကြောင်း ပြောခွင့်ရ ဦးခိုင်သုခ က ပြောသည်။ “ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့ အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်”ဟုပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဧရာဝတီတိုင်း၊ ကမ်းသာယာ ကမ်းခြေအနီး ရေပြင်ထက်မှ ရေကြောင်းပစ်ကူမှုများ ဆက်လက်

Continue Reading
ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းနား
ဓါတ်ပုံသတင်း နိုင်ငံရေး သတင်း
1 min read
0

ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းနား

ဒီဇင်ဘာ ၃၁ - ၂၀၂၄
0

နှစ်ပေါင်း ၂၄၀ မြောက်ဖြစ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ အထိမ်းအမှတ်အဖြစ် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး PYA က ကြီးမှူးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားကို ULA/AA အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရခိုင်တိုင်းရင်းသား၊ ရခိုင်လူငယ်တိုင်းသည် ဒီဇင်ဘာလ ၃၁ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ဆိုသည်ကို မမေ့စေရန်နှင့် သမိုင်းအမှန်အား သိရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု PYA က ပြောဆိုထားသည်။

Continue Reading
ထိုင်းရေလုပ်သားများကို မြန်မာစစ်တပ် ပစ်ခတ်မှု ထိုင်းအစိုးရ ကန့်ကွက်
စီးပွားရေး နိုင်ငံရေး သတင်း
1 min read
0

ထိုင်းရေလုပ်သားများကို မြန်မာစစ်တပ် ပစ်ခတ်မှု ထိုင်းအစိုးရ ကန့်ကွက်

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

(မြန်မာစစ်တပ်က ထိုင်းရေလုပ်သား ၃၁ ဦးကို ဖမ်းဆီးထား) ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေသော ထိုင်းငါးဖမ်းစက်လှေ ၃ စီးကို မြန်မာစစ်သင်္ဘောများက ပစ်ခတ်ဖမ်းဆီး၍ ထိုင်းရေလုပ်သား ၁ ဦးသေဆုံးပြီး ၃၁ ဦးမှာ ဖမ်းဆီးခံထားရကြောင်း ထိုင်းသတင်းဌာန The Nation က ဖော်ပြသည်။ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်စောစောပိုင်း ထိုင်းရေပိုင်နက်အတွင်း သွားလာနေသော ထိုင်းငါးဖမ်းစက်လှေ ၃ စီးကို မြန်မာစစ်သင်္ဘောများက ပစ်ခတ်ဖမ်းဆီးသွားသည်ဟု သိရသည်။ လတ်တလော သတင်းများအရ မြန်မာစစ်တပ်က ထိုင်းငါးဖမ်းစက်လှေ နှစ်စင်းကို မြန်မာရေပိုင်နက်အတွင်းသို့ ဖမ်းဆီးသွားပြီး သင်္ဘောသား နှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းကဖော်ပြသည်။ ယနေ့ နံနက် ၃

Continue Reading
ရခိုင်အရေးကို သတိရှိရှိဖြင့် ဖြေရှင်းရန် ICC ကို တရုတ်ပြော
နိုင်ငံရေး သတင်း
1 min read
0

ရခိုင်အရေးကို သတိရှိရှိဖြင့် ဖြေရှင်းရန် ICC ကို တရုတ်ပြော

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က မွတ်ဆလင်နှင့်ပတ်သက်ပြီး ရခိုင်ပြည်အရေးကို ဖြေရှင်းရာတွင် သတိရှိရှိဖြင့် ဖြေရှင်းရန် တရုတ်အစိုးရက ပြောသည်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ မော်နင်း (Mao Ning) က နိုဝင်ဘာလ ၂၈ ရက် ပေကျင်းမြို့မှာ ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်အရေးကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ရှုတ်ထွေးလှသည့် ရခိုင်ပြည်အရေးကို ဖြေရှင်းရာမှာ သတိနှင့်ဖြေရှင်းရမည်ဖြစ်သလို အပြုသဘောဆောင်သည့် အခန်းကဏ္ဍကနေ တရုတ်က ပါဝင်ဆောင်ရွက်မည်ဟု မော်နင်းက ဆိုသည်။ “ရခိုင်အရေးမှာ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းတွေ၊ လူမျိုးရေးနဲ့ ဘာသာရေးနောက်ခံတွေ ရှိပြီး ဘက်ပေါင်းစုံက ချဉ်းကပ်ပြီး သတိရှိရှိ ဖြေရှင်းဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်း

Continue Reading
ပုသိမ်သို့ပြောင်းရွေ့ခံရသည့် စစ်တွေထောင်က အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ အကျပ်အတည်းကြုံ
လူ့အခွင့်အရေး သတင်း
1 min read
0

ပုသိမ်သို့ပြောင်းရွေ့ခံရသည့် စစ်တွေထောင်က အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ အကျပ်အတည်းကြုံ

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွေ့ခံလိုက်ရသည့် ရခိုင်ပြည် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူမရှိ၍ စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများဖြင့် ကြုံတွေ့နေရသည်ဟု မိသားစုဝင်များထံမှ သိရသည်။ ပြောင်းရွေ့ခံရသည့် အကျဉ်းသားများမှာ အကျဉ်းထောင်မှကျွေးသည်လောက်နှင့်သာ စားရသည့်အတွက် တစ်ခြားလိုအပ်ချက်များနှင့်ပတ်သက်၍ မည်သူ့ကိုမျှ အားကိုးစရာမရှိဘဲ ဖြစ်နေရသည်ဟု ပြောင်းရွေ့ခံ အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “ကျမ ရန်ကုန်မှာရှိနေတော့ ပုသိမ်ဘက်ကိုကူးပြီး အစ်ကိုဖြစ်သူကို ထောင်ဝင်စာသွားတွေ့ခဲ့တော့ အခြေနေတွေသိခဲ့ရတာပါ။ အကျဉ်းသားတစ်ယောက်အတွက် မိသားစုဝင်တွေရဲ့ ထောင်ဝင်စာတွေ့ဖို့ အခွင့်အရေးဟာ လိုအပ်တယ်ပေါ့နော်။ ကျမလည်း ကျမဝင်ငွေလေးနဲ့ ပုသိမ်နဲ့ရန်ကုန်ကို အကူးအပြောင်းအမြဲမလုပ်နိုင်ဘူး။ အခုထောင်ဝင်စာတွေ့နိုင်ဖို့ အခွင့်အရေးကမရှိတော့ သူတို့တွေအတွက် အစားအသောက်၊ ကျန်းမာရေးအပါဝင် တစ်ကိုယ်ရည်လိုအပ်ချက်တွေမှာ အခက်ခဲရှိကြတယ်လို့ သိခဲ့ရတယ်” ဟု ပြောသည်။

Continue Reading
ချင်းပြည် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမည်ဟု ချင်းညီနောင်ကြေညာ
စစ်ရေး သတင်း
1 min read
0

ချင်းပြည် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမည်ဟု ချင်းညီနောင်ကြေညာ

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

CNF/CNA ဦးဆောင်သော ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်တို့ကြောင့် ကွဲနေသော ချင်းပြည်ကို ပြန်လည်ပေါင်းစည်းရေးနှင့် ချင်းလူမျိုးများ သွေးစည်းညီညွတ်ရေးကို ကြိုးပမ်းမည်ဟု ချင်းညီနောင်က ကြေညာသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ပြည့်မြောက်ခဲ့သည့် “ချင်းညီနောင်” (၁) နှစ်ပြည့်အခမ်းအနားတွင် ချင်းညီနောင်အဖွဲ့ အတွင်းရေးမှူး R.LAKHER က ပြောဆိုခဲ့သည်။ “ချင်းမှာ နှစ်ဖွဲ့ကွဲနေတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ချင်းပြည်ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်တွင်း၊ ပြည်ပက အဖွဲ့အစည်း ၇ ခုလောက်နဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေတာမျိုး ရှိပါတယ်” ဟု ပြောသည်။ ချင်းညီနောင် CB သည် ရေရှည်တည်တံ့ခိုင်မြဲသော ချင်းပြည်ပြန်လည်ပေါင်းစည်းရေးနှင့် ချင်းလူမျိုးများသွေးစည်းညီညွှတ်ရေးကို လိုလားကြောင်းနှင့် ချင်းပြည် ငြိမ်းချမ်းရေး၊

Continue Reading
ငြိမ်းချမ်းရေးတွေ့ဆုံးဆွေးနွေးရန် မင်းအောင်လှိုင်လည်းခေါ် AA ကလည်းခေါ်
နိုင်ငံရေး သတင်း
1 min read
0

ငြိမ်းချမ်းရေးတွေ့ဆုံးဆွေးနွေးရန် မင်းအောင်လှိုင်လည်းခေါ် AA ကလည်းခေါ်

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ပဋိပက္ခများကို လျော့ချနိုင်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပေးပို့သည့် သဝဏ်လွှာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးရန် ထည့်သွင်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်ပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်ကြောင်း စစ်ခေါင်းဆောင်ကပြောဆိုထားသည်။ လတ်တလောတွင် စစ်ကောင်စီ အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် တွေ့ဆုံဆွေးနွေးမှုရှိနေပြီး နှစ်ဖက်ဆွေးနွေးချက်များကို နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြု မှတ်တမ်းတင်ထားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ ” တွေ့ဆုံဆွေးနွေးမှုတွေအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားပါတယ်။ ရှေ့ဆက်ပြီးလည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာပါ။ ဒီနေ့

Continue Reading
ရခိုင်စစ်ရှောင်များကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ပေးရန် လိုအပ်နေ
ဓါတ်ပုံသတင်း သတင်း
1 min read
0

ရခိုင်စစ်ရှောင်များကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ပေးရန် လိုအပ်နေ

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

ရခိုင်ပြည်အတွင်းက မွတ်ဆလင်များအပါအဝင် စစ်ဘေးရှောင်ပြည်သူများမှာ စစ်ပွဲကာလအတွင်း စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးများ ထိခိုက်နေ၍ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ULA/AA အစိုးရ၏ HDCO က ပြောသည်။ ULA/AA အစိုးရအဖွဲ့၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ရခိုင်ပြည်အတွင်း စစ်ရှောင်ပြည်သူ ၆ သိန်းကျော်ရှိကြောင်း ထုတ်ပြန်ထားပြီး ထိုစစ်ရှောင်များမှာ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့လျက် ရှိသည်ဟု ဆိုသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာလျက်ရှိသော စစ်ရှောင်ပြည်သူများကို HDCO က စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာပံ့ပိုးမှု ( Mental Health and Psychosocial Support) အစီအမံများကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်

Continue Reading
ဂွတိုက်ပွဲတွင် ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်သော စစ်ကောင်စီတပ်သား ၇၀၀ ကျော် သေဆုံးခဲ့
စစ်ရေး သတင်း
1 min read
0

ဂွတိုက်ပွဲတွင် ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်သော စစ်ကောင်စီတပ်သား ၇၀၀ ကျော် သေဆုံးခဲ့

ဒီဇင်ဘာ ၃၀ - ၂၀၂၄
0

အင်အား ၁၂၀၀ ကျော် ခုခံ တိုက်ခိုက်သော်လည်း AA ထံ ရှုံးနိမ့် ရခိုင်ပြည်အတွင်း ဂွမြို့နယ်ကို ပြန်လည် ရရှိရေး စစ်ကောင်စီအင်အား ၁၂၀၀ ကျော်ဖြင့် ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် ဂွမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တပ်ရင်းနှစ်ရင်းစလုံးအား AA က သိမ်းပိုက်ခဲ့သည်။ ဂွမြို့သို့ စစ်ကူလာသော တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း၊

Continue Reading
AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးတစ်ဦး ဖမ်းဆီးခံရ
နိုင်ငံရေး သတင်း
1 min read
0

AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးတစ်ဦး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၂၉ - ၂၀၂၄
0

အာရက္ခတပ်တော် AA ကို ထောက်ခံအားပေးပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသည်ဟုဆိုကာ အငြိမ်းစားရဲမှူး ဦးရွှေဇံကို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ဖမ်းဆီးသွားကြောင်း သိရသည်။ သာကေတမြို့နယ် အမှတ် (၇) အနောက်ရပ်ကွက် အောင်ချမ်းသာလမ်းက ၎င်း၏ နေအိမ်သို့ နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က စစ်သား၊ ရဲသား လုံခြုံရေးပူးပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက ပြောသည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အာရက္ခတပ်တော် AA ထောက်ခံသည့် စာသားများ ရေးသားကာ စစ်ကောင်စီအား ဆန့်ကျင်လှုံ့ဆောင်သည်ဟု စွပ်စွဲချက်ဖြင့် အငြိမ်းစား ရဲမှူး ဦးရွှေဇံကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ ဦးရွှေဇံအား ဖမ်းဆီးရန်

Continue Reading