ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ငါးဖမ်းခွင့်ပိတ်ပင်ထား
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ငါးဖမ်းခွင့်ပိတ်ပင်ထားကြောင်း ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များက ပြောသည်။ ငါးဖမ်းခွင့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးတသီတင်းပတ်အတွင်းကနေ စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ရှောင်များမှာ အခက်တွေ့နေကြရကြောင်း ဂွမြို့ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။ “ကျနော်တို့ ငါးဖမ်း မဆင်းရဘူး။ ဒီမှာက ဧည့်သည်တွေကိုပဲ သပ်သပ် မဆင်းခိုင်းတာ။ ဒီမှာ ဧည့်သည်တွေကလည်း အကုန် ရခိုင်တွေပဲ။ ကျနော်တို့ ဒီဘက်ကို ငါးဖမ်းလှေတွေကိုယ်စီနဲ့ စစ်ရှောင်လာကြတာ။ အခု ငါးမဖမ်းရတော့ စားဝတ်နေရေး အရမ်းခက်ခဲနေကြတယ်” ဟု ပြောသည်။ ပုသိမ်ခရိုင်ဘက်ကို ရခိုင်ပြည် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်မှ ဒေသခံများ အဓိက စစ်ရှောင်သွားခဲ့ကြခြင်းဖြစ်ပြီး စစ်ရှောင်အားလုံးနီးပါးမှာလည်း ငါးဖမ်းလုပ်ငန်းဖြင့်
မောင်တော နခခ ၅ ကို မသိမ်းနိုင်သည့် အကြောင်းအရင်း
တကျော့ပြန် ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်းမှာ မောင်တောမြို့သိမ်းတိုက်ပွဲက လနှင့်ချီကြာမြင့်လာကြောင်း သိရသည်။ မောင်တောမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလ ၁၆ ရက်နေ့ကတည်းက တောင်ပြိုမြို့ကတစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်လာသည်မှာ လက်ရှိတွင် မောင်တောမြို့ထဲသို့ ရောက်ရှိလာဖြစ်ပြီဖြစ်သည်။ မောင်တောမြို့နှင့်ကပ်လျှက်ရှိသည့် စစ်ကောင်စီ၏ မြို့စောင့်တပ်စခန်းဖြစ်သော နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကလွဲပြီး ကျန် တပ်ရင်းတပ်ဖွဲ့များနှင့် စစ်စခန်းများအားလုံးကို AA က သိမ်းပိုက်ထားပြီလည်းဖြစ်သည်။ နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကို သိမ်းပိုက်ရရှိပါက မောင်တောဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်နိုင်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို AA က ကိုင်တွယ်စီမံခွင့် ရရှိမည်ဖြစ်သည်။ နခခ ၅ ကို မသိမ်းနိုင်ရသည့်
အမ်း-ပဒါန်းလမ်းတွင် စစ်ကောင်စီ ရိက္ခာကား ၃ စီးကို မကွေး PRA တိုက်ခိုက်
မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမပေါ် စွန်တက်ရွာနှင့် လင်းတဲရွာကြားတွင် အင်အား ၅၀ ခန့်ပါဝင်သော စစ်ကောင်စီ၏ ရိက္ခာကား ၃ စီးကို ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် နေ့လယ် ၁ နာရီက ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မကွေး PRA တပ်က သတင်းထုတ်ပြန်သည်။ ၁၀ မိနစ်ကျော်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဖက်က တပ်သား ၉ သေဆုံးပြီး ရိက္ခာစစ်ကားနှစ်စီးလည်း ရှေ့ဆက်သွားမရဘဲ ပျက်စီးသွားကြောင်း PRA က ဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ငဖဲမြို့နယ် ဘုံးဘောကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၉၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်
အမ်းတိုက်ပွဲက ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၂ ဦးကို ဖမ်းဆီး
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့က ဖမ်းဆီးခဲ့သည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA) နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒီဇင်ဘာလ ၄ ရက်က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သားများထံမှ Laptop တစ်လုံး, Phone တစ်လုံး, MA-1 တစ်လက်, MA-3 တစ်လက် (5.56 ကျည် ၂၃ တောင့်)၊ Type-81 တစ်လက်
စစ်ကောင်စီ ဗုံးကြဲ၍ တောင်ကုတ်မြို့မဈေး ပျက်စီး
ရခိုင်ပြည် တောင်ကုတ်မြို့မဈေးကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်၍ ဈေးတစ်ခုလုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။ ဒီဇင်ဘာလ ၃ ရက် ည ၈ နာရီခန့်တွင် စစ်ကောင်စီ လေကြောင်းက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးထက်မနည်း တိုက်ခိုက်ခဲ့၍ မြို့မဈေးမှာ ရစရာမရှိအောင် ပျက်စီးသွားခြင်းဖြစ်သည်။ တောင်ကုတ်မြို့မဈေးမှာ ဈေးဆိုင်ခန်းပေါင်း ၆၀ ခန့်ရှိပြီး ဈေးဆိုင်းခန်းအားလုံးမှာ ပျက်စီးသွားကြောင်းနှင့် ညဈေးတန်းလည်း ဗုံးကြဲတိုက်ခိုက်ခံရ၍ ဆိုင်ခန်းပေါင်း ၂၀ ကျော် ပျက်စီးသွားသည်။ ယင်းအပြင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ တောင်ကုတ်မြို့ထဲက လူနေအိမ်အများစုမှာလည်း ပျက်စီးသွားပြီး အထူးသဖြင့် ဂူတာရပ်ကွက်၊ လျှပ်စစ်လမ်းနှင့် သိမ်တောင်ရပ်ကွက်တို့တွင် အပျက်အစီးများကြောင်း သိရသည်။