၂၀၂၅ မတ်လကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း စစ်ကောင်စီ ထုတ်ပြန်
နိုင်ငံအနှံ့တိုက်ပွဲပြင်းထန်နေချိန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။ လာမည့် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပပြုလုပ်သွားမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒ စသည့် ဘာသာရပ်များကို အစဉ်လိုက်အတိုင်း ဖြေဆိုရမည်ဖြစ်ပြီး အချိန်က နံနက် ၉ နာရီမှ ၁၂ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက်
ရခိုင်မှာ မြို့အားလုံးနီးပါး ဖုန်းလိုင်း ထပ်မံပြတ်တောက်
(ယခု ဖုန်းလိုင်းပြတ်တောက်မှု လကြာရှည်ပြတ်တောက်နိုင်) ရခိုင်တွင် တပြည်နယ်လုံး အတိုင်းအတာအနေဖြင့် မြို့အားလုံးနီးပါးတွင် မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေမှု သီတင်း ၂ ပတ်ကျော်ခန့်အကြာရှိလာနေပြီဖြစ်ရာ ကာလကြာရှည်စွာ ဖုန်းလိုင်းပြတ်တောင်မည်ကို ပြည်သူများစိုးရိမ်လျှက်ရှိနေကြကြောင်း သိရသည်။ မိုဘိုင်းဖုန်းလိုင်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအချိန်မှစ၍ ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်တွေမြို့နှင့် ဂွမြို့နယ်ဘက်၊ စစ်တွေကမ်းနှင့်နီးသည့် ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာအချို့မှလွဲလျှင် တပြည်နယ်လုံးနီးပါး ပြတ်တောက်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ ဖုန်းလိုင်းပြတ်တောက်နေမှုမှာ သီတင်း ၂ ပတ်ကျော်အကြာခန့်ရှိလာသည်နှင့်အမျှ ဒေသနေပြည်သူများမှာ အခက်ခဲများစွာဖြင့်ကြုံလျှက် ရှိနေကြရသည်။ မြေပုံမြို့နယ်မှ ဒေသခံတစ်ဦးက ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် ဖြစ်ပေါ်နေသည့် အခက်ခဲများနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။ “ဖုန်းလိုင်းမရတော့ အစစအရာရာ အခက်ခဲပေါ့။ ဘယ်သွားသွား ဘာလုပ်လုပ် အဆက်သွယ်ပြတ်နေတော့
မြေပုံက မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အဟာရချို့တဲ့၍ သေဆုံးသူ အမျိုးသမီး ၃ ဦးထိရှိလာ
ရခိုင်ပြည် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အဟာရချို့တဲ့မှုကြောင့် သေဆုံးသူ အမျိုးသမီး ၃ ဦးထိရှိလာကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ သေဆုံးမှုမှာ ပြီးခဲ့သည့် စက်တင်ဘာလထဲက ၂ ဦးနှင့် နိုဝင်ဘာလထဲက ၁ ဦးတို့ဖြစ်ပြီး စက်တင်ဘာလအတွင်းသေဆုံးသူ ၂ ဦးမှာ အသက် ၆၀ အရွယ်ရှိ ယော်နီဆာဆိုသူအမျိုးသမီးနှင့် အသက် ၅၀ ကျော်အရွယ်ရှိ ဒါဟိိုင်မာဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့က သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်သည်။ သေဆုံးသူ ၃ ဦးလုံးမှာ စခန်းတွင် အနွမ်းပါးဆုံးအုပ်စုထဲမှဖြစ်ကြပြီး စခန်းတွင် ထောက်ပံ့မှုမရကြသည့်နောက်ပိုင်း စားနပ်ရိက္ခာ ကျပ်တည်းကြရာမှ အဟာရချို့တဲ့ကာ သေဆုံးကြရခြင်းဖြစ်သည်ဟု စခန်းမှာ တာဝန်ရှိအမျိုးသမီးတစ်ဦးက
စစ်အုပ်ချုပ်ရေးကြေညာချက်ကြောင့် တောင်ကိုရီးယားသမ္မတ ရာထူးကချက်ချင်း နုတ်ထွက်ရန် အတိုက်အခံပါတီ တောင်းဆို
စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် တောင်ကိုရီးယားသမ္မတ Yoon Suk Yeol သမ္မတရာထူးက ချင်းချင်းနုတ်ထွက်သွားရန် အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီ DP က တောင်းဆိုလိုက်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် ညနေက တောင်ကိုရီးယားသမ္မတမှာ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော်လည်း အမျိုးသားလွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ကာ စစ်အုပ်ချုပ်ရေးပယ်ဖျက်ခဲ့ပြီးနောက် သမ္မတကလည်း စစ်အုပ်ချုပ်ရေးကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ထိုကြောင့် လက်ရှိ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol အနေဖြင့် ကိုယ်ပိုင်ဆန္ဒ နုတ်ထွက်ခြင်းမပြုပါက စွပ်စွဲပြစ်တင်ခြင်းလုပ်ငန်းစဉ်များကို ချက်ချင်းစတင်ဆောင်ရွက်သွားမည်ဟု အတိုက်အခံပါတီ DP ဖက်က သဘောထားထုတ်ပြန်ထားသည်။ Yoon ၏ စစ်အုပ်ချုပ်ရေးကြေညာမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းဖြစ်သည်” ဟု DP
အင်အား အများအပြားဖြင့် စစ်ကောင်စီတပ်သားများ စစ်တွေနှင့် ကျောက်ဖြူသို့ စစ်သင်္ဘောဖြင့် ထွက်ခွာလာ
လက်နက်ခဲယမ်းအပါအဝင် စက်သုံးဆီ၊ စားသောက်ကုန်များနှင့် စစ်မှုထမ်း တပ်သားသစ်အများအပြားဖြင့် ရန်ကုန်၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းမှ ရခိုင်သို့ စစ်တပ် ထောက်ပို့ရေယာဉ် ၁ စီး ထွက်ခွာလာကြောင်း ခိုင်လုံသော သတင်းရင်းမြစ်အရ သိရသည်။ အဆိုပါရေယာဉ်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း (ခေါ်) The Myanmar Terminal-TMT ဆိပ်ကမ်းမှ ကျောက်ဖြူ (သို့မဟုတ်) စစ်တွေသို့ ဦးတည် ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ ရေတပ် ထောက်ပို့ရေယာဉ် ပြည်တော်အေး (၃) သင်္ဘောသည် လက်နက်ခဲယမ်း၊ စက်သုံးဆီ၊ စားသောက်ကုန်များ အပါအဝင် စစ်မှုထမ်း တပ်သားသစ်များနှင့်
စီမံကိန်းသစ်များကို ခွင့်ပြုရာတွင် မိမိတို့ တာဝန်ယူသည့်ကာလအတွင်း ပြီးပြတ်နိုင်မည့် စီမံကိန်းများကိုသာ ခွင့်ပြုမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံအတွင်း စီမံကိန်းအသစ်များ ဖော်ဆောင်ရာတွင် မူနှင့် သဘောတူညီချက် ရယူရန်လိုအပ်ခြင်းကို ချပြပြောဆိုလာသည်။ ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည့် စစ်ကောင်စီ၏အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံအတွင်း စီမံကိန်းအသစ်များ ဖော်ဆောင်မည်ဆိုပါက သဘောတူညီချက် ရယူရမည်ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။ “မိမိတို့ တာဝန်ယူသည့် ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်မည့် စီမံကိန်းများကိုသာ ဆောင်ရွက်ကြစေလိုပြီး လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန်လည်း တာဝန်ယူရန် လိုကြောင်း” ဟု ပြောဆိုခဲ့သည်။ အကျိုးရှိမည့် စီမံကိန်းများကိုသာ ခွင့်ပြုပေးမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မည့် စီမံကိန်းများကိုသာ ခွင့်ပြုပေးမည်ဟု မင်းအောင်လှိုင်က ဆိုသည်။ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်ရသည့် ဝန်ကြီးဌာနများမှာလည်း အကျိုးအမြတ်ကို