စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တအောင်းဒေသမှာ နိုဝင်ဘာလအတွင်း အရပ်သား ၃၈ ဦးသေဆုံးပြီး ၇၀ ဦးဒဏ်ရာရ
အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းမြောက် တအောင်းဒေသမှာ ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၃၈ ဦးသေဆုံးခဲ့ရပြီး ၇၀ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နေအိမ် ၁၃၀ လုံး ထိခိုက်ပျက်စီးသွားကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁၆ ဦးသေဆုံးပြီး ဦးဇင်း နှစ်ပါး အပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅၇ လုံးနှင့် ကား ၈ စီး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ
မြေပုံမြို့နယ်မှာ မွတ်ဆလင်ဒုက္ခသည်များ အရေပြားရောဂါခံစားနေရ
ရခိုင်ပြည် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းမှာ ကလေး၊ လူကြီးမကျန် အရေပြားရောဂါဝေဒနာ ခံစားနေရကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။ ဒုက္ခသည်စခန်းမှာ မွတ်ဆလင်မိသားစု ၆၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော်ရှိပြီး စခန်းတစ်ခုလုံးနီးပါး အနည်းအများ ခန္ဓာကိုယ်ယားယံခြင်းနှင့် အဖုအထစ်များ ဖြစ်ပွားနေကြသည်ဟု ရောဂါဝေဒနာခံစားနေရသူ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။ “စခန်းတစ်ခုလုံး လူကြီး၊ လူငယ်မရွေး ဖြစ်နေတာပါ။ တစ်ခန္ဓာလုံးယားယံပြီး စဖြစ်တယ်။ ယားနာပျောက်ဆေးတွေ လိမ်းပေမယ့်လည်း မပျောက်ဘူး။ တချို့ဆို အနာဆိုးတွေအထိတောင် ဖြစ်နေကြပြီ။ ဖြစ်နေကြတာက တော်တော်ကြပါပြီ။ မိုးရာသီကတည်းက စဖြစ်နေကြတာ။ ပျောက်လည်းမပျောက်ဘဲ ပိုပိုဆိုးဝါးလာပါတယ်” ဟု ပြောသည်။ အရေပြားယားနားများမှာ ခြေ၊ လက်၊ မျက်နှာ အပါအဝင် ခန္ဓာကိုယ်အနှံ့အပြားတွင်
တောင်ကုတ်မှာ စစ်ကောင်စီ ဗုံးကြဲ၍ အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာ
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ခရိုင်ကျေးရွာကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ခရိုင်ကျေးရွာသည် တောင်ကုတ်မြို့ထဲ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် မြို့ပေါ်ဒေသခံများအပါအဝင် အခြားသော အရပ်သားပြည်သူများ စစ်ရှောင်နေကြသော ကျေးရွာလည်းဖြစ်သည်။ သတင်းအပြည့်အစုံကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိသူများထဲမှာ စိုးရိမ်ရသူများပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုများကို ခံယူနေရသည်ဟု သတင်းရင်းမြစ်များက ပြောဆိုကြသည်။
ထိုင်းရေလုပ်သားများကို ပစ်ခတ်ဖမ်းဆီးမှု စစ်ကောင်စီ သံအမတ်ကို ထိုင်းဝန်ကြီးချုပ် ဆင့်ခေါ်
(မြန်မာရေတပ်၏ လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆို) ထိုင်းငါးဖမ်းစက်လှေများကို မြန်မာစစ်သင်္ဘောက ပစ်ခတ်ဖမ်းဆီးကို ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က ကန့်ကွက်ပြောဆိုပြီး ရှင်းလင်းချက်ပေးရန် စစ်ကောင်စီ ထိုင်းသံအမတ်ကို ဆင့်ခေါ်တောင်းဆိုထားကြောင်း သိရသည်။ နိုတင်ဘာလ ၃၀ ရက်က မြန်မာစစ်သင်္ဘောများက ထိုင်းငါးဖမ်းစက်လှေများကို ပစ်ခတ်ဖမ်းဆီးစဉ် ထိုင်းရေလုပ်သား ၁ ဦးသေဆုံးကာ ၂ ဦးမှာ ဒဏ်ရာရရှိသွားကြောင်းနှင့် ၃၁ ဦးမှာ ဖမ််းဆီးခံထားရသည်။ ဖမ်းဆီးသွားသော ထိုင်းရေလုပ်သား ၃၁ ဦးထဲတွင် ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးပါပြီး ထိုင်းနိုင်ငံသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် စစ်ကောင်စီ သံအမတ်ကို ထိုင်းဝန်ကြီးချုပ်က တောင်းဆိုထားသည်။ မြန်မာစစ်သင်္ဘောများက မြန်မာ့ရေပိုင်နက်သို့
ရခိုင်က ကဏန်းများကို ဘင်္ဂလားဒေ့ရှ်တင်ပို့နေ၊ သို့သော် ဈေးကောင်းမရဟုဆို
တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လမ်းကြောင်းပိတ်ဆို့မှုများကြောင့် ယခင်က တရုတ်သို့ တင်ပို့နေသည့် ရခိုင်ပြည်က ကဏန်းများကို လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်လကျော်ကစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တင်ပို့နေသော်လည်း ဈေးနှိမ်ခံရ၍ တရုတ်ကဲ့သို့ ဈေးကောင်းမရရှိကြောင်း ကဏန်းအရောင်းအဝယ်လုပ်သူများက ပြောသည်။ လက်ရှိ ကဏန်းပေါက်စျေးမှာ တစ်ကီလိုကို ကျပ် ၅၀၀၀ ခန့်သာရရှိပြီး စျေးအလွန်နည်းကြောင်း ကဏန်းအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။ “အရင် တရုတ်ဘက်ကို တင်ပို့တယ်။ အဲ့ဒီတုန်းက တစ်ကီလို ၂ သောင်းကျော်လောက် အေးဆေးရတယ်။ အခု ဘင်္ဂလဘဖက်ကိုပဲ ပို့လို့အဆင်ပြေတော့ အဲ့ဘက်ကိုပဲ ပို့နေရတာ။ စျေးက မကောင်းဘူး။ တစ်ကီလို ၅၀၀၀ ပဲ ပေးတယ်။